အမှန်/အမှား

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန် အမှား အစီအစဉ်ကနေကြိုဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနှင့် ပတ်သက်ပြီး လူမှုကွန်ယက် ပေါ်မှာပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ ” မုံရွေးကြေးမုံကျေးရွာကို အကြမ်းဖက် PDF အင်အား ၆၀က ဒေသခံပြည်သူများ နေထိုင်သော နေအိမ်များအား မီးရှို့” ဆိုတဲ့သတင်းကို စီစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို စစ်တပ်ထောက်ခံသူတွေက အောက်တိုဘာ(၆ )ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်ကို ထောက်ခံတဲ့အကြောင်းအရာတွေကို အများအားဖြင့် ဖြန့်ဝေလေ့ရှိတဲ့ ALin Thuta, BaNyunt တယ်လီဂရမ်အကောင်ကနေ ဖြန့်ဝေခဲ့ကြတာဖြစ်ပါတယ်။

“ မုံရွေးကြေးမုံကျေးရွာကို အကြမ်းဖက် PDF အင်အား ၆၀က ဒေသခံပြည်သူများ နေထိုင်သော နေအိမ်များအား မီးရှို့ဖျက်ဆီး” ဆိုတဲ့ ခေါင်းစဥ်နှင့်အတူစစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး – မုံရွာလမ်းမဘေး မုံရွေးကြေးမုံကျေးရွာသို့ အောက်တိုဘာလ ၅ ရက်၊ နံနက် ၇ နာရီခန့်တွင် အကြမ်းဖက် PDF အင်အား ၆၀ ဦးခန့်ရောက်ရှိလာပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ စစ်ကောင်စီအကောင့်တုတွေက ရေးသားထားတာပါ။

“လေလှိုင်းပေါ်မှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆိုပြီး အော်ဟစ်ကြွေးကြော်နေပေမယ့် တကယ့်လက်တွေ့မြေပြင်မှာတော့ အပြစ်မဲ့ပြည်သူတွေခမျာမှာ PDF အကြမ်းဖက်သမားတွေကြောင့် တစ်သက်လုံး စုစောင်းထားတဲ့ပစ္စည်တွေကို ထားခဲ့ရပြီး အိုးမဲ့အိမ်မဲ့ဖြစ်နေရတဲ့ အခြေအနေတွေပါ.”ဆိုပြီး ရေးသား ဖြန့်ဝေခဲ့ကြတာပါ။

စစ်ကောင်စီအကောင့်တု လင့်ကတော့

https://t.me/Alinthuta21784/1719?single

ဒီအကြောင်းအရာကို သံလွင်တိုင်းမ်က စိစစ်ကြည့်ရာမှာတော့ စစ်ကောင်စီအကောင်တု ပေ့ချ်တွေကနေ ဖြန့်ဝေနေတာဟာ သတင်းအမှားသာဖြစ်တာတွေ့ရပါတယ်။

ဖြစ်စဥ်အမှန်ကတော့…..အင်အား ၅၀ ခန့်ပါ အကြမ်းဖက်စကစစစ်ကြောင်းက အောက်တိုဘာလ ၅ ရက် နံနက် ၁၀နာရီခန့်အချိန်ကကြေးမုံကျေးရွာသို့ ဝင်ရောက်မွှေနှောက်ကာ မုံရွေးရွာ ကမ္မရပ်ကွက်ကအပြစ်မဲ့ပြည်သူတစ်ဦးရဲ့ နေအိမ်ကို စတင်မီးရှို့ပြီး နေအိမ်စုစုပေါင်း (၁၆)လုံး ကို ဆက်တိုက်မီးရှို့ဖျက်ဆီးခံခဲ့တာလို့ မုံရွာသတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

အောက်တိုဘာလ ၅ ရက် ညနေ ၃ နာရီ ၃၀မိနစ်မှာ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းဟာ ဓားစာခံပြည်သူ (၁၂)ဦးကို ဖမ်းဆီးခေါ်ဆောင်၍ မုံရွေး ကြေးမုံရွာမှ တောင်သို့ ပြန်ထွက်သွားတယ်လို့ မုံရွာသတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

ဒီသတင်းအချက်အလက်နဲ့ပက်သက်ပြီး မုံရွာသတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာလည်း သတင်းထုတ်ပြန်ထားတာတွေ့ရပါတယ်။

မုံရွာသတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက် လင့်

https://bit.ly/3rD5OCT

The Irrawaddy Burmese Editionသတင်းဌာနရဲ့ဖော်ပြချက် အပြည့်အစုံကို အောက်ပါလင့်မှာ ဖတ်ရှုနိုင်ပါတယ်။

သတင်းလင့် – https://bit.ly/3SNfu9Y

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ ” ရွေးကြေးမုံကျေးရွာကို အကြမ်းဖက် PDF အင်အား ၆၀က ဒေသခံပြည်သများ နေထိုင်သော နေအိမ်များအား မီးရှို့ဖျက်ဆီး”ဆိုတဲ့ သတင်းဟာ စစ်ကောင်စီလော်ဘီတွေ ဖြန့်ဝေနေတဲ့ သတင်းတုတခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိတ်သတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.