မော်လမြိုင်၊ အောက်တိုဘာ၊ (၁၁)ရက်
လီဗာပူးလ်အသင်းနဲ့ ကိုလံဘီယာ လက်ရွေးစင် တိုက်စစ်ကစားသမား လူးဝစ်ဒီယက်ဟာ အာဆင်နယ်အသင်းနဲ့ ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒူးဒဏ်ရာကြောင့် အနည်ဆုံး ၆ ပတ်ကနေ ၈ ပတ်လောက်ထိ အနားယူရတော့မှာ ဖြစ်ပါတယ်။
အသက် ၂၅ နှစ်အရွယ် လူးဝစ်ဒီယက်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ ပွဲစဉ်မှာ ပြင်းထန်တဲ့ ဒူးဒဏ်ရာရရှိခဲ့တာကြောင့် ပွဲချိန် ၄၂ မိနစ်မှာပဲ လူးစားလဲခဲ့ရတာပါ။
လူးဝစ်ဒီယက်ရဲ့ ဒူးဒဏ်ရာကို ဆေးစစ်မှု အဖြေအရ ခွဲစိတ်ကုသဖို့ မလိုအပ်ပေမယ့် ဒဏ်ရာပြင်းထန်တာကြောင့် ဒီဇင်ဘာလကုန်ပိုင်းအထိ အနားယူရမှာ ဖြစ်ပါတယ်။
လီဗာပူးလ်နည်းပြ ယာဂန်ကလော့ကလည်း လူးဝစ်ဒီယက်ရဲ့ ဒူးဒဏ်ရာဟာ အခြေအနေ မကောင်းပေမယ့် လာမယ့် ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ပရီးမီးယားလိဂ်ပြန်အစမှာ ပါဝင်ဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။
လူးဝစ်ဒီယက်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ ပေါ်တိုအသင်းကနေ လီဗာပူးလ်အသင်းထံ ပြောင်း ရွှေ့ လာခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ လူးဝစ်ဒီယက်ဟာ လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း ၃၈ ပွဲကစားပေးထားသလို သွင်းဂိုး ၁၀ ဂိုးထိ သွင်းယူပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်