ဘန်ကောက် – အောက်တိုဘာ(၁) 

ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာရဲ့ ရာထူးတာဝန်အတွက် သတ်မှတ်ထားတဲ့ ရှစ်နှစ် သက်တမ်းကို ကျော်လွန်ဖို့ ရှိမရှိ ဆုံးဖြတ်တဲ့ အမှုနဲ့ ပတ်သက်ပြီး ထိုင်းအခြေခံ ဥပဒေတရားရုံး ကစက်တင်ဘာလ(၃၀) ရက်နေ့မှာ စီရင်ချက်ချမှတ်မှာ ဖြစ်ပါတယ်။ 

ဝန်ကြီးချုပ်မဖြစ်ခင် ၂၀၁၄ ခုနှစ်က အာဏာသိမ်းခဲ့တဲ့ ပရာယွတ်ဟာ ပြီးခဲ့တဲ့ လကစပြီး ရာထူးက နုတ်ထွက်သင့်တယ်ဆိုတဲ့ အတိုက်အခံဖြူထိုင်းပါတီက တရားရုံးကို စွဲတဲ့ အမှုကို လွန်ခဲ့တဲ့ ငါးပတ်အကြာမှာ ဆိုင်းငံ့ထားခဲ့တာပါ။ 

ရှစ်နှစ်တာကာလအတွင်း ဖြူထိုင်းအစိုးရကို ဖြုတ်ချပြီးနောက် ပရာယွတ်ရဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်အဖြစ် တာဝန်ယူချိန်ကို ထည့်သွင်းစဉ်းစားမလားဆိုတာ တရားရုံးက ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။ 

၂၀၁၉ ခုနှစ် ရွေးကောက်ပွဲကျင်းပပြီး ပါလီမန်အသစ်က ညွန့်ပေါင်းအစိုးရကို ဦးဆောင်ဖို့ သူ့ကို ရွေးချယ်ခဲ့တဲ့ အချိန်ကစပြီး (၈) နှစ်သက်တမ်းကို ရေတက်သင့်တယ်လို့ ထောက်ခံသူ တချို့က ပြောဆိုနေကြပါတယ်။ 

ရာထူးသက်တမ်းပြဿနာဟာ အငြိမ်းစားဗိုလ်ချုပ်ဖြစ်တဲ့ သူ့ကို ဖယ်ရှားဖို့ ကြိုးပမ်းမှုတွေထဲက တစ်ခုဖြစ်ပြီး ပါလီမန်မှာ ဆဲဆိုကြိမ်းမောင်းမှုလေးကြိမ်၊စစ်ဘက်ဆိုင်ရာ နေအိမ်ကို ဆက်လက် အသုံးပြုမှု၊အကျိုးစီးပွားပဋိပက္ခ၊သူ့ရဲ့ ခေါင်းဆောင်နိုင်မှုနဲ့ ဘုရင်စနစ်ကို စိန်ခေါ်တဲ့ လပေါင်း များစွာသော ဆန္ဒပြမှုတွေနဲ့အတူ ကြိုးပမ်းနေတာဖြစ်တယ်လို့ သိရပါတယ်။ 

ဘန်ကောက်မြို့ရဲ့ စီးပွားရေးအချက်အခြာကျတဲ့ ခရိုင်တရားရုံးက သူ့ရဲ့ စီရင်ချက်ကို ဖတ်ကြား ချိန် အစိုးရဆန့်ကျင်ရေး အုပ်စုနှစ်စုက စုရုံးဖို့ စီစဉ်နေသလို ရဲဝန်ထမ်း(၃၀၀) ကိုတော့ တရားရုံး တဝိုက်မှာ တပ်ဖြန့်ထားမှာဖြစ်တယ်လို့ သိရပါတယ်။ 

အစိုးရပြောရေးဆိုခွင့်ရှိသူက မသေချာမရေရာမှုမှန်သမျှကို ရှင်းပစ်မယ်လို့ ပြောဆိုနေတဲ့ ပြည် သူတွေကို လေးစားလိုက်နာဖို့ ပြည်သူတွေကို တိုက်တွန်းထားပါတယ်။ 

“ဝန်ကြီးချုပ်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးရဲ့ စီရင်ချက်ကို လက်ခံဖို့ အဆင်သင့်ပါပဲ” လို့ သူက ပြောပါသေးတယ်။ 

ရွေးကောက်ပွဲကော်မရှင်ရဲ့ အဆိုအရ လာမယ့်နှစ် မေလ(၇) ရက်နေ့က နောက်ဆုံးထားပြီး ရွေး ကောက်ပွဲကျင်းပဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ 

“တရားရုံးစီရင်ချက်ချခြင်းဟာ ပရာယွတ်ရဲ့အနာဂတ်ကို ဆုံးဖြတ်လိမ့်မယ်၊ “ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေကြတဲ့ နိုင်ငံရေးပါတီတွေက ပရာယွတ်အနေနဲ့ နောက်တစ်ကြိမ် ရာထူးပြန် အရွေးခံနိုင်မလားဆိုတာ သိချင်နေကြပါတယ်”  လို့ Ubon  Ratchathani တက္ကသိုလ် နိုင်ငံရေး သိပ္ပံဌာန ဌာနမှုးက မှတ်ချက်ပေးခဲ့ပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.