October 11, 2022

ဟေတီမှာ နိုင်ငံတကာတပ်ဖွဲ့ဝင်တွေ ကြားဝင်ဖြေရှင်းဖို့ ကုလ အကြီးအကဲ တိုက်တွန်း

ဟေတီ၊ အောက်တိုဘာ (၁၁) ဟေတီနိုင်ငံအတွင်းမှာ လက်နက်ကိုင်ဂိုဏ်းတွေရဲ့ ခြိမ်းခြောက်မှုတွေကို ဖယ်ရှားနိုင်ဖို့အတွက် နိုင်ငံတစ်နိုင်ငံ ဒါမှ မဟုတ် နိုင်ငံ အများအပြားက အရေးယူမှုတွေ ပြုလုပ်ပေးဖို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အဆိုပြု လိုက်ပါတယ်။ ကုလသမဂ္ဂက တပ်ဖြန့်ဖို့ အကြံပြုတာမျိုး မဟုတ်ပေမယ့်လည်း လုံခြုံရေးကောင်စီက ခွင့်ပြုနိုင်တဲ့ အတိုင်းအတာတစ်ခုနဲ့ တပ်ဖွဲ့တစ်ခု လုပ်…

အကြီးစား ပစ်ခတ်မှုဖြစ်ပွားထားတဲ့ ကျောင်းဝန်းထဲ ဝင်ရောက်ခဲတဲ့ CNN သတင်းထောက် နှစ်ဦးဖမ်းဆီးခံရ

ဘန်ကောက်၊ အောက်တိုဘာ (၁၁) အကြီးစားပစ်ခတ်မှု ဖြစ်ပွားထားတဲ့ နောက်ဘူလမ်ဖူ ကလေးဖွံ့ဖြိုးရေး စင်တာထဲကို ကျူးကျော်ဝင်ရောက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲ ချက်နဲ့ CNN မီဒီယာအဖွဲ့သားနှစ်ဦးဟာ အူဒုန်သနီ မှာ ထိုင်းရဲတွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ နေ့ကလေးထိန်းကျောင်းအတွင်း ဝင်ရောက် သတင်းရယူတင်ဆက်ခဲ့တဲ့ သြစတြေးလျနိုင်ငံသား သတင်းထောက် အန်နာကိုရန် (၄၇)နှစ်နဲ့ အသက် ၃၄နှစ်အရွယ် ဗြိတိန်ကင်မရာမန်း ဒယ်နီရယ်ဟော့ချ်တို့ကို နာကလန်…

ဗင်နီဇွဲလားမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုကြောင့် (၂၅) ဦးသေဆုံး

ကရာကတ်စ် – အောက်တိုဘာ(၁၁) ဗင်နီဇွဲလားနိုင်ငံအလယ်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ငါးစင်းရေလျှံမှုကြောင့် အနည်းဆုံးလူ(၂၅) ဦးသေဆုံးပြီး (၅၂) ဦးပျောက်ဆုံးနေတယ်လို့ အမျိုးသားလုံခြုံရေး ဒုဥက္ကဋ္ဌ ရီမီဂီယိုက ရုပ်မြင်သံကြားမိန့်ခွန်းတစ်ခုမှာ ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ(၈) ရက်နေ့ညက မိုးရွာသွန်းမှုကြောင့် အနီးပတ်ဝန်းကျင်တောင်တန်း တွေက သစ်ပင်ကြီးတွေနဲ့ အပျက်အစီးတွေဟာ ကရာကတ်စ် အနောက်တောင်ဘက် မိုင်(၄၀) အကွာကို ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့အတွက် စီးပွားရေးလုပ်ငန်းတွေနဲ့ လယ်ယာမြေတွေ…

အကြမ်းဖက်ခံနေရတဲ့ကလေးတွေအတွက် စိုးရိမ်ပူပန်ကြောင်းပြောတာနဲ့ စစ်တပ်က ရပ်တန့် မှာ မဟုတ်ဘူးလို့ ဦးကျော်မိုးထွန်းဆို

မော်လမြိုင် – အောက်တိုဘာ(၁၁) မြန်မာနိုင်ငံမှာစစ်တပ်ရဲ့ ကလေးငယ်တွေအပေါ်အကြမ်းဖက်နေတဲ့ လုပ်ရပ်တွေ၊လူ့အခွင့်အရေး ချိုးဖောက်နေမှုတွေကို စိုးရိမ်ပူပန်ကြောင်းနှုတ်နဲ့ ပြောတာနဲ့ ရပ်တန့်နိုင်မှာမဟုတ်ဘဲ စစ်တပ်ကို ချက်ချင်းအရေးယူနိုင်ဖို့ လုပ်ဆောင်သင့်တယ်လို့ သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောပါတယ်။ (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီရဲ့ ကလေးသူငယ်များအခွင့် အရေး ဘာသာရပ်ခေါင်းစဉ်နဲ့ ဆွေးနွေးချိန်မှာ သံအမတ်ကြီးက အခုလိုပြောဆိုခဲ့တာပါ။ “မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်တပ်ရဲ့ ကလေးငယ်တွေအပေါ်အကြမ်းဖက်နေတဲ့ လုပ်ရပ်တွေ၊ လူ့အ…

လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်ခံနေရလို့ ဒီမော့ဆိုစစ်ရှောင်တွေ ကတုတ်ကျင်းတူးပြီး ပုန်းခိုနေရ

ဒီမော့ဆို၊ အောက်တိုဘာ (၁၁) ကယားပြည်နယ်၊ ဒီမော့ဆိုအနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတွေကို စစ်ကောင်စီတပ်က လက် နက်ကြီး အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေတဲ့အတွက် စစ်ရှောင်ပြည်သူတွေဟာ ကတုတ်ကျင်းတွေထဲမှာ အချိန်တိုင်းပုန်းနေရတယ်လို့ ဒီမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ(၈) ရက်နေ့ညပိုင်းက ဒီမော့ဆိုရဲစခန်းက ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီး ဟာ စစ်ရှောင်စခန်းမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို အဲ့ဒီထဲက အမျိုးသမီးငယ်တစ်ဦးက အသက်အန္တရာယ်စိုးရိမ်နေရလို့…

RCSS ပြောခွင့်ရ ဗိုလ်မှူး ခမ်းစံနဲ့ ဆက်သွယ်မေးမြန်းချက်

ရှမ်းပြည်နယ် အပါအဝင် ပြည်ထောင်စုအအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က အောက်တိုဘာ ၁၀ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ဒါကြောင့် RCSS အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို ဘာကြောင့် တွေ့ဆုံဖို့ ကမ်းလှမ်းရတာလဲ၊ တွေ့ဆုံပြီးနောက် ဆက်လက် လုပ်ဆောင်သွားမယ့် လုပ်ငန်းစဉ်တွေ၊ လတ်တလောမှာရော ရှမ်းပြည်နယ်ထဲမှာ…

KNU သထုံခရိုင်မိတ်ဖက်ရေးရာ ကြီးကြပ် ကွပ်ကဲမှု ကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးစောကျော်မြင့်ကို ဆက်သွယ်မေးမြန်းချက်

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁)၊ သထုံခရိုင်ထဲမှာ တော်လှန်ရေးအင်အားစု ၂၆ ဖွဲ့ပေါင်းစည်းပြီး မိတ်ဖက် တော်လှန်ရေးတပ်ပေါင်းစုကို ပြီးခဲ့တဲ့ အောက်တိုဘာ ၃ ရက်နေ့မှာ ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။ ဒါကြောင့် မိတ်ဖက် တော် လှန်ရေးတပ်ပေါင်းစု ဖွဲ့စည်းရတဲ့ အကြောင်း၊ KNU သထုံခရိုင်ထဲ နှစ်ဖက် စစ်ရေး အခြေအနေနဲ့ လတ်တလောမှာ စစ်ကောင်စီ ဘက်က ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်လာတဲ့…

စစ်အာဏာသိမ်း (၆၁၇) ရက် အတွင်း သတ်ဖြတ်ခံရသူ ၂၃၄၂ ဦး အထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ (၁၁) AAPP ၏ ​အောက်တိုဘာလ (၁၀) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးတွင် စစ်အာဏာသိမ်းမှုကာလ (၆၁၇)ရက်အတွင်း ပြည်သူ (၂၃၄၂)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။ ဖမ်းဆီးခံရသူပေါင်း ၁၅၈၀၆ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်သည်။ ပြန်လည်လွတ်မြောက်လာသူ စုစုပေါင်း(၃၁၇၆) ဦး ရှိသည်။ အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်သတ်ဖြတ်မှုများတွင် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့ပြီး…

ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ စစ်ကောင်စီက X-Ray စက်နဲ့ စစ်ဆေးနေတာကြောင့် ၁ ရက်ခရီးကို ၂ ရက်သွားရတဲ့ထိ အခက်ကြုံနေရ

မော်လမြိုင်၊ အောက်တိုဘာ (၁၁) မွန်ပြည်နယ်အထွက် ပဲခူးတိုင်းအဝင် ညောင်ခါးရှည်ရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ အာ ဏာသိမ်း စစ်ကောင်စီက X-Ray စက်နဲ့ စစ်ဆေးနေတာကြောင့် ၁ ရက်ခရီးကို ၂ ရက်သွားရတဲ့ထိ အခက်ကြုံနေရတယ်လို့ ခရီးသွားပြည်သူတွေနဲ့ ယာဉ်မောင်းတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေက လုံခြုံရေး အကြောင်းပြချက်နဲ့ X-Ray စက်တပ်ဆင်ပြီး စစ်ဆေးတဲ့နေရာမှာ…