သထုံ၊ အောက်တိုဘာ (၃)
KNU သထုံခရိုင်တပ်မဟာ(၁) နယ်မြေမှာ စစ်အာဏာရှင်ကိုတော်လှန်နေတဲ့ ကာကွယ်ရေး အဖွဲ့အစည်း ၂၅ဖွဲ့ကို အသိအ မှတ်ပြုမှတ်ပုံ တင်ကဒ်ပြား ထုတ်ဝေပေးခဲ့ပြီး တပ်ပေါင်းစုအသွင်နဲ့ ဘုံရန်သူကို စုပေါင်းတော်လှန်သွားမယ်လို့ KNU သထုံခ ရိုင် တပ်မဟာ (၁)မှ သတင်း ထုတ်ပြန်လိုက်ပါတယ်။
“KNU သထုံခရိုင်တပ်မဟာ(၁) မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှု ကော်မတီ” ကနေ အောက်တိုဘာ ၃ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန် ကြေငြာခဲ့တာပါ။ပြီးခဲ့တဲ့ စက်တင်ဘာလပိုင်းက KNU သထုံခရိုင်၊ KNLA တပ်မဟာ ၁နယ်မြေအတွင်းရှိ တော်လှန်ရေးအဖွဲ့အစည်းတွေ ပါဝင်တဲ့ ၄ရက်ကြာ တတိယအကြိမ်မျက်နှာစုံညီ အစည်းအဝေးတစ်ရပ်ကို ပြုလုပ်ခဲ့ပါတယ်။
အဲဒီမျက်နှာစုံညီအစည်းအဝေးမှာ မှတ်ပုံတင်ခွင့်တောင်းခံထားတဲ့ အဖွဲ့အစည်းတွေ အနက် စည်းမျဉ်းစည်းကမ်းတွေအတိုင်း လိုက်နာမယ်လို့ ကတိကဝတ်ပြုတဲ့ အဖွဲ့အစည်း(၂၅)ဖွဲ့ကို အသိအမှတ်ပြုမှတ်ပုံတင်ကဒ်ပြား ထုတ်ဝေပေးခဲ့တာပါ။
အဖွဲ့အစည်းခေါင်းဆောင်တွေအားလုံးက“တပ်ပေါင်းစုအသွင်”နဲ့ ဘုံရန်သူကို စုပေါင်းတော်လှန်သွားဖို့ တညီတညီ တညွတ်တည်း ဆုံးဖြတ်ခဲ့ပြီး “KNU သထုံခရိုင် တပ်မဟာ(၁) မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစု”အဖြစ် အောင်မြင်စွာ ဖွဲ့စည်းပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိခဲ့တာပါ။
အဲဒီ အစည်းအဝေးကို တော်လှန်ရေးအဖွဲ့အစည်း ခေါင်းဆောင်တွေ၊တာဝန်ခံတွေနဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပြီး ရှေ့လုပ်ငန်းစဉ်အချို့လည်း ချမှတ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ အသိပေးဖော်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်