ဂျာကာတာ၊ အောက်တိုဘာ(၁) 

အင်ဒိုနီးရှားနိုင်ငံမှာ ကိုဗစ် ၁၉ ကာကွယ်ဆေးကို ပြည်တွင်းမှာပင်  စမ်းသပ်ထုတ်လုပ်ခဲ့ပြီး အရေးပေါ်အသုံးပြုဖို့ အတည် ပြုထားတယ်လို့ ပြည်သူ့ကျန်းမာရေး အေဂျင်စီက စက်တင်ဘာ (၃၀) ရက်နေ့မှာ ပြောပါတယ်။

ကိုဗစ်ကပ်ဘေးကာလ စတင်ကတည်းက နိုင်ငံပိုင်ကာကွယ်ဆေးတွေကို ထုတ်လုပ်နိုင်ဖို့ အရေးကြီးတယ်လို့ အင်ဒိုနီးရှား နိုင်ငံ က အသားပေး ပြောကြားခဲ့ပြီး အခုအခါမှာတော့ တရုတ်နိုင်ငံထုတ် Sinovac ၊ အနောက်နိုင်ငံထုတ် Moderna နဲ့ Pfizer တို့ကို  အသုံးပြုလျှက် ရှိနေတာပါ။

IndoVac Jab လို့ အမည်ပေးထားတဲ့ ပြည်တွင်းထုတ် ကာကွယ်ဆေးကို  အင်ဒိုနီးရှားနိုင်ငံပိုင် ဆေးဝါးကုမ္ပဏီဖြစ်တဲ့ Bio Farma နဲ့ Texas အ‌ခြေပြု ဆေးဘက်ဆိုင်ရာ ကောလိပ်တစ်ခုတို့က ပူးပေါင်းထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ IndoVac ကာကွယ်ဆေးဟာ ရောဂါကာကွယ်နိုင်စွမ်း ၉၂ ရာခိုင်နှုန်းခန့် အာနိသင်ရှိပြီး ဆေးစမ်းသပ်မှုတွေအတွင်းမှာ လည်း လူသေဆုံးမှုမရှိကြောင်း သတင်းထုတ်ပြန်ထားသလို မပြောပလောက်တဲ့ ဘေးထွက်ဆိုးကျိုးအနည်းတော့ ရှိတယ်လို့ ပြောကြားထားပါတယ်။

အင်ဒိုနီးရှားအနေနဲ့ IndoVac ကို အားဖြည့်ကာကွယ်ဆေး (Booster) အတွက် အသုံးပြုမယ်လို့ သိရပါတယ်။

ယမန်နှစ်က အင်ဒိုနီးရှားနိုင်ငံဟာ အာရှမှာ ကိုဗစ်ကူးစက်မှုရဲ့ ဗဟိုချက်မ ဖြစ်ခဲ့ပြီး နိုင်ငံတဝှမ်းလုံးမှာ ဒယ်လ်တာ ဗိုင်းရပ်စ် ပျံ့နှံ့ ကူးစက်ခဲ့တာပါ။ ဒါပေမယ့် နှစ်ကုန်ပိုင်းမှာ နေ့စဉ် ကူးစက်မှုနှုန်းလျော့ကျပေမယ့်လည်း အိုမီခရွန်ကူးစက်ပြန်တာကြောင့် အတည်ပြုလူနာ တစ်နေ့လျှင် ၃၀၀၀၀ ကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။

အ‌ရှေ့တောင်အာရှရဲ့ စီးပွားရေးအကြီးဆုံးနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားဟာ ကိုဗစ်ကူးစက်မှု ဖြစ်စဉ် ၆.၄ မီလီယမ် အထိစမ်းသပ် ဖော်ထုတ်ထားနိုင်ပြီး သေဆုံးမှုနှုန်း ၁၆၀၀၀၀ နီးပါးရှိနေတာပါ။

တခြားသော ဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့ နှိုင်းယှဉ်တဲ့အခါမှာလည်း  အင်ဒိုနီးရှားနိုင်ငံအတွင်း ကာကွယ်ဆေးထိုးနှံမှုမှာ နှေးကွေးလျှက်ရှိ ပြီး လူဦးရေ သုံးပုံနှစ်ပုံထက်နည်းတဲ့ လူအရေအတွက်ဖြစ်တဲ့ ကာကွယ်ဆေးအလုံးရေ ၂၇၀ မီလီယမ်အထိသာ ထိုးနှံပေးထား နိုင်တာဖြစ်ပါတယ်။

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.