လာမယ့် ရွေးကောက်ပွဲအတွက် ဘာတွေ ကြိုတင်ပြင်ဆင်တာတွေ လုပ်ဆောင်နေပြီးလဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး
လောလောဆယ်တော့ အစိုးရအနေနဲ့ ဘာမှမရှိသေးဘူခင်ဗျ။ အစီအစဉ် ဘာမှမလုပ်သေးဘူး။ ကော်မရှင်အဖွဲ့ကတော့ လုပ်ရမယ့် လုပ်ငန်းတွေ လုပ်နေတာပေါ့နော်။ ကော်မရှင်နဲ့အတူ လ.ဝ.က လည်း လုပ်နေတဲ့ကိစ္စတွေ ရှိတယ်။ အစိုးရအဖွဲ့အနေနဲ့တော့ ဘာမှ မလုပ်သေးဘူး။
အခုနောက်ပိုင်း မွန်ပြည်နယ်တစ်ဝန်းမှာ ယာဉ်ထိန်းရဲတွေ မပါဘဲ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေက ဖမ်းဆီးပြီး ငွေကြေးတောင်းခံတာတွေ ဆက်တိုက်လုပ်တယ်လို့ ပြည်သူဘက်က ပြောလာတယ်။ ဒီဖြစ်စဉ်အပေါ် ဘယ်လို အရေးယူဆောင်ရွက်သွားဖို့ ရှိလဲ။
အဲ့ဒီကိစ္စကို ကျွန်တော်လည်း ကြားတော့ကြားတယ်။ ဒါကလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေနဲ့ကတော ဆက်လက်ပြီး ဆောင်ရွက်သွားပါလိမ့်မယ်။ တိုင်ကြာလာတာရှိရင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကလည််း အရေးယူသွားမှာပေါ့နော်။ ကျွန်တော်တို့ အစိုးရအဖွဲ့ကိုတော့ အခုကိစ္စတွေက အစည်းအဝေးထဲမှာလည်း တင်ပြထားတာ မရှိသေးပါဘူး။
နောက်ပြီး အကျဉ်းထောင်နဲ့ ရဲတပ်ဖွဲ့အတွင်းမှာလည်း လာဘ်စားမှု ရှိတယ်လို့ ပြည်သူတွေ ပြောလာတာတွေရှိတယ်၊ အဲဒီဖြစ်စဉ်အပေါ်မှာ ဘယ်လို အရေးယူဆောင်ရွက်ဖို့ ရှိလဲ။
အဲဒါတော့ သူတို့ဘက်ကနေပြီး အရေးယူဆောင်ရွက်တာတော့ လုပ်နေတာရှိတယ်၊ အစိုးရအဖွဲ့အနေနဲ့တော့ ဘာမှ လောလောဆယ် အဲ့ဒါတွေကို အရေးယူဆောင်ရွက်ဖို့ မရှိသေးပါဘူး။
အခုလို ပြည်သူအပေါ် ခြိမ်းခြောက် ငွေကြေးတောင်းခံမှုကို ဘာကြောင့် အရေးယူဖို့ ခက်ခဲနေတာလဲ။ ဒီအပေါ်မှာ ဘယ်လို မှတ်ချက်ပြုပေးလိုပါသလဲ။
အရေးယူဖို့ကျတော့ ငွေကြေးတောင်းခံတဲ့ အပိုင်းက သေချာလာပေါ့၊ ပြည်သူက တိုင်ကြားလာတာရှိရင် သူတို့ (အကျဉ်းထောင်ဦးစီးဌာန) ကတော့ အရေးယူမှာပါ။ ကျွန်တော်တို့ဆီ တိုင်ကြားလာရင်လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဘက်ကို စစ်ဆေးပေးဖို့ တိုက်တွန်းပေးမှာပါ။
မော်လမြိုင်မြို့အနီး လေဆိပ်နဲ့ ဆိပ်ကမ်း စီမံကိန်းအတွက် ကနဦး လေ့လာဆန်းစစ်ရေးအဖွဲ့ကရော စီမံကိန်းအပေါ် ဘယ်လို သဘောထားပေး တင်ပြလာတာ ရှိလဲ။
အစီရင်ခံစာက သူတို့လုပ်နေတုန်းရှိသေးတယ်ဗျ။ အစိုးရဘက်ကို ဘာမှာ တင်ပြလာတာ မရှိသေးဘူး၊ ဒါက ပြည်ထောင်စု၀န်ကြီးဌာနကနေ လုပ်တဲ့ကိစ္စဖြစ်လို့ အပေါ်ကိုပဲ တင်မယ်ထင်တယ်။ ကျွန်တော်တို့ကိုတော့ သူတို့တင်မှာမဟုတ်ဘူး။ တစ်ခုခုအခက်အခဲရှိလို့ အကူအညီပေးရမယ့်ကိစ္စတွေရှိလာရင်တော့ ကျွန်တော်တို့က လုပ်ပေးရမှာဖြစ်တယ်။ လောလောဆယ်တော့ အဖွဲ့အနေနဲ့ အကူအညီတောင်းခံတာ မရှိသေးဘူးခင်ဗျ။
နောက်ဆုံးအနေနဲ့ အရင်တုန်းကဆို ပြည်နယ်အစိုးရအဖွဲ့က ပြည်နယ်အတွင်း အသုံးပြုတဲ့ ဘတ်ဂျက်တွေကို နှစ်စဉ် Citizen Budget စာအုပ်ထုတ်ဝေပြီး ပြည်သူထံ ချပြတာ ရှိတယ်၊ အခုလို ဘတ်ဂျက်သုံးစွဲမှုကို ပြည်သူထံ ချပြဖို့ ရှိပါသလား။
သုံးစွဲနေတဲ့ ဘတ်ဂျတ်ကို ဌာနအလိုက် ပုံမှန်လုပ်နေတာတော့ ရှိပါတယ်။ အဲ့ဒါတွေကို ပြည်သူဆီ ချပြဖို့ဆိုတာ အရင်တုန်းကလို လွှတ်တော်မရှိတဲ့အတွက်ကြောင့် ချပြဖို့ ခက်တယ်၊ သက်ဆိုင်ရာဌာနကသုံးစွဲနေတာတွေ ကို သိချင်ရင်လည်း ရပါတယ်။ ကျွန်တော်တို့မှာ သက်ဆိုင်ရာဌာနရဲ့ စာရင်းဇယားတွေ ရှိပါတယ်။
တကယ်လို့ မေးမြန်းမယ်ဆိုလည်း ကျနော်တို့ ဖြေကြားပေးလို့ ရပါတယ် ခင်ဗျ။ အရင်တုန်းကလို့ ချပြဖို့ဆိုတာကတော့ ကျွန်တော် လက်ရှိလုပ်နေတဲ့ အစိုးရ သက်တမ်းအချိန် အတိုင်းအတာကြောင့် ချပြဖို့တော့ မရှိသေးပါဘူး။
သံလွင်တိုင်း