ဘန်ကောက်၊ အောက်တိုဘာ (၄)  

အနာဂတ်နိုင်ငံရေးဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်း နဲ့ ပတ်သက်တဲ့  မီဒီယာတွေရဲ့  မေးမြန်း ချက်ကို “အနာဂတ်ဟာ အနာဂတ်ပေ့ါနော်”လို့ ထိုင်းဝန်ကြီးချုပ် ပရရွတ်ချန်အိုချာ က ပြောဆိုခဲ့ ပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်က အခြေခံဥပဒေခုံရုံး ဆုံးဖြတ်ချက်အရ ပရာရွတ်ရဲ့ သက်တမ်းဟာ ၂၀၂၅ ခုနှစ် ဧပြီလ(၅) ရက်နေ့မှာ အဆုံးသတ်မှာပါ။ 

တရားရုံးဆုံးဖြတ်ချက်အရ အာဏာရဖလန်ဖရာချရတ်ပါတီဟာ ပရာရွတ်ကိုဝန်ကြီးချုပ်လောင်း အဖြစ် အမည်စာရင်းတင်သွင်းထားပြီး ၂၀၂၃ ခုနှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို အောင်နိုင် ဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။ 

ဒါကြောင့် ပရာရွတ်တစ်ဦးတည်းသာ နောက်အစိုးရသက်တမ်းအထိ အာဏာရရှိနိုင်မှာဖြစ်တယ် လို့ ပြောဆိုတာတွေရှိနေပါတယ်။ 

ဒါပေမယ့် ဝန်ကြီးချုပ်နေရာအတွက် အနာဂတ်မှာ ဘယ်သူ့ကိုဆက်ခံသွားဖို့ ရှိနေလဲဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး သူက ဖြေဆိုဖို့ ငြင်းဆန်ခဲ့တာပါ။ 

ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးက ဝန်ကြီးချုပ်ပရာရွတ်ချန်အိုချာရဲ့ ရာထူး သက်တမ်းကို ရပ်စဲဖို့လုပ်ဆောင်ခဲ့ပြီးတဲ့နောက် ၂၀၁၄ ခုနှစ်က အာဏာသိမ်းခဲ့တဲ့ စစ်တပ် အကြီးအကဲဟောင်းကို တရားရုံးက ခေတ္တရာထူးက ရပ်ဆိုင်းခဲ့ပါတယ်။ 

ဝန်ကြီးချုပ်ပရာရွတ်အာဏာရလာပြီးနောက် ၂၀၁၇ ခုနှစ်မှာရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အရ ဝန်ကြီးချုပ်သက်တမ်းကို ရှစ်နှစ်ထက်ပိုပြီး ထမ်းဆောင်ခွင့်မရှိဘူးလို့ ပြဌာန်းထာတဲ့အ တွက် ပရာရွတ်ရဲ့ ဝန်ကြီးချုပ်သက်တမ်းဟာ အငြင်းပွားစရာတွေဖြစ်လာခဲ့တာပါ။ 

လက်ရှိဝန်ကြီးချုပ်တာဝန်ယူထားတဲ့ စစ်ဗိုလ်ချုပ်ဟောင်းရဲ့ ဥပဒေရေးရာအဖွဲ့ကတော့ သူ့ရဲ့ ဝန်ကြီးချုပ်ရာထူးကို ၂၀၁၄ ခုနှစ် ဩဂုတ်လ(၂၄) ရက်နေ့မှာ စတင်ခဲ့တာမဟုတ်ဘူးလို့ ငြင်း ဆိုထားကြပါတယ်။ 

အသက် (၆၈) နှစ်ရှိပြီဖြစ်တဲ့ ပရာရွတ်ကို ထောက်ခံသူတွေကတော့ ၂၀၁၇ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေစတင်တဲ့အချိန်ဒါမှမဟုတ် ၂၀၁၉ အထွထွေရွေးကောက်ပွဲ အပြီးမှသာ စတင်ရေ တွက်သင့်တယ်လို့ ပြောဆိုတာတွေရှိနေပါတယ်။ 

Ref:Thai Enquirer

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.