ဟေတီ၊ အောက်တိုဘာ (၁၁)

ဟေတီနိုင်ငံအတွင်းမှာ လက်နက်ကိုင်ဂိုဏ်းတွေရဲ့ ခြိမ်းခြောက်မှုတွေကို ဖယ်ရှားနိုင်ဖို့အတွက် နိုင်ငံတစ်နိုင်ငံ ဒါမှ မဟုတ် နိုင်ငံ အများအပြားက အရေးယူမှုတွေ ပြုလုပ်ပေးဖို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အဆိုပြု လိုက်ပါတယ်။

ကုလသမဂ္ဂက တပ်ဖြန့်ဖို့ အကြံပြုတာမျိုး မဟုတ်ပေမယ့်လည်း လုံခြုံရေးကောင်စီက ခွင့်ပြုနိုင်တဲ့ အတိုင်းအတာတစ်ခုနဲ့ တပ်ဖွဲ့တစ်ခု လုပ် ဆောင်ရမှာ ဖြစ်ပြီး အပစ်အခတ်ရပ်စဲရေး ဒါမှမဟုတ် လူသားချင်း စာနာမှုဆိုင်ရာ အစီအစဉ်တွေကို ပံ့ပို့ပေးနိုင်ဖို့နဲ့ နိုင်ငံတကာ တပ်ဖွဲ့ ဝင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်မှုကို သေချာအောင်ပြုလုပ်ခြင်းနဲ့ ကုလရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်တယ်လို့ သူက ဆိုပါတယ်။

ဟေတီမှာ သယ်ယူပို့ဆောင်ရေး စနစ်တွေကို ပျက်ပြားနေပြီး စီးပွားရေးလုပ်ငန်းတွေနဲ့ ဆေးရုံတွေရဲ့ လည်ပတ်မှုတွေလည်း ရပ်တန့်နေကာ ကြုံနေရတဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့ အတွက် “အထူးလက်နက်ကိုင်တပ်ဖွဲ့” တစ်ရပ်ကို ဟေတီက တောင်းဆိုမယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်က ပြောကြားခဲ့ပါတယ်။

တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ သန့်ရှင်းတဲ့ရေ  ဖြန့်ဝေမှုကိုလည်း လက်နက်ကိုင်ဂိုဏ်းတွေက ထိန်းချုပ်ထားတဲ့အတွက် နိုင်ငံအတွင်း ကာလဝမ်းရောဂါဖြစ်ပွားမှုအသစ်ကို တွေ့ရှိခဲ့ပြီး ပိတ်ဆို့တားဆီးမှုတွေကြောင့် ရေသန့်ဗူးတွေလည်း ပြတ်လပ်သွားခဲ့ရပါတယ်။

အမေရိကန်ပြည်ထောင်စုကတော့ ဟေတီရဲ့တောင်းဆိုမှုကို ပြန်လည်သုံးသပ်နေကြောင်း စနေနေ့က ပြောကြားခဲ့ပါတယ်။

မြို့တော်ဧရိယာမှာ အထူးသဖြင့် ဆိပ်ကမ်းတွေနဲ့  လေဆိပ်တွေကနေ ရေ၊ လောင်စာ၊ အစားအစာနဲ့ ဆေးဝါးပစ္စည်းတွေ လွတ် လပ်စွာ ရွှေ့ပြောင်းသွားလာမှုရနိုင်ရေး၊  လုံခြုံစေရေးအတွက် အဓိကအားဖြင့် ဟေတီနိုင်ငံရဲတပ်ဖွဲ့ကို ကူညီပေးနိုင်ဖို့ အဲဒီ အထူးတပ်ဖွဲ့က ပံ့ပိုးကူညီမှာ ဖြစ်ကြောင်း ဂူတာရက်စ် က ပြောကြားခဲ့ပါတယ်။

“အဆုံးသတ်မှာတော့ အဲဒီ တပ်ဖွဲ့ဟာ လက်နက်ကိုင်ဂိုဏ်းတွေရဲ့  ခြိမ်းခြောက်မှုကို ဖယ်ရှားဖို့ HNP(ဟေတီရဲတပ်ဖွဲ့) ရဲ့ ကြိုးပမ်းအားထုတ်မှု တွေကို ပံ့ပိုးပေးပြီး အရေးကြီးတဲ့ အခြေခံအဆောက်အအုံနဲ့ ဝန်ဆောင်မှုတွေကို ချက်ချင်းကာ ကွယ်ပေးလိမ့်မယ်” လို့ ဆိုပါတယ်။

အထူးလက်နက်ကိုင် တပ်ဖွဲ့က ဟေတီရဲတပ်ဖွဲ့တွေကို ကူညီဆောင်ရွက်မှုတွေ ပြုလုပ်ပေးမှာ ဖြစ်ပြီး လက်နက်ကိုင် ဂိုဏ်း တွေ ပစ်မှတ်ထားနေတဲ အရေးကြီးတဲ့ အခြေခံအဆောက် အအုံတွေကို ပြန်လည်ထိန်းချုပ်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အထွေထွေ လုံ ခြုံရေးနဲ့ လွတ်လပ်စွာ သွားလာနိုင်ရေးတို့ ပြန်လည်ရရှိလာပါက အထူးလက်နက်ကိုင်တပ်ဖွဲ့ရဲ့ တာဝန်တွေကို တဖြည်းဖြည်း ရပ်ဆိုင်း သွားမှာ ဖြစ်တယ်လို့ ဂူတာရက်စ်က  ထပ်မံ ပြောကြားခဲ့တာပါ။

လုံခြုံရေးကောင်စီက ဟေတီမှာ ရာဇဝတ်ဂိုဏ်းတွေနဲ့  လူ့အခွင့်အရေး ချိုးဖောက်သူများအပေါ် ပစ်မှတ်ထား ပိတ်ဆို့အရေးယူ မှုများ ပြုလုပ်မယ်လို့ ခြိမ်းခြောက်ခဲ့ပြီး နိုင်ငံတွင်းသို့ လက်နက်များ စီးဆင်းမှုကို ရပ်တန့်ရန်အတွက်  အခြားနိုင်ငံများကိုလည်း တောင်းဆိုခဲ့ပါတယ်။

ဟေတီနိုင်ငံမှာတော့  ကုလသမဂ္ဂဟာ နိုင်ငံရေးမစ်ရှင်တစ်ခုဖြစ်တဲ့ နိုင်ငံရေးတည်ငြိမ်မှုနဲ့ ကောင်းမွန် တဲ့အုပ်ချုပ်ရေး၊ အခွင့်အရေးကာကွယ်ရေးနဲ့ တရားမျှတမှု ပြုပြင်ပြောင်းလဲရေး၊ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ရေး တို့အတွက် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိနေတာလည်း ဖြစ်ပါတယ်။


Ref: France 24

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.