ဇူရစ် – စက်တင်ဘာ(၂၇) 

ဆွစ်ဇာလန်နိုင်ငံမှာ မိုဒန်နာကိုဗစ်ကာကွယ်ဆေး (၁၀.၃) သန်းကို ဒီသီတင်းပတ်မှာ သက်တမ်း ကုန်ဆုံးတော့မှာဖြစ်တဲ့အတွက် ဖျက်ဆီးသွားမှာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြာခဲ့ ပါတယ်။ 

ပြီးခဲ့တဲ့ စက်တင်ဘာလ(၂၁) ရက်နေ့က ဆေးတွေ သက်တမ်းကုန်ဆုံးပြီးနောက် ဖယ်ရှား ဖျက်ဆီးလိုက်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိဘူးလို့ ဝန်ကြီးဌာနက ပြောဆိုခဲ့တယ်လို့ Keystone-ATS သတင်းဌာနက ထုတ်ပြန်ထားတာပါ။ 

ဆေးပမာဏ(၂.၅)သန်းကို ဆွစ်ဇာလန်စစ်တပ် ထောက်ပံ့ပို့ဆောင်ရေးစခန်းမှာ သိမ်းဆည်းထား သလို (၇.၈) သန်းကိုတော့ ဘယ်လ်ဂျီယံ က ပြင်ပသိုလှောင်ရုံတစ်ခုမှာထားရှိတယ်လို့ သိရပါ တယ်။ 

ဖျက်ဆီးဖို့ သတ်မှတ်ထားတဲ့ ဆေးဝါးတွေရဲ့ စုစုပေါင်းတန်ဖိုးမှာ ဆွစ်ဖရန့်ငွေသန်း (၂၈၀) အမေရိကန်ဒေါ်လာ (၂၈၅) သန်း တန်ဖိုးရှိတယ်လို့ ဆွစ်ဇာလန်သတင်းဝက်ဘ်ဆိုက်တစ်ခုက အစီရင်ခံထားပါတယ်။ 

ကျန်းမာရေးဝန်ကြီးဌာနက ကမ္ဘာလုံးဆိုင်ရာ ကိုဗစ် ရောဂါကိုတိုက်ဖျက်ဖို့ ကာကွယ်ဆေးတွေ အပြိုင်အဆိုင် ဝယ်ယူရေးဗျူဟာကို ထောက်ပြခဲ့ပြီး နောက်ဆုံးမှာ ထိရောက်မှုမရှိဘူးဆိုတာ သက်သေပြနိုင်တဲ့ ကာကွယ်ဆေးတွေအပေါ်မှီခိုမှုမဖြစ်စေဖို့နဲ့ ပို့ဆောင်ရေးဆိုင်ရာ ပြဿနာတွေ ကိုစောင့်ကြည့်ဖို့အတွက် ကာကွယ်ဆေးထုတ်လုပ်သူတွေကိုညွှန်ကြားထားပါတယ်။ 

မိုဒန်နာနဲ့ Pfizer-BioNTech တို့ဟာ mRNA နည်းပညာကို အခြေခံထားတဲ့ ကာကွယ်ဆေးတွေ ထိရောက်မှု နည်းလာခဲ့သလို ပမာဏများစွာပိုလျှံနေခဲ့ပြီး Swissinfo သတင်းဝဘ်ဆိုဒ်မှ ခန့် မှန်းချက်အရ ဆွစ်ဇာလန်မှာ ကိုဗစ် ကာကွယ်ဆေးအမျိုးမျိုးရဲ့ ပမာဏ (၃၈) သန်းကျော် ရှိပြီး ဒီနှစ်မကုန်ခင် သက်တမ်းကုန်ဆုံးမှာဖြစ်တယ်လို့ သိရပါတယ်။ 

လာမယ့် အောက်တိုဘာလမှာ သူတို့ရဲ့ နောက်ထပ်အားဖြည့်ကာကွယ်ဆေးအစီအစဉ်အသစ် စတင်ချိန်မှာ လိုက်လျောညီထွေဖြစ်အောင် မိုဒန်နာ ကာကွယ်ဆေးအသစ် (၃.၅) သန်း ရရှိနိုင် မယ်လို့ ဝန်ကြီးဌာနက ပြောဆိုထားပါတယ်။ 

ဆွစ်ဇာလန်နိုင်ငံမှာ ကိုဗစ်ကြောင့် သေဆုံးသူ(၁၃၅၅၆) ဦးရှိခဲ့ပြီး လူဦးရေ(၈.၇) သန်းရဲ့ (၇၀) ရာခိုင်နှုန်းနီးပါးကို ကာကွယ်ဆေးအပြည့် ထိုးပေးထားတယ်လို့ သိရပါတယ်။ 

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.