ဝါရှင်တန်၊ အောက်တိုဘာ (၂၀)

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ အခုနှစ်ကုန်မှာ နိုင်ငံရဲ့ အရေးပေါ်ရေနံသိုလှောင်မှုက ရေနံတွေကို ရောင်းချမယ့် အစီအ စဉ်ကို ဗုဒ္ဓဟူးနေ့မှာ  ကြေညာမှာဖြစ်ပြီး  ဈေးနှုန်းကျဆင်းတဲ့အခါ သိုလှောင်မှုတွေ ပြန်လည်ဖြည့်သွင်းပေးဖို့ ဗျူဟာပါ အသေး စိတ်ပါရှိတယ်လို့  အမေရိကန်ရဲ့ အကြီးတန်းအုပ်ချုပ်ရေး အရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။

အဲဒီ အစီအစဉ်ဟာ  စားသုံးသူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ထိခိုက်နစ်နာစေမယ့် ရေနံဈေးနှုန်းတွေ မြင့်တက်ခြင်းမှ ကာ ကွယ်ဖို့ လုံလောက်တဲ့ ထောက်ပံ့မှုဖြစ်ဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

ဈေးနှုန်းတွေ ကျဆင်းလာပါက အစိုးရက ဝယ်ယူသူအဖြစ် ဈေးကွက်ထဲသို့ တရှိန်ထိုး ဝင်ရောက်သွားဖို့ ရည်ရွယ်တယ်လို့ လည်း သိရပါတယ်။

ဘိုင်ဒင်ဟာ အမေရိကန် ရေနံဈေးကွက်ကို ဟန်ချက်ညီစေဖို့ ဖက်ဒရယ်အာဏာကို အသုံးပြုပြီး ကြိုးပမ်းနေတာ ဖြစ်ပြီး ယူကရိန်းမှာ  ပဋိပက္ခများနှင့် ငွေကြေးဖောင်းပွမှု ဘယ်လောက်ရှိတာကို အလေးအနက်ပြုတဲ့ သမ္မတတစ်ဦးအဖြစ် ပြန်လည် ပုံဖော်နေတာ ဖြစ်ပါတယ်။

ကွန်ဂရက်လွှတ်တော်ကို ဆက်ထိန်းထားဖို့မျှော်လင့်နေတဲ့ ဘိုင်ဒင်ရဲ့အပေါင်းအပါ ဒီမိုကရက်တစ်ပါတီကတော့ နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်မီ ငွေကြေးဖောင်းပွမှုကို ဆက်လက်ထိန်းထားဖို့ အစိုးရအဖွဲ့ရဲ့ ဆန္ဒကိုလည်း ပြသထား ပါတယ်။

အခုနှစ်အစောပိုင်းက ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲခဲ့တဲ့ ရေနံကြွယ်ဝတဲ့ ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေကြောင့် ဖြစ် ပေါ်လာနိုင်တဲ့ ထောက်ပံ့ရေးအကျပ်အတည်းကို မဟာဗျူဟာမြောက် ဖြေရှင်းဖို့ ရေနံအရန် စည်ပေါင်း သန်း (၁၈၀) ကို ရောင်းချဖို့ ဘိုင်ဒင်က ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

နိုဝင်ဘာလမှာ အဲဒီရောင်းချမှုကို အဆုံးသတ်ရမှာဖြစ်ပေမယ့်လည်း ကနဦးအစီအစဉ်ဖြစ်တဲ့  နွေရာသီတွင်း ဝယ်ယူမှုမှာ မျှော်လင့်ထားတာထက် နှေးကွေးခဲ့ပြီး စည်ပေါင်း (၁၅) သန်းခန့် ဟာ ရောင်းချဖို့ ကျန်နေဆဲဖြစ်ပါတယ်။

 ကျန်ရေနံတွေကိုတော့ ဒီဇင်ဘာလမှာ လေလံဆွဲနိုင်ဖို့ လုပ်ဆောင်မှာဖြစ်ပြီး လိုအပ်ပါက အပိုဆီတွေလည်း ရောင်းပေးသွား မယ်လို့ ပြောကြားခဲ့တာပါ။

“အခြေအနေတွေ လိုအပ်ရင် ကျွန်တော်တို့ ပြင်ဆင်မှာပါ” လို့ အကြီးတန်း အုပ်ချုပ်ရေး အရာရှိက ဆက်လက် ပြောကြားခဲ့ပြီး အမေရိကန်ပြည်ထောင်စုရှိ ပုဂ္ဂလိက အခန်းကဏ္ဍကို အချက်နှစ်ချက်လုပ်ပေးဖို့ တောင်းဆိုမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.