ကော့ကရိတ် – အောက်တိုဘာ(၂၁)

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် တိုက်ပွဲမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု (၅၄) ကြိမ်နဲ့ အထက်တိုက်ခိုက်ပြီး ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် ပြည်သူအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ် လို့ ကျားဖြူစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဘက်က ၁၂၀(မမ)၊Missile အပါအဝင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နှုန်း (၁၂၀) ကျော် ကိုအရပ်သားပစ်မှတ်မရှောင် ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားအများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့တာလို့ သိရပါတယ်။

ဒါပေမယ့် တိုက်ပွဲမှာ တော်လှန်ရေးရဲဘော်တွေဘက်က တစုံတရာထိခိုက်ကျဆုံးမှုမရှိခဲ့ပေမယ့် Drone တစင်း ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒီနေ့ မနက် (၇) နာရီခွဲဝန်းကျင်က စတင်ခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၀)ကျော် သေဆုံး နိုင်ပြီးဒဏ်ရာရရှိသူ ပိုမိုများပြားလာနိုင်တယ်လို့ ဆိုထားတာပါ။

လက်ရှိအချိန်ထိ ကေ့ာကရိတ်ဝန်းကျင် နယ်မြေအားလုံးကို တော်လှန်ရေးအဖွဲ့တွေက စိုးမိုးထားနိုင်တဲ့ အခြေအနေမှာရှိနေပြီး ကော့ကရိတ်အချုပ်ထောင်မှာရှိတဲ့ အချုပ်ကျရာဇဝတ်သားတွေကို တော့ မလွှတ်ပေးသေးဘူးလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ကော့ကရိတ်တိုက်ပွဲကို KTLA စစ်ဗျူဟာမှူးဦးစီးပြီး Lion Battalion ဗျူဟာစစ်ကြောင်း(KTLA)၊ ကျားဖြူစစ်ကြောင်း၊နဂါးဖြူစစ်ကြောင်း၊Eagle Brigade၊ Black Panther Colum၊KNLA တပ်ရင်း (၁၈)နဲ့ Federal Wings တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.