ဘာကီနာဖာဆို – အောက်တိုဘာ (၂)
ဘာကီနာဖာဆို နိုင်ငံကို ဒါဇင်နဲ့ ချီတဲ့ စစ်သားတွေက ထိန်းချုပ်လိုက်ပြီးတဲ့နောက်မှာ နိုင်ငံပိုင်ရုပ်သံလိုင်းကနေ အာဏာသိမ်း လိုက်ပြီဖြစ်တယ်လို့ ကြေညာခဲ့တဲ့ အတွက် လက်ရှိသမ္မတဟာ အာဏာမှ ဖယ်ရှားခံခဲ့ရပါတယ်။
စစ်အစိုးရ ပြောရေးဆိုခွင့်ရှိသူရဲ့ ထုတ်ပြန်ချက်ထဲမှာ အစ္စလာမ်မစ်အကြမ်းဖက်မှုတွေကို နှိမ်နင်းဖို့ အရှိန်အဟုန်မြှင့် ဆောင်ရွက် နေတဲ့ အနောက်အာဖရိကနိုင်ငံမှာ စစ်ခေါင်းဆောင် အသစ်ပေါ်ထွက်လာပြီလို့ ပါရှိခဲ့တာပါ။
ဘာကီနာဖာဆိုရဲ့ စစ်ခေါင်းဆောင်အသစ်ဟာ နိုင်ငံရဲ့ နယ်စပ်မျဉ်းတွေကို ပိတ်လိုက်ပြီလို့ကြေညာခဲ့ပြီး ည ၉ နာရီမှ မနက် ၅ အထိ အကျုံးဝင်တဲ့ ကာဖြူးလ်အမိန့်တစ်ရပ်ကို ကြေငြာခဲ့ပါတယ်။ အသွင်းကူးပြောင်း အစိုးရနဲ့ အမျိုးသားလွှတ်တော်ကို ဖျက်သိမ်းဖို့လည်း အမိန့်ထုတ်ခဲ့တာပါ။
“အသွင်းကူးပြောင်းရေး အခြေခံဥပဒေ ချာတာအသစ်ကို အသက်သွင်းနိုင်ဖို့ အစည်းအဝေးတစ်ရပ် ကျင်းပမှာဖြစ်ပြီးအရပ်သား သို့မဟုတ် စစ်ဘက်မှ ဘာကီနာဖာဆို သမ္မတအသစ်တစ်ယောက်ကို ရွေးချယ်သွားမယ်” လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
လက်ရှိသမ္မတ ဒမ်မီဘာဟာ နယူးယောက်မြို့ရှိ ကုလသမဂ္ဂအထွေထွေညီလာခံမှာ မိန့်ခွန်း ပြောကြားပြီး နိုင်ငံကို အပြန်မှာ အဲဒီအခြေအနေကို ကြုံတွေ့ခဲ့ရတာပါ။
ယခင်အစိုးဟာ အစ္စလာမ်အစွန်းရောက်တွေကို သတ်ဖြတ်ခဲ့ပြီး လူဦးရေ ၂ မီလီယမ်ခန့်ကို ရွှေ့ပြောင်းရစေတဲ့ထိ ဖြစ်စေခဲ့တာ ကြောင့် ဘာကီနာရှိ လူတွေဟာ ဇန်နဝါရီလတုန်းက စစ်အာဏာသိမ်းမှုကို အတော်များများထောက်ခံခဲ့ကြတာ လည်း ဖြစ်ပါတယ်။
Ref:WA today