September 2022

လာလီဂါရဲ့ အကောင်းဆုံး ကစားသမား ဆု ၃ ဆုကို ရီးရဲလ်တိုက်စစ်မှူး ဘန်ဇီမာ ဆွတ်ခူးရရှိ

မော်လမြိုင်၊ စက်တင်ဘာ (၂၉) ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဝါရင့်တိုက်စစ်မှူး ဘန်ဇီမာဟာ ပြီးခဲ့တဲ့ ၂၀၂၁- ၂၀၂၂ ဘောလုံးရာသီအတွက် စပိန်လာလီဂါ အကောင်ဆုံး ကစားသမား ကစားသမားဆုအပါအဝင် အကောင်းဆုံးဆု ၃ ဆုကို ဆွတ်ခူးရရှိခဲ့တာပါ။ အသက် ၃၄ နှစ်အရွယ် ပြင်သစ်လက်ရွေးစင် ဝါရင့်တိုက်စစ်မှူး ဘန်ဇီမာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ရီးရဲလ်ဖက်ဒရစ်အသင်းကို လာလီဂါချန်ပီယံဆုနဲ့ ချန်ပီယံလိဂ်ဖလားတွေ ရယူပေးရာမှာ…

ဆော်ဒီဘုရင်က သားတော် အိမ်ရှေ့မင်းသားကို ဝန်ကြီးချုပ်အဖြစ်ခန့်အပ်

ရီးယာ့ဒ်၊ စက်တင်ဘာ (၂၉) ဆော်ဒီအာရေဗျ ဘုရင် ဆာလ်မန်ဘင် အဘ်ဒူလာဇီဟာ သားတော် အိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆာလ်မန်ကို နိုင်ငံ တော်ရဲ့ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ပြီး ဒုတိယသားတော် မင်းသားခါးလ်လစ်ကိုတော့ ကာကွယ်ရေးဝန်ကြီး အဖြစ် ခန့်အပ်ခဲ့ ပါတယ်။ ဒါ့အပြင် နောက်ထပ် သားတော်ဖြစ်တဲ့ မင်းသား အဘ်ဒူလာဇီ ဘင်ဆာလ်မန်ကိုတော့ စွမ်းအင်ဝန်ကြီး ရာထူးကို လွှဲပြောင်း…

ထိုင်းနိုင်ငံမှာ သီတင်းပတ် ၂၀ ရှိတဲ့ ကိုယ်ဝန်ဖျက်ချခြင်းကို ဥပဒေအရ ခွင့်ပြု

ဘန်ကောက် – စက်တင်ဘာ(၂၉) ထိုင်းနိုင်ငံမှာ ရက်သီတင်းပတ် ၂၀ အထိ သက်တမ်းရှိတဲ့ ကိုယ်ဝန်ဖျက်ချခြင်းကို တရားဝင်ခွင့်ပြုပေးမယ်လို့ ထိုင်းအစိုးရက စက်တင်ဘာလ ၂၇ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ ကိုယ်ဝန်ဆောင်တွေ အတွက်လည်း အရင်က သတ်မှတ်ထားတဲ့ ဆေးကုသမှုဆိုင်ရာ လုပ်ငန်းစဉ်တွေကိုပါ လျော့ချပေးသွားဖို့ ရှိနေတာပါ။ ဗုဒ္ဓဘာသာဝင် အများဆုံးနေထိုင်တဲ့ ထိုင်းနိုင်ငံအတွင်း ကိုယ်ဝန်ဖျက်ချခြင်းဟာ တရားမဝင်တဲ့ အခြေအနေဖြစ်ခဲ့တဲ့အတွက် ပြီးခဲ့တဲ့…

အာဏာသိမ်းခံလိုက်ရတယ်လို့ ကောလဟာလတွေထွက်ခဲ့တဲ့ သမ္မတရှီကျင့်ဖျင် ရုပ်သံလိုင်းမှာ ပြန်ထွက်ပေါ်လာ

ပေကျင်း – စက်တင်ဘာ(၂၉) တရုတ်ခေါင်းဆောင်ဟာ အာဏာသိမ်းခံလိုက်ရပြီဆိုတဲ့ ကောလဟာလတွေ ထွက်ပေါ်စေခဲ့တဲ့ ရက်အတော်ကြ လူထုမြင်ကွင်းက ပျောက်ကွယ်ပြီးနောက်မှာတော့ စက်တင်ဘာလ(၂၇) ရက်နေ့ ကနိုင်ငံပိုင်ရုပ်သံလိုင်းမှာ လူလုံးထွက်ပြခဲ့ပါတယ်။ တရုတ်ထိပ်တန်းခေါင်းဆောင်တွေနဲ့အတူ အာဏာရကွန်မြူနစ်ပါတီနဲ့ ပြည်သူ့လွတ်မြောက်ရေး တပ်မတော်အကြီးအကဲဖြစ်တဲ့ ခေါင်းဆောင်ရှီဟာ ဘေဂျင်းက ပြပွဲခန်းမတစ်ခုကို သွားရောက် ကြည့်ရှု့ခဲ့ပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင် နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှု အတွက် မှတ်ချက် ပေးခဲ့ပါသေးတယ်။…

ဒဏ်ရာရရှိနေတဲ့ စစ်ကောင်စီတပ်သားတွေ သူတို့မိခင်တပ်ရင်းတွေရဲ့လျစ်လျူရှုခံနေရ

စစ်တွေ – စက်တင်ဘာ(၂၉) လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒဏ်ရာရရှိနေတဲ့ နယ်ခြားစောင့်ရဲတချို့နဲ့ စစ်ကောင်စီတပ် ဖွဲ့ဝင်တွေကို သူတို့ရဲ့ မိခင်အဖွဲ့အစည်းက တာဝန်ရှိသူတွေကိုလာခေါ်ဖို့ အကြောင်းကြားထားပေ မယ့် လျစ်လျူရှုခံထားရတယ်လို့ ရက္ခိုင့်တပ်တော် AA က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ(၂၃) ရက်နေ့ ညပိုင်းက စစ်ကောင်စီ ဂျက်တိုက်လေယာဉ်(၃) စီးနဲ့ ပစ်ခတ်တိုက်ခိုက် ခဲ့တဲ့အတွက် AA ရဲ့ အကျဉ်းထောင်နှစ်ခုကိုထိမှန်ခဲ့ပြီး…

ရန်ကုန် ဒဂုံမြို့သစ်(တောင်ပိုင်း)က KTV တစ်ခုမှာ ဗုံးပေါက်ကွဲ

ရန်ကုန်၊ စက်တင်ဘာ (၂၉) ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိတောင်မြောက် လမ်းဆုံအနီး၊ အမှတ်(၂)လမ်းမကြီးပေါ်က Good Luck KTV ဆိုင် ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီလို ဖောက်ခွဲတိုက်ခိုက်မှုဟာ ယနေ့ စက်တင်ဘာလ ၂၉ရက်နေ့ နံနက် ၄နာရီအချိန်ခန့်မှာ ဖြစ်ပွားခဲ့တာပါ။”မနက်အစောပိုင်းက အသံကြားလိုက်တယ်။ အမှတ် ၂လမ်းပေါ်က ကေတီဗွီဆိုင်လို့ပြောတယ်။ အဲ့ဆိုင်ရဲ့ပိုင်ရှင်က စစ်ကောင်စီနဲ့ဆက်နွယ်နေလို့ တိုက်ခိုက်ခံရတာဆိုပြီး ပြောနေကြတယ်။ မနက်အစောပိုင်းဆိုတော့…

ရေဖြူမြို့နယ်မှာ စစ်ကောင်စီတပ်က ဒေသခံတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထား

ရေဖြူ၊ စက်တင်ဘာ (၂၉) တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ နှမ်းကြဲနဲ့ကျေးဇူးတော်ကျေးရွာထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က ဒေသခံပြည်သူ ၂၀ ထက်မနည်းကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တပ်အင်အား ၁၃၀ ကျော် ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်နေ့မှာ နှမ်းကြဲနဲ့ကျေးဇူးတော်ကျေးရွာထဲကို စစ်ကြောင်းထိုးပြီး ဝင်ရောက် တပ်စွဲနေထိုင်နေတာ…

စစ်အာဏာသိမ်း (၆၀၅) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၃၂၄ ဦး အထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ (၂၉) AAPP ၏ စက်တင်ဘာလ (၂၈) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးတွင် စစ်အာဏာသိမ်းမှုကာလ ရက် (၆၀၅)အတွင်း ပြည်သူ (၂၃၂၄)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။ ဖမ်းဆီးခံရသူပေါင်း ၁၅၆၈၃ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်သည်။ ပြန်လည်လွတ်မြောက်လာသူ စုစုပေါင်း(၃၁၂၁) ဦး ရှိသည်။ အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်သတ်ဖြတ်မှုများတွင် ရန်ကုန်မြို့မှ…

PDF တွေက ကုန်ကားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတယ်ဆိုတဲ့ သတင်းအမှား

အမှန်/အမှား စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနှင့် ပတ်သက်ပြီး လူမှုကွန်ယက် ပေါ်မှာပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့”ကုန်ကားတွေကို ပစ်မှတ်ထားတိုက်ခိုက်ပြီး လူသတ်/ပစ္စည်းလု လုပ်လာတဲ့ အကြမ်းဖက်ပဒက်များ”သတင်းကို စီစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းအရာကို စစ်တပ်ထောက်ခံသူတွေက စက်တင်ဘာလ( ၂၈) နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။ စစ်တပ်အား…

ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဖက်ဒရယ်အခွင့်အရေးတွေကိုသာ ပေးအပ်မယ်လို့ စစ်ခေါင်းဆောင် ပြော

နေပြည်တော်၊ စက်တင်ဘာ (၂၈) မြန်မာစစ်တပ်ဟာ နိုင်ငံတော်ကို ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ် အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်နေပြီး ဖက်ဒရယ်အခွင့်အရေးတွေ ပေးအပ်ရာမှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဖက်ဒရယ်အခွင့်အရေးတွေကိုသာ ပေးအပ်သွားမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာ အခုလို ပြောဆိုခဲ့တာဖြစ်ပြီး ဖက်ဒရယ်စနစ် ကျင့်သုံးတဲ့…