ဂျီနီဗာ၊ အောက်တိုဘာ (၅) 

ဆီးရီးယား ဒုက္ခသည်တွေကို ဂျာမနီနိုင်ငံအတွင်းသို့ ဝင်ခွင့်ရရှိအောင် ကြိုးပမ်းမှုတွေအတွက် UNHCR Nansen Refugee Award ဆုကို ဂျာမနီ အဓိပတိဟောင်း အိန်ဂျလာမာကယ်က ရရှိခဲ့ပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ပြောရေးဆိုခွင့်ရှိသူ က ဂျီနီဗာအခြေစိုက် ကုလသမဂ္ဂ အေဂျင်စီကနေ နှစ်စဉ်ပေးအပ်တဲ့ Nansen ဒုက္ခသည်ဆုအတွက် မာကယ်ကို ရွေးချယ်လိုက်ကြောင်း ပြောကြားခဲ့ပါတယ်။

“အဲဒီအချိန်က အကြီးအကဲဟောင်း ရဲ့ ဦးဆောင်မှုအောက်မှာ ဂျာမနီက ဒုက္ခသည်နဲ့ ခိုလှုံခွင့်တောင်းသူ ၁.၂ သန်းကျော်ကို ကြိုဆိုခဲ့ပြီး၊ ၂၀၁၅ နဲ့ ၂၀၁၆ ခုနှစ်တွေမှာ ဆီးရီးယားမှာ ပဋိပက္ခတွေ မြင့်လာခဲ့ပြီး တခြားနေရာတွေမှာ သေစေလောက်တဲ့ အကြမ်းဖက်မှုတွေ ရှိခဲ့ပါတယ်။ ဒေါက်တာ မာကယ် ဟာ ကမ္ဘာတဝှမ်းရှိ ဒုက္ခသည်တွေရဲ့ အခြေအနေကို ကမ္ဘာကြီးအား မီးမောင်းထိုးပြဖို့ ကူညီပေးခဲ့ပါတယ်”လို့ ပြောရေးဆိုခွင့်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။

ရွှေ့ပြောင်းနေထိုင်သူ အများအပြားကို ဝင်ခွင့်ပေးတဲ့ မာကယ်ရဲ့  ဆုံးဖြတ်ချက်ဟာ ဂျာမနီအတွက် လက်ယာစွန်းရောက် Alternative ပါတီရဲ့ လားရာကို ပိုမိုအားကောင်းစေခဲ့ပြီး လက်မခံနိုင်ပဲ ဝေဖန်ဆန္ဒပြမှုတွေနဲ့ လည်း ရင်ဆိုင်ခဲ့ရတာပါ။

အဲဒီဆုအတွက်  US$ 150,000 ရရှိမှာဖြစ်ပြီး မာကယ် ဟာ ဆုလက်ခံရယူဖို့ လာမယ့် တနင်္လာနေ့မှာ ဂျီနီဗာကို သွားရောက်ဖို့ရှိတယ်လို့ ပြောကြားခဲ့ပြီး  ဒေသဆိုင်ရာဆုရှင် လေးဦးကိုလည်း ကြေငြာခဲ့ပါတယ်။

UNHCR Nansen Refugee Award ဟာ ဒုက္ခသည်တွေနဲ့ အခြားသော အိုးမဲ့အိမ်မဲ့တွေ၊  နိုင်ငံမဲ့ လူတွေကို ကာကွယ်ဖို့ အတွက် သတ်မှတ်ချက်ထက် ကျော်လွန်ပြီး တာဝန် ထမ်းဆောင်နေသော လူတစ်ဦးချင်း၊ အဖွဲ့များ သို့မဟုတ် အဖွဲ့အစည်းများကို ဂုဏ်ပြုကြောင်း အေဂျင်စီက ပြောပါတယ်။

ကမ္ဘာ့နိုင်ငံပေါင်းချုပ်အသင်းကြီးဖြစ်တဲ့ ကုလသမဂ္ဂ စတင်တည်ထောင်ခဲ့တဲ့  ၁၉၅၄ ခုနှစ်မှစပြီး ဆုရှင်ပေါင်း ၆၀ ကျော် အနက် ဒုက္ခသည်တွေအတွက် ပထမဆုံးကော်မရှင်နာဖြစ်တဲ့ နော်ဝေသိပ္ပံပညာရှင် ဖရိဒ်ဂျော့်ဖ် နန်ဆန်  Fridtjof Nansen ကို ဂုဏ်ပြုရာမှ တဆင့် UNHCR Nansen Refugee Award ဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

Ref,CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.