မွန်ပြည်သစ်ပါတီ စစ်ကောင်စီ ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မတက်ဖို့ ၉၁ ရာခိုင်နှုန်းကျော် သဘောထားပေးတဲ့ စစ်တမ်းတစ်ခု ထွက်ပေါ်
မော်လမြိုင်၊ စက်တင်ဘာ (၁၅) အာဏာသိမ်း စစ်ကောင်စီ ဖိတ်ခေါ်တဲ့ ဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မွန်ပြည်သစ်ပါတီ (NMSP) အနေနဲ့ တက်ရောက်ဖို့ မသင့်ကြောင်း သဘောထားပေးထားတဲ့ စစ်တမ်းတစ်ခုကို မွန်လူငယ်တွေ ဦးဆောင်တည်ထောင်ထားတဲ့ လဂွန်းအိမ်စာစဉ်က စက်တင်ဘာ ၁၃ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ မွန်ပြည်သစ်ပါတီအနေနဲ့ စစ်ကောင်စီ ဖိတ်ခေါ်တဲ့ ဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲအပေါ် တက်ရောက်သင့် မသင့် ပြည်သူလူထုရဲ့…