ရန်ကုန် – အောက်တိုဘာ(၁၀)
ရန်ကုန်တိုင်း ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်က စစ်တောင်း စီတီးမတ်ရှေ့က ကားပေါ်မှာ ဗုံးပေါက်ကွဲ မှုဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းဖြစ်သူ ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့တဲ့အတွက် သေဆုံး နိုင်တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။
ဒီနေ့ အောက်တိုဘာလ(၁၀) ရက်နေ့ ညနေ (၄) နာရီခွဲက ဟွန်ဒါဖစ် အနီရောင်ကား ပေါ်မှာ ပေါက်ကွဲ ခဲ့တာဖြစ်ပြီး ကားပေါ်မှာပါလာတဲ့သူရဲ့ မျက်နှာနဲ့ နေရာတော်တော်များများ ဗုံးစထိမှန်ခဲ့တာပါ။
ကားထဲကိုဗုံးပစ်ထည့်တယ်လို့ ပြောဆိုတာတွေရှိနေပြီး ထိခိုက်ဒဏ်ရာရရှိသူဟာ ဘယ်သူဖြစ်တယ် ဆိုတာနဲ့ ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ် အနေနဲ့ သီးခြား အတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။
လက်ရှိအချိန်မှာတော့ မြောက်ဒဂုံမြို့နယ်မှာ စစ်ကောင်စီတပ်တွေ လုံခြုံရေးပိုမို တိုးမြှင့်ချထား ပြီး လမ်းသားလမ်းလာတွေကို စစ်ဆေးတာတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်း