အာဆီယံထိပ်သီးအစည်းအဝေးကို ဘုံသဘောတူညီချက်တွေမလိုက်နာတဲ့ စစ်ကောင်စီကို ဖိတ်မှာမဟုတ်

ဖနွမ်းပင် – အောက်တိုဘာ(၅) 

ကမ္ဘောဒီးယားနိုင်ငံက မြန်မာ့ပဋိပက္ခအရေးနဲ့ ပတ်သက်ပြီး အာဆီယံဘုံသဘောတူညီချက် တွေကို လိုက်နာဆောင်ရွက်တာမရှိတဲ့ အာဏာသိမ်းစစ်အုပ်စုကို ဖနွမ်းပင်မှာ ကျင်းပမယ့် အာဆီယံထိပ်သီးအစည်း အဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေမှာ ဖိတ်ကြားမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ 

မြန်မာနိုင်ငံက နိုင်ငံရေးကိုယ်စားပြုမှုမပါတဲ့ ကိုယ်စားလှယ်တွေကို အစည်းအဝေးတက်ရောက်ဖို့ ဖိတ်ကြားမှာဖြစ်ပြီး ဘုံသဘောတူညီချက်(၅) ချက် ကို အကောင်အထည်ဖော်ချိန်မှာ အမှန် တကယ်တိုးတက်မှု မရှိတာနဲ့ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူတွေကို ကွပ်မျက်တာတွေ ကြောင့် အခုလို သတင်းထွက်ပေါ်လာတာပါ။ 

နိုင်ငံခြားရေးနဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြောခွင့်ရ ချမ် က မြန်မာ စစ်ခေါင်းဆောင်ကို ထိပ်သီးအစည်းအဝေးကနေ ဖယ်ထုတ်လိုက်တယ်လို့ အတည်ပြုထား ပါတယ်။ 

“အာဆီယံအဖွဲ့ဝင်နိုင်ငံတွေသာမက မြန်မာနိုင်ငံအပါအဝင် အာဆီယံ အထွေထွေအတွင်းရေးမှူး ချုပ်ရုံး၊ အာဆီယံ ဆွေးနွေးဖက်နိုင်ငံတွေနဲ့ ဒေသတွင်းနဲ့ နိုင်ငံတကာအဖွဲ့အစည်းတချို့ကို ဖိတ်ကြားထားပြီး မြန်မာနိုင်ငံက နိုင်ငံရေးကိုယ်စားပြုမှုမပါတဲ့ ကိုယ်စားလှယ်ကိုသာ စေလွှတ်ဖို့ အကြံပြုထားပါတယ်” လို့ သူက ပြောပါတယ်။  

Asian Vision Institute မဲခေါင်မဟာဗျူဟာ လေ့လာရေးဌာန သုတေသနပညာရှင် တွမ်မာန် ဒေးဗစ်က အာဆီယံဥက္ကဋ္ဌအဖြစ် ကမ္ဘောဒီးယားဟာ မြန်မာစစ်ခေါင်းဆောင်တွေကို ထောက်ခံ ဖို့အသွင်မပြောင်းလိုတာ အရပ်ဘက်လူ့အဖွဲ့အစည်းတွေနဲ့ အတိုက်အခံလှုပ်ရှားမှုတွေကို စွန့် လွှတ်လိုတာဖြစ်နိုင်တယ်လို့ ဆိုခဲ့ပြီး မြန်မာနိုင်ငံရဲ့ ပြည်တွင်းနိုင်ငံရေးမှာ ဝင်ရောက်မစွက်ဖက် တာဟာ အာဆီယံဗဟိုမူတွေနဲ့ အညီဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ 

“မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရာမှာ နှောင့်နှေးနေသော်လည်း ကမ္ဘောဒီးယားနှင့် အခြားအာဆီယံအဖွဲ့ဝင်များအနေဖြင့် ၎င်းတို့၏ အာရုံစိုက်မှုကို မြန်မာပြည်သူများအတွက် ကိုဗစ်ကာကွယ်ဆေး၊ အစားအစာနှင့် ဆေးဝါးများကဲ့သို့သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရန် ကြိုးပမ်းမှုများနှင့် ပြည်သူများအတွက် ပိုမိုလုံခြုံမှုနှင့် အကာအကွယ်ကို ရရှိရန်ဖြစ်တယ်” လို့သူကပြောခဲ့ပါတယ်။  

“မြန်မာ့တပ်မတော်ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ခိုက်မှုတွေ ရပ်ပြီး ပြည်သူတွေရဲ့ ဘေးကင်းစေဖို့ စစ်ရေးနဲ့ နိုင်ငံရေးအရ လိုက်လျောညီထွေမှု လိုမျိုး နှစ်ဦးနှစ်ဖက် အားမျှခြေနိုင်ငံရေး ပြေလည်မှုရဖို့ စေ့စပ်ညှိနှိုင်းရေး စားပွဲဝိုင်းကို ပြန်သွားသင့်ပါတယ်” လို့ အောက်တိုဘာ ၃ ရက်နေ့မှာ တွမ်မာန် ဒေးဗစ်က ပြောခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ကျင်းပခဲ့တဲ့ အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး (ADMM) နောက်ဆုတ်သွားချိန်မှာ အာဆီယံသဘောတူညီမှု အချက်(၅) ချက်ကို အကောင် အထည်မဖော်ခဲ့တဲ့ မြန်မာစစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ဖိတ်ကြား တာမရှိခဲ့ပါဘူး။ 

ဒါပေမယ့် ကမ္ဘောဒီးယားနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးကိုယ်စားပြုမှုမပါတဲ့ ကိုယ်စားလှယ် တစ်ဦးစေလွှတ်ဖို့တော့ အကြံပြုခဲ့ပါတယ်။ 

ကမ္ဘောဒီးယားနိုင်ငံဟာ ဂေဟစနစ်ဆိုင်ရာ ကိစ္စရပ်တွေနဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆော င်ရွက်မှုအစီအစဉ်တွေကို ဆွေးနွေးဖို့အတွက် ကမ္ဘောဒီးယားနိုင်င့မှာ အောက်တိုဘာလ​(၃) ရက် နေ့ကနေ (၇) ရက်နေ့အထိ ကျင်းပမယ့် (၃၃) ကြိမ်မြောက်အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ အကြီး တန်းအရာရှိများ အစည်းအဝေးကိုလက်ခံကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။ 

အောက်တိုဘာလ (၅) ရက်နေ့မှာ ဖွင့်ပွဲအခမ်းအနားကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက အကြီးတန်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအရာရှိတွေ၊ ဂျပန်၊ကိုရီးယား၊တရုတ်၊အမေရိကန်နဲ့ ဥရောပ သမဂ္ဂတို့က သံတမန်တွေတက်ရောက်ကြမှာဖြစ်ပါတယ်။ 

Ref:Phnompenhpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.