မော်လမြိုင် – အောက်တိုဘာ(၁၁)

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ တစ်နေရာမှ အနိုင်မရရှိခဲ့တဲ့ သူရဦးရွှေမန်းရဲ့ ပြည်ထောင်စု ကောင်းကျိုး ဆောင်ပါတီ(UBP) ကို ဖျက်သိမ်းဖို့အတွက် လုပ်ငန်းတွေ စတင်ဆောင်ရွက် နေပြီလို့ ပါတီနဲ့ နီးစပ် သူတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။

သူရဦးရွှေမန်း လွှတ်တော်ဥက္ကဋ္ဌတာဝန်ထမ်းဆောင်နေချိန်မှာ သမ္မတဟောင်းဦးသိန်းစိန် အုပ်စုနဲ့ တပ်ချုပ်တာဝန်ယူထားတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးကောင်းမွန်တဲ့ အတွက် ၂၀၁၅ ခုနှစ် ဩဂုတ်လ(၁၂) ရက်နေ့ သန်းခေါင်ယံ အာဏာ သိမ်းပွဲမှာ ကြံ့ခိုင်ရေးပါတီတွဲဖက်ဥက္ကဋ္ဌ ရာထူးကနေ အများသဘောဆန္ဒမပါဘဲ ထုတ်ပယ်ခံ ခဲ့ရတာဖြစ်ပါတယ်။

အဲ့ဒီနောက် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို ၂၀၁၉ ခုနှစ်ဧပြီလ(၂၅) ရက်နေ့မှာ အဖွဲ့ဝင်(၁၉) ဦးနဲ့ တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံပြည်ထောင်စုရွေကောက်ပွဲကော်မရှင်က တရားဝင် အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းတာဝန်ခံနဲ့ ပါတီဗဟိုအလုပ်အမှုဆောင်ဖြစ်သူ ဦးစောလှထွန်းကတော့ “ပါတီမှတ်ပုံ တင်ခြင်းကနေ ဖျက်သိမ်းဖို့ ဆောင်ရွက်နေပါပြီ” လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသား ထားပါတယ်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) ဟာ မြန်မာနိုင်ငံရဲ့ မြို့နယ်ပေါင်း (၃၃၀) ရှိတဲ့ အထဲက မြို့နယ်(၂၂၀) မှာ ပါတီရုံးခွဲတွေဖွင့်လှစ်နိုင်ခဲ့ပြီး ပါဝင်ဝင်အရေအတွက် (၅) သိန်းကျော် အထိရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဟာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်(၂၂၄) ဦး၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၄၄၀)ဦးနဲ့ ပြည်နယ်နဲ့ တိုင်းဒေသ ကြီးတွေအတွက် ကိုယ်စားလှယ်နေရာ စုစုပေါင်း(၈၈၀) နေရာတွေအတွက် ပါဝင် ယှဉ်ပြိုင်ခဲ့ပေမယ့် တစ်နေရာမှ အနိုင်ရခဲ့တာမရှိပါဘူး။

ပါတီကိုဘယ်လိုအခြေအနေတွေကြောင့် ဖျက်သိမ်းရတာလဲဆိုတာနဲ့ ပတ်သက်ပြီး ပြောရေး ဆိုခွင့်ရှိသူ ဒေါ်စုစုလှိုင်ကို သံလွင်တိုင်းမ်က အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – UBP ပါတီ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.