ဖနွမ်းပင်၊ စက်တင်ဘာ (၂၅)
ကမ္ဘောဒီးယားနိုင်ငံ ကမ်းရိုးတန်းမြို့တော် ဆီဟန်နောက်ဗီလီ အနီးမှာ ရှိတဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လူဦးရေ ၄၀ တင်ဆောင် လာတဲ့ လှေတစ်စင်းတိမ်းမှောက်ခဲ့ပြီး အနည်းဆုံး တရုတ်နိုင်ငံသား ၁၀ဦး ပျောက်ဆုံးခဲ့ကာ ကယ်ဆယ်ရေးသမားများက ရှာဖွေ လျှက်ရှိပါတယ်။
ဆီဟန်နောက် ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ အနည်းဆုံး လူ ၁ ဦးသေဆုံးခဲ့ကာ ဗီယက်နမ်အာဏာ ပိုင်တွေက လူ ၉ ဦးအထိ ကယ်တင်ထားနိုင်ခဲ့တယ်လို့ ပြောပါတယ်။
ကမ္ဘောဒီးယားဘက်မှ ကယ်တင်ထားတဲ့ အသက်ရှင်ကျန်ရစ်သူ ၂၁ ဦးထံသို့ တရုတ်သံအမတ်နှင့် သက်ဆိုင်ရာ ဒေသန္တရ အုပ်ချုပ်ရေးမှူးမှ သွားရောက်တွေ့ဆုံခဲ့တယ်လို့ သိရပြီး အဲဒီလှေတိမ်းမှောက်မှုက စက်တင်ဘာ ၂၂နေ့ နံနက်အစောပိုင်းမှာ ဖြစ်ပွားခဲ့တာပါ။
လှေမှောက်ရတဲ့ အကြောင်းအရင်းကို ရှင်းလင်းစွာ မသိရသေးပဲ အသက်ရှင်ကျန်ရစ်သူတွေထံကနေ မေးမြန်းမှုတွေ ပြုလုပ် လျှက်ရှိကာ ကမ္ဘောဒီးယား အာဏာပိုင်တွေကတော့ ပျောက်ဆုံးလျက်ရှိတဲ့ တရုတ်နိုင်ငံသားတွေရဲ့ မှတ်ပုံတင်တွေကို ထုတ်ဖော် ပြောကြားခဲ့ခြင်းမရှိခဲ့ပါဘူး။
ဆီဟန်နောက်ဗီလီမြို့ဟာ တရုတ်နဲ့ ဆက်စပ်တဲ့ ကာစီနိုတွေနဲ့ ဆိုက်ဘာမှုခင်းတွေ ဖြစ်ပွားလေ့ရှိတဲ့ ကမ္ဘောဒီးယားနိုင်ငံရဲ့ မြို့တစ်မြို့ လည်းဖြစ်ပါတယ်။
Ref:CNA