မော်လမြိုင် – အောက်တိုဘာ(၁၁)

မြန်မာနိုင်ငံမှာစစ်တပ်ရဲ့ ကလေးငယ်တွေအပေါ်အကြမ်းဖက်နေတဲ့ လုပ်ရပ်တွေ၊လူ့အခွင့်အရေး ချိုးဖောက်နေမှုတွေကို စိုးရိမ်ပူပန်ကြောင်းနှုတ်နဲ့ ပြောတာနဲ့ ရပ်တန့်နိုင်မှာမဟုတ်ဘဲ စစ်တပ်ကို ချက်ချင်းအရေးယူနိုင်ဖို့ လုပ်ဆောင်သင့်တယ်လို့ သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောပါတယ်။

(၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီရဲ့ ကလေးသူငယ်များအခွင့် အရေး ဘာသာရပ်ခေါင်းစဉ်နဲ့ ဆွေးနွေးချိန်မှာ သံအမတ်ကြီးက အခုလိုပြောဆိုခဲ့တာပါ။

“မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်တပ်ရဲ့ ကလေးငယ်တွေအပေါ်အကြမ်းဖက်နေတဲ့ လုပ်ရပ်တွေ၊ လူ့အ ခွင့်အရေးချိုးဖောက်နေမှု တွေကို စိုးရိမ်ပူပန်ကြောင်း နှုတ်နဲ့ ပြောြကားတာနဲ့ ရပ်တန့်နိုင်မှာ မဟုတ် ဘူးဆိုတာနဲ့ အကြမ်းဖက်စစ်တပ်ကို ချက်ချင်းအရေး ယူနိုင်ဖို့အတွက်က အမျိုးသားညီညွတ် ရေး အစိုးရကို အသိအမှတ်ပြုတာအပါအဝင် ပိုမိုထင်ရှားတဲ့ ခြေလှမ်းတွေကို ဆောင်ရွက် ဖို့ လိုတယ်” လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရက ကလေးငယ်တွေရဲ့ ရပိုင်ခွင့်၊ အသက်မပြည့်သေးသူ တွေ ကို ကာကွယ်စောင့်ရှောက်တာတွေ၊ ဆန္ဒပြပွဲတွေမှာ အသက်သေဆုံးတာ၊ ဒဏ်ရာရရှိတဲ့ ကလေး ငယ် တွေကို အကူအညီပေးတာ၊ အကျဉ်းထောင်အတွင်း နဲ့ ပုန်းအောင်းနေရတဲ့ အမျိုးသမီးတွေ လူငယ် တွေ၊ ကလေးငယ်တွေအတွက် ဥပဒေနဲ့ ငွေကြေးဆိုင်ရာ ထောက်ပံ့မှုတွေ ပေးတာ၊ ကလေးသူငယ် အခွင့်အရေးတွေအပါအဝင် အခြေခံအခွင့်အရေးတွေနဲ့ ပတ်သက်ပြီး အကူအညီပေးတာတွေလုပ် ဆောင်နေတယ်လို့ သူက ပြောပါသေးတယ်။

ပြီးခဲ့တဲ့ မတ်လက အသက်(၃) နှစ်ကျော်အရွယ် ကလေးငယ်ဟာ သူ့ရဲ့မိခင်၊အဖွားဖြစ်သူတို့နဲ့ အတူ ထောင်ဒဏ်(၃) နှစ်ချခံခဲ့ရသလို အသက်(၃) နှစ်ကျော်အရွယ် ကလေးငယ်တစ်ဦးကို ရာဇဝတ်သား တစ်ဦးလို ဆက်ဆံနေတာကို သဘာပတိနဲ့ ကုလကိုယ်စားလှယ်တွေ ကြည့်နေနိုင်လားလို့ လည်းသံ အမတ်ကြီးက မေးခွန်းထုတ်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းဖို့ ကြိုးပမ်းတဲ့ နောက်ဆက်တွဲအနေနဲ့ ကလေးသူငယ်တွေ က အသက်အန္တရာယ်၊လွတ်လပ်ခွင့် ကန့်သတ်ခံရတာနဲ့ အခွင့်အရေးတွေ ဖိနှိပ်ခံရတာတွေ ကြုံတွေ့ နေရ တယ်လို့ ကုလမိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

အာဏာသိမ်းလိုက်တဲ့ အချိန်ကစပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာလ(၇) ရက်နေ့အထိ အကြမ်းဖက် စစ်တပ်က အရပ်သားပြည်သူ (၂၃၃၈) ဦးကို ရက်စက်စွာ သတ်ဖြတ်ထားပြီး အဲ့ဒီထဲက (၉၁) ဦးက အသက်(၁၄) နှစ်အောက်ကလေးငယ်တွေဖြစ်သလို (၂၀၉) ဦးက အသက် (၁၅) နှစ်ကနေ (၁၉) နှစ် ကြားလူငယ်တွေဖြစ်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.