ကရာကတ်စ် – အောက်တိုဘာ(၁၁) 

ဗင်နီဇွဲလားနိုင်ငံအလယ်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ငါးစင်းရေလျှံမှုကြောင့် အနည်းဆုံးလူ(၂၅) ဦးသေဆုံးပြီး (၅၂) ဦးပျောက်ဆုံးနေတယ်လို့ အမျိုးသားလုံခြုံရေး ဒုဥက္ကဋ္ဌ ရီမီဂီယိုက ရုပ်မြင်သံကြားမိန့်ခွန်းတစ်ခုမှာ ပြောဆိုခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ အောက်တိုဘာလ(၈) ရက်နေ့ညက မိုးရွာသွန်းမှုကြောင့် အနီးပတ်ဝန်းကျင်တောင်တန်း တွေက သစ်ပင်ကြီးတွေနဲ့ အပျက်အစီးတွေဟာ ကရာကတ်စ် အနောက်တောင်ဘက် မိုင်(၄၀) အကွာကို ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့အတွက် စီးပွားရေးလုပ်ငန်းတွေနဲ့ လယ်ယာမြေတွေ ပျက်စီး ခဲ့တာပါ။ 

မိုးရွာသွန်းမှုတွေကြောင့် သောက်သုံးရေစနစ် နဲ့ လျှပ်စစ်ဓာတ်ပေးဖို့အသုံးပြုနေတဲ့ ပန့်တွေဟာ ရေကြီးရေလျှံမှုမှာ မျောပါသွားတယ်လို့ သိရပါတယ်။ 

ဒီဖြစ်စဉ်ကြောင့်ဦးစားပေး ကယ်တင်သွားဖို့ အရေးတကြီးလိုအပ်နေသူတွေဟာ  ရွံ့နွံတွေနဲ့ ကျောက်ဆောင်တွေအောက်မှာ ပိတ်မိနေသူတွေကို ရှာဖွေဖို့ ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ဆိုကြပါတယ်။ 

သမ္မတ နီကိုလပ်စ်မာဒူရိုက အဲ့ဒီနေရာကို သဘာဝဘေးအန္တရာယ်ဇုန်အဖြစ်သတ်မှတ်ပြီး သုံးရက် ကြာဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ကြေညာတယ်လို့ သူ့ရဲ့ တွစ်တာမှာ ရေးသားထား ပါတယ်။ 

“ကျွန်မ ဇနီးနဲ့ ကျွန်မရဲ့ ငါးနှစ်အရွယ် သားကို ဆုံးရှုံးခဲ့ရပါတယ်။ စကားတောင် မပြောနိုင်တော့ ပါဘူး၊ အရာအားလုံးက မြန်ဆန်လွန်းပါတယ်” လို့ ထိခိုက်ခံစားရသူ မိသားစုဝင်တစ်ဦးကရိုက် တာ ကိုပြောပါတယ်။ 

ဒါ့အပြင် မြို့နေ လူဦးရေ (၇၃၀၀၀) ရှိတဲ့ အဲဒီမြို့ရဲ့ လမ်းတွေမှာ ရွှံ့တွေ၊ကျောက်တုံးတွေနဲ့ သစ်ပင်အကိုင်းအခက်တွေနဲ့ ပြည့်နှက်နေပြီး ပျက်စီးမျောပါနေတဲ့ အိမ်တွေနဲ့ စီတန်းနေတယ် လို့သူက ပြောပါသေးတယ်။ 

အရပ်ဘက်ကာကွယ်ရေးစေတနာ့ဝန်ထမ်း အသက်(၅၈) နှစ်ရွယ်စျေးသည်တစ်ဦးက အောက်တို ဘာလ(၈) ရက်နေ့ ညမှာ ရေတွေ မြင့်တက်လာသလို မြို့ရဲ့ တယ်လှဖုန်းတာဝါတိုင်တွေ ပြိုကျခဲ့ တယ်လို့ ဆိုပါတယ်။ 

အထိအခိုက်အများဆုံးခံခဲ့ရတဲ့ ရပ်ကွက်တွေထဲက တစ်ခုမှာ နေထိုင်တဲ့ ပြည်သူတစ်ဦးကလည်း “ဆည်ရေတွေထွက်လာသလိုပဲ” လို့ ပြောခဲ့ပါတယ်။ 

မြို့ပြကာကွယ်ရေးစနစ်အတွက် လက်ထောက်ဝန်ကြီး ကားလို့စ်ပီရက်ဇ်က ကယ်ဆယ်ရေး သမား (၁) ထောင်ဟာ အဲ့ဒီဒေသက ထိခိုက်ခံစားရသူတွေကို ရှာဖွေနေတယ်လို့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။ 

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း ဗင်နီဇွဲလားနိုင်ငံဟာ ရေကြီးမှုနဲ့ မြေပြိုမှုတွေကို ရင်ဆိုင်နေရတာဖြစ်ပြီး သေဆုံးသူ (၄၀) ထက်မနည်း ရှိခဲ့တယ်လို့ သိရပါတယ်။ 

Ref: asiaone

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.