ရန်ကုန်၊ အောက်တိုဘာ (၂၅)

ကျောင်းသားတွေနဲ့ ဆရာတွေအပေါ် ကျူးလွန်ခဲ့တဲ့ စစ်ကောင်စီရဲ့ ကြမ်းကြုတ်မှုတွေအတွက် တာဝန်ခံမှုရှိအောင် ကုလသမဂ္ဂနဲ့ အာဆီယံအဖွဲ့တို့က ဆောင်ရွက်ပေးဖို့နဲ့ လုံခြုံရေးကောင်စီဘက်က စစ်ကောင် စီကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ အကြံပေးကောင်စီ(SAC-M) က တောင်းဆိုလိုက်ပါတယ်။

စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကျောင်းဆရာတစ်ဦးကို ခေါင်းဖြတ်သတ်ဖြတ်ခဲ့မှုဟာ နိုင်ငံတကာဆိုင်ရာ ဥပဒေအပြင် မြန်မာနိုင်ငံမှာရှိတဲ့ ဥပဒေပြဌာန်းချက်တွေနဲ့ မလျောညီဘဲ အကြမ်းဖက်လုပ်ရပ်ဖြစ်တယ်လို့ (SAC-M) က ဆိုပါတယ်။

ဒါ့အပြင် စာသင်ကျောင်းတွေအပေါ် စစ်ကောင်စီရဲ့ တိုက်ခိုက်မှုဟာ ကုလသမဂ္ဂ ကလေးသူငယ်အခွင့် အရေးကွန်ဗင်းရှင်းကို ချိုးဖောက်တာ ဖြစ်သလို စစ်အုပ်စုဟာ ပြည်သူလူထုတွေ အကြောက်တရားဖြစ်အောင် အဆုံးစွန်ဆုံး နည်းလမ်းတွေကို အသုံးပြုလာတယ်လို့ SAC-M က ပြောပါတယ်။

နိုင်ငံရေးလေ့သာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ လုံခြုံရေးကောင်စီမှာ ဗီဒိုအာဏာ ကျင့်သုံးနိုင်တဲ့ ရုရှားနဲ့ တရုတ်နိုင်ငံတို့ ရှိနေတဲ့အတွက် စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အဖြစ် ဆုံးဖြတ်ချက် ချနိုင်မှာ မဟုတ်ဘူးလို့ သုံးသပ်တာပါ။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာလူထုတွေကို အကာအကွယ်ပေးဖို့၊ စစ်ကောင်စီကို လက် နက်ရောင်းချတာတွေ တားမြစ်ပိတ်ပင်ဖို့၊ ငွေကြေးနဲ့စီးပွားရေးဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေကို ပြုလုပ်ဖို့အပြင် မြန်မာ့ပြဿနာကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICC) ကို လွှဲပြောင်းပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ အကြံပေးကောင်စီ(SAC-M) က တိုက်တွန်းပါတယ်။

အာဆီယံအဖွဲ့ကလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တရားဝင် ဆက်ဆံဖို့ လိုအပ်နေပြီး NUG သံအမတ် ဦးကျော်မိုးထွန်းကိုလည်း ကုလသမဂ္ဂ အဖွဲ့အစည်းတွေမှာ မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုဖို့ SAC-M က ကုလသမဂ္ဂ အထွေထွေညီလာခံကို တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အကြံပေးကောင်စီ(SAC-M) ကို မလေးရှားနိုင်ငံမှာ ဖွဲ့စည်းထားတာ ဖြစ်ပြီး စစ်တပ် အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေ၊ ရာဇဝတ်မှုတွေနဲ့ မြန်မာနိုင်ငံအတွက် တိကျတဲ့ ဆုံးဖြတ်ချတွေ ချမှတ်နိုင်ဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း တစ်ခုလည်း ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.