October 2, 2022

ဂိမ်းကုမ္ပဏီတွေမှာ လူကုန်ကူးခံရတဲ့ မြန်မာနိုင်ငံသား ၂၃ဦးကို ဖိလစ်ပိုင်ရဲတပ်ဖွဲ့ ကယ်တင်

မနီလာ၊ အောက်တိုဘာ (၂) ဖိလစ်ပိုင် မြို့တော်မနီလာရှိ ဂိမ်းကုမ္ပဏီတစ်ခုမှာ လူကုန်ကူးခံရသူတွေရှိနေတယ်လို့ သတင်းတွေထွက်ပေါ်လာပြီးတဲ့နောက် မှာ အွန်လိုင်းလိမ်လည်သူတွေအဖြစ် အတင်းအကြပ်ခိုင်းစေခံရတဲ့ မြန်မာနှင့် တရုတ်နိုင်ငံသား ၂၉ ဦးကို ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ကယ်တင်ခဲ့ ကြောင်း အာဏာပိုင်များက စက်တင်ဘာ ၃၀ ရက် က ပြောပါတယ်။ POGO လို့ခေါ်တဲ့ ကမ်းလွန်ဂိမ်းအော်ပရေတာတွေမှာ ပြန်ပေးဆွဲမှု၊ ပြည့်တန်ဆာနဲ့ လူသတ်မှုသတင်းတွေ…

ကဘူးလ်မြို့မှာ စာမေးပွဲဖြေနေတဲ့ ကျောင်းသူတွေ အသေခံဗုံးခွဲတိုက်ခိုက်ခံပြီး (၂၀) နီးပါးသေဆုံး

ကဘူးလ် – အောက်တိုဘာ(၂) အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်က စာသင်စင်တာတစ်ခုအသေခံဗုံးခွဲတိုက်ခိုက်ခံရမှု ကြောင့် အနည်းဆုံး လူ(၁၉) ဦးသေဆုံးခဲ့ပြီး အများစုဟာ ကျောင်းသူတွေဖြစ်တယ်လို့ ရဲနဲ့ မျက်မြင်တွေ့ရှိသူ တွေက ပြောဆိုကြပါတယ်။ ဗုံးခွဲတိုက်ခိုက်ခံရချိန်မှာ ကျောင်းသူတွေဟာ လေ့ကျင့်ရေးတက္ကသိုလ် စာမေးပွဲအတွင်းရှိနေကြ တာဖြစ်ပြီး တိုက်ခိုက်မှုကိုတော့ ဘယ်အဖွဲ့ကလုပ်ဆောင်တယ်ဆိုတာ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။ အခင်းဖြစ်ပွားခဲ့တဲ့ ဒေသဟာ လူနည်းစုဖြစ်တဲ့ Hazaras…

ဘာကီနာဖာဆိုမှာ စစ်အာဏာထပ်သိမ်း

ဘာကီနာဖာဆို – အောက်တိုဘာ (၂) ဘာကီနာဖာဆို နိုင်ငံကို ဒါဇင်နဲ့ ချီတဲ့ စစ်သားတွေက ထိန်းချုပ်လိုက်ပြီးတဲ့နောက်မှာ နိုင်ငံပိုင်ရုပ်သံလိုင်းကနေ အာဏာသိမ်း လိုက်ပြီဖြစ်တယ်လို့ ကြေညာခဲ့တဲ့ အတွက် လက်ရှိသမ္မတဟာ အာဏာမှ ဖယ်ရှားခံခဲ့ရပါတယ်။ စစ်အစိုးရ ပြောရေးဆိုခွင့်ရှိသူရဲ့ ထုတ်ပြန်ချက်ထဲမှာ အစ္စလာမ်မစ်အကြမ်းဖက်မှုတွေကို နှိမ်နင်းဖို့ အရှိန်အဟုန်မြှင့် ဆောင်ရွက် နေတဲ့ အနောက်အာဖရိကနိုင်ငံမှာ စစ်ခေါင်းဆောင် အသစ်ပေါ်ထွက်လာပြီလို့ ပါရှိခဲ့တာပါ။…

KNDF B-11 ရဲဘော်တွေစွမ်းဆောင်ရည် ပိုမိုတိုးတက်ဖို့မွမ်းမံသင်တန်းဆင်းပွဲပြုလုပ်

လွိုင်ကော်၊ အောက်တိုဘာလ (၂) ရဲဘော်တွေရဲ့ စွမ်းဆောင်ရည် တိုးတက်ကောင်းမွန်စေဖို့အတွက် KNDF B-11 မွမ်းမံသင်တန်းကို ဖွင့်လှစ်ခဲ့ပြီး အောက်တိုဘာလ (၁) ရက်နေ့မှာ မွမ်းမံသင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့ပါတယ်။ သင်တန်းကာလ ပင်ပန်းဆင်းရဲခံပြီး စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ပေါ်ပေါက်ဖို့အတွက် မိမိတို့ရဲ့ အသက် သွေး ချွေး ပေးဆပ်ပြီး အာဏာရှင်ဟူသမျှကို တော်လှန်တိုက်ခိုက်သွားမယ်လို့လည်း KNDF B-11 သင်တန်းသားတွေက ကတိသစ္စာပြုခဲ့ကြပါတယ်။…

ဒီပဲယင်း ဝေဟင်တိုက်ခိုက်မှုမှာ စစ်ကောင်စီက မုံရွာကို ဖမ်းခေါ်သွားတဲ့ ကလေးတစ်ဦး ပြန်လွတ်လာ

ဒီပဲယင်း၊ အောက်တိုဘာ (၂) စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာမှာ စစ်ကောင်စီတပ်က ဝေဟင်နဲ့ မြေပြင်တိုက်ခိုက်မှုတွေအပြီးမှာ မုံရွာ ဘက်ကို ဖမ်းခေါ်သွားတဲ့ ကလေးငယ်နှစ်ဦးအနက် တစ်ဦးပြန်လွတ်လာပြီလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြန်လွတ်လာတဲ့ ကလေးငယ်ဟာ Grade -1 ကျောင်းသား မောင်ဘုန်းပြည့်စုံကျော် ဖြစ်ပြီး သူဟာမျက်စိထိခိုက်ထားလို့ မုံရွာ စစ်ဆေးရုံကနေ ဆေးကုသမှုခံယူခဲ့ပြီး သက်သာလာတာမို့ ကလေးမိဘတွေကို…

အင်ဒိုနီးရှားက ဘောလုံးပွဲစဉ်တခုရဲ့ ပဋိပက္ခအတွင်း လူပေါင်း ၁၃၀ နီးပါးသေဆုံးခဲ့ပြီး ၃၀၀ ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့

ဂျာကတာ၊ အောက်တိုဘာ ၂ အင်ဒိုနီးရှားနိုင်ငံရဲ့ ဂျာဗားကလပ်အသင်းတွေဖြစ်တဲ့ အာရီမာနဲ့ ပါဆာဘယအသင်းတို့ ဟာ ပြီးခဲဲ့တဲ့ စနေနေ့ညက ကျင်းပတဲ့ အင်ဒိုနီးရှားလိဂ်ဘောလုံးပွဲစဉ်တခုအတွင်း အားပေးသူအချင်းချင်းအကြား ပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက် လူပေါင်း (၁၃၀)ဦးခန့် သေဆုံးခဲ့သလို လူ(၃၀၀)ခန့်ကလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အင်ဒိုနီးရှားကလာတဲ့ သတင်းတွေအရ သိရပါတယ်။ ပွဲပြီးရလဒ်ဖြစ်တဲ့ ၃ ဂိုး ၂ ဂိုးနဲ့ အိမ်ရှင်အသင်းဖြစ်တဲ့ အာရီမာရှုံးနိမ့်အပြီးမှာပဲ ပရိတ်သတ်တွေဟာ…

ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ စစ်ကောင်စီယာဉ်တန်း တစ်ရက်တည်း ၂ ကြိမ် တိုက်ခိုက်ခံရ

ရေး၊ အောက်တိုဘာ (၂) မွန်ပြည်နယ်၊ ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ အောက်တိုဘာ ၁ ရက်နေ့ တစ်ရက်တည်း စစ်ကောင်စီယာဉ်တန်း ၂ ကြိမ်တိုက်ခိုက်ခံလိုက်ရပြီး အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က အထိနာခဲ့တယ်လို့ ဒေသပြည်သူ့ ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အောက်တိုဘာ ၁ ရက်နေ့ မနက် ၁၀ နာရီလောက်မှာ သံဖြူဇရပ်ကနေ ရေးဘက်ကို မောင်းနှင်းလာတဲ့ ကား…

တနင်္သာရီတိုင်းမှာ စက်ဘီး၊ ဆိုင်ကယ်၊ ကားစီးသူတွေကို စစ်တပ်နဲ့ရဲတို့ အကြောင်းပြချက်မျိုးစုံပြ ငွေညှစ်နေ

တနင်္သာရီ၊ အောက်တိုဘာ (၂) တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်တွေမှာ စစ်ကောင်စီလက်အောက်ခံ စစ်တပ်နဲ့ရဲတို့ပူးပေါင်းပြီး ကား၊ ဆိုင်ကယ်၊ စက်ဘီးတွေနဲ့ ခရီးသွားလာကြသူတွေကို အကြောင်းပြချက်မျိုးစုံပေးပြီး ဖမ်းဆီးငွေညှစ်နေတယ်လို့ ဒေသခံတွေနဲ့ ကိုယ်တိုင်ကြုံခဲ့ရသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီလက်အောက်ခံ စစ်တပ်နဲ့ရဲ ပူးပေါင်းအဖွဲ့ဟာ ပြီးခဲ့တဲ့လကစပြီး ကား၊ ဆိုင်ကယ်၊ စက်ဘီးတွေနဲ့ သွားလာနေတဲ့သူတွေကို ပိတ်ဆို့ရှာဖွေစစ်ဆေးပြီး အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးငွေညှစ်တာတွေ ဆက်တိုက် လုပ်ဆောင်နေတာပါ။…

ပွင့်ဖြူမြို့နယ် NLD ပါတီ အလုပ်အမှုဆောင် အပါအဝင် ဒေသခံ ၂၀ ဦး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရ

ပွင့်ဖြူ၊ အောက်တိုဘာ (၂) မကွေးတိုင်း၊ စေတုတ္တရာမြို့မှာ ဖမ်းဆီးခံလိုက်ရတဲ့ ပွင့်ဖြူမြို့နယ် NLD ပါတီအလုပ်အမှူဆောင် အပါအဝင် ဒေသခံ ၂၀ ဦးကို စစ်ကောင်စီက နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်တယ်လို့ ပွင့်ဖြူမြို့နယ် NLD ပါတီက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီဟာ NLD ပါတီ အလုပ်မှုဆောင် ဦးဝင်းဇော်ဦး အပါအဝင် ဒေသခံ ၁၁ ဦးကို…

ဗမာပြည်နယ်ဖွဲ့စည်းရေး တင်ပြချက်အပေါ် စစ်ခေါင်းဆောင် လက်မခံ

ရန်ကုန်၊ အောက်တိုဘာ (၂) ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) တင်ပြခဲ့တဲ့ အမျိုးသား တန်းတူရေးကို ဖော်ဆောင်နိုင်ဖို့ ဗမာပြည်နယ် ဖွဲ့စည်းရေး တင်ပြချက်အပေါ် စစ်ခေါင်းဆောင်က လက်မခံဘူးလို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ SSPP ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စိုင်းဆုက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နေ့က စစ်ကောင်စီ ဖိတ်ခေါ်တဲ့ ဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ရှမ်းပြည်တိုးတက်ရေးပါတီ…