October 21, 2022

ကလေးငယ် ၉၉ဦးသေဆုံးပြီးနောက် အင်ဒိုနီးရှားမှာ ချောင်းဆိုးပျောက်ဆေး ရောင်းချမှုအားလုံးကို ပိတ်ပင်

ဂျာကာတာ၊ အောက်တိုဘာ (၂၁) အင်ဒိုနီးရှားမှာ ကလေးငယ် ၉၉ဦးဟာ အိန္ဒိယထုတ် ချောင်းဆိုးပျောက်ဆေးရည် သောက်သုံးခဲ့မိပြီး ကျောက်ကပ်ပျက်မှုဖြစ် ပွားပြီး သေဆုံးခဲ့ရတဲ့ အတွက် ချောင်းဆိုးပျောက်ဆေးရောင်းချမှု အားလုံးကို အစိုးရက ပိတ်ပင်လိုက်ပါတယ်။ နိုင်ငံရဲ့ ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ (၁၉) ရက်နေ့က ထုတ်ပြန်ကြေညာခဲ့တဲ့ တားမြစ်ချက်မှာတော့ အဆိပ်အ တောက်ဖြစ်စေပြီး မှတ်ပုံမတင်ထားတဲ့ ဆေးရည်တွေကို စုံစမ်းစစ်ဆေးမှုတွေ ပြီး‌မြောက်တဲ့…

ထိုင်ဝမ်နဲ့ ပူးတွဲလက်နက်ထုတ်လုပ်ဖို့ အမေရိကန် အစိုးရ စဉ်းစားနေ

ဝါရှင်တန် – အောက်တိုဘာ(၂၁) တရုတ်နိုင်ငံကို ဟန့်တားဖို့နဲ့ လက်နက်လွှဲပြောင်းမှု အရှိန်မြှင့်နိုင်မယ့် ပဏမခြေလှမ်းအဖြစ် ထိုင်ဝမ်နဲ့ လက်နက်ပူးပေါင်းထုတ်လုပ်မယ့်အစီအစဉ်ကို အမေရိကန်အစိုးရက စဉ်းစားနေတယ် လို့ စီးပွားရေးဆိုင်ရာစည်းရုံးရေးမှူးဖြစ်ဦးက ပြောခဲ့ပါတယ်။ ထိုင်ဝမ်ကို တရုတ်က သူတို့ရဲ့ပိုင်နက်နယ်မြေအဖြစ်ဆိုကာ စစ်ရေးအရဖိအားပေးတာတွေလုပ် ဆောင်နေတဲ့အတွက် ထိုင်ဝမ်ကို လက်နက်ရောင်းချမှုအဖြစ် အမေရိကန်ဒေါ်လာ ဘီလျံ(၂၀) ကျော်ကို ၂၀၁၇ ခုနှစ်တည်းက အမေရိကန်သမ္မတတွေက အတည်ပြုခဲ့ကြတာပါ။ ဒါပေမယ့်…

မလေးရှား ရွေးကောက်ပွဲ နိုဝင်ဘာ ၁၉မှာ ကျင်းပမယ်

ကွာလာလမ်ပူ၊ အောက်တိုဘာ (၂၁) မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၁၉ ရက်နေ့မှာကျင်းပ သွားမှာဖြစ်တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာလိုက်ပါတယ်။ ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို နိုဝင်ဘာလ ၅ ရက်နေ့ နောက်ဆုံးထားတင်ရမှာ ဖြစ်ပြီး မဲဆွယ်စည်းရုံးကာလကို ၁၄ ရက်ကြာ သတ်မှတ်ထားတယ်လို့လည်း မလေးရှားနိုင်ငံ ရွေးကောက်ပွဲကော်မရှင်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ယာယီ ဝန်ကြီးချုပ်ဟာ…

ကော့ကရိတ်မြို့ အချုပ်ထောင်ကို ဖွင့်ပေးလိုက်ပြီး အချုပ်သားတွေက စစ်ကောင်စီကိုပူးပေါင်းတိုက်ခိုက်နေတယ်လို့ တော်လှန်ရေးအဖွဲ့ အသိပေး

ကော့ကရိတ် – အောက်တိုဘာ(၂၁) ကရင်ပြည်နယ် ကော့ကရိတ်မြို့သိမ်းတိုက်ပွဲမှာ ကော့ကရိတ်ရဲစခန်းအချုပ်ထောင်ကိုဖွင့်ပေး လိုက်ပြီး အချုပ်သားတွေကို လွှတ်ပေးလိုက်တယ်လို့ ကျားဖြူတပ်ခွဲ-၁ သတင်းနဲ့ ပြန်ကြားရေးက တရားဝင် ထုတ်ပြန်လာပါတယ်။ ဒီနေ့မနက်အစောပိုင်းက ကော့ကရိတ်မြို့နယ်မှာ ကော်သူးလေ Army က Lion Battalion၊ KNLA ပူးပေါင်းတပ်၊ နဂါးဖြူ စစ်ကြောင်း၊ Eagle Brigades Federal Wings၊ ကျားဖြူစစ်ကြောင်း…

အင်းစိန်ထောင်ဖြစ်စဉ်မှာ သေဆုံးခဲ့ရတဲ့ ကိုဂျိမ်းမိခင် ရဲ့ ဈာပန

ရန်ကုန် – အောက်တိုဘာ(၂၁) စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခံထားရတဲ့ သားဖြစ်သူဆီကို ထောင်ဝင်စာသွားတွေ့တဲ့ အချိန်မှာ အင်စိန်ထောင်ပါဆယ်ပို့တဲ့ဌာနမှာ ပေါက်ကွဲမှုကြောင့် စစ်ကောင်စီရဲ့ ရမ်းသမ်းပစ်ခတ်ခံရပြီး သေဆုံးခဲ့ရတဲ့ ဗကသ ကျောင်းသားဟောင်း ကိုလင်းထက်နိုင်(ခ) ကိုဂျိမ်းရဲ့ မိခင် ဒေါ်ကြီးမြင့် ရဲ့ ဈာပနအခမ်းအနားကို ဒီနေ့ ကျီစုသုသာန်မှာ ကျင်းပခဲ့ပါတယ်။ ပုဒ်မ၅၀၅(က) နဲ့ အမူရင်ဆိုင်နေရတဲ့ ကိုလင်းထက်နိုင်(ခ) ကိုဂျိန်းဟာ သူ့မိခင်ရဲ့ဈာပနအခမ်းအနား…

ကော့ကရိတ်မြို့မှာ တိုက်ပွဲ ပြင်းထန်နေ၊ အရပ်သား ထိခိုက်သေဆုံးတာတွေ ရှိနေ

ကော့ကရိတ်၊ အောက်တိုဘာ ၂၁ ကရင်ပြည်နယ် ကော့ကရိတ်မြို့အနီးမှာ ဒီကနေ့ မနက်ပိုင်းက တိုက်ပွဲတွေဖြစ်ပွားနေပြီး မြို့တွင်းမှာလည်း လက်နက်ကြီးကျရောက်ပေါက်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးတာတွေ ရှိနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကော့ကရိတ်မြို့နယ်မှာ မနေ့ညပိုင်းကစပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့သလို လေယာဉ်တွေလည်း လာရောက်ပျံဝဲတာတွေရှိနေသလို ဒီကနေ့ အောက်တိုဘာ (၂၁)ရက်နေ့ မနက်ပိုင်းမှာတော့ မြို့တွင်းထဲမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲမှု ရှိနေတာဖြစ်ပါတယ်။…

မွန်ပြည်နယ်မှာ ကြက်သွန်နီဈေးနှုန်း ဆက်လက် မြင့်တက်လာ

မော်လမြိုင်၊ အောက်တိုဘာ (၂၁) မွန်ပြည်နယ်မှာ အနယ်နယ် အရပ်ရပ်က ကြက်သွန်နီ ဝင်ရောက်မှု သိသိသာသာ ကျဆင်းလာတာ၊ ဈေးကွက်အတွင်း လက်ကျန်ပစ္စည်း နည်းပါးနေတဲ့အတွက် ကြက်သွန်နီဈေးနှုန်း ဆက်လက် မြင့်တက်လာတယ်လို့ ပွဲရုံလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကြက်သွန်နီဈေးနှုန်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ပထမအပတ်က တစ်ပိဿာ ကျပ် ၃၀၀၀ လောက်သာ ရှိရာကနေ အောက်တိုဘာ ၂၀…

စစ်အာဏာသိမ်း (၆၂၇) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၃၇၆ ဦး အထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ (၂၁) AAPP ရဲ့ အောက်တိုဘာလ (၂၀) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၆၂၇)ရက်အတွင်း ပြည်သူ (၂၃၇၆)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၅၉၀၆ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည် လွတ်မြောက်လာသူကတော့ (၃၁၇၉) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့်…

KNU တပ်မဟာ(၆)မှာ ထွက်ပြေးနေရတဲ့ စစ်ရှောင်ပြည်သူ တစ်သိန်းနီးပါးအထိ ရှိလာ

မြဝတီ၊ အောက်တိုဘာ (၂၁) ကရင်အမျိုးသားအစည်းအရုံး KNU ဒူးပလာယာခရိုင် တပ်မဟာ(၆)ထိန်းချုပ်နယ်မြေထဲမှာ စစ်ကောင် စီတပ်က စစ်ကြောင်းထိုးစစ်ရေးဝင်ရောက်လှုပ်ရှားပြီး လူ့အခွင့်အရေးချိုးဖောက်လုပ်ဆောင်မှုတွေကြောင့် ခရိုင်တစ်ခုလုံးအတွင်း ထွက်ပြေးတိမ်းရှောင်နေရတဲ့သူဦးရေ တစ်သိန်း နီးပါးအထိ ရှိလာပြီဖြစ်တယ်လို့ KNU ပြောခွင့်ရက သံလွင်တိုင်းမ်ကို ပြောပါတယ်။ KNU တပ်မဟာ(၆)နယ်မြေဖြစ်တဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မြဝတီမြို့နယ်ရဲ့ တောင်ဘက်ခြမ်း လေးကေကော် ဖလူး တောင်နီဒေသ၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမမှာ…