September 25, 2022

ပုလောမြို့နယ် KNU ထိန်းချုပ်ဒေသမှာ စစ်ကောင်စီထုတ်ကုန်ပစ္စည်း အဝင်မခံဖို့ အမိန့်ထုတ်

ပုလော၊ စက်တင်ဘာ (၂၅) တနင်္သာရီတိုင်းဒေသကြီး၊ KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ ပုလောမြို့နယ်အတွင်း မူးယစ်ဆေးဝါးနဲ့ စစ်ကောင်စီ ထုတ်ကုန်ပစ္စည်းတွေ သယ်ဆောင်တာတွေ မလုပ်ကြဖို့ ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDF က စက်တင်ဘာ ၂၃ ရက်နေ့မှာ အမိန့်ထုတ်ပြန်လိုက်ပါတယ်။ KNU ထိန်းချုပ်ထားတဲ့ နယ်မြေတွေက ဒေသခံပြည်သူတွေအနေနဲ့ စစ်ရေးဂိတ်တွေ ဖြတ်သန်းရာမှာ မူးယစ်ဆေးဝါးနဲ့ စစ်ကောင်စီ ထုတ်ကုန်ပစ္စည်းတွေ သယ်ဆောင်တာတွေ မလုပ်ဖို့နဲ့…

နေအိမ်အဆောက်အဦး မီးရှို့ ဖျက်ဆီးမှုတွေကို အာဏာသိမ်း စစ်အုပ်စု ပိုမို ကျူးလွန်လာ

စစ်ကိုင်း၊ စက်တင်ဘာ (၂၅) အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အခုနောက်ပိုင်းကာလတွေမှာ တော်လှန်ရေးအားကောင်းတဲ့ နယ်မြေဒေသက နေအိမ်အဆောက်အဦး မီးရှို့ဖျက်ဆီးမှုတွေကို နေ့စဉ်နဲ့အမျှ ပိုမို ကျူးလွန်လာတယ်လို့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေနဲ့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP – Myanmar ရဲ့ စက်တင်ဘာ ၁၅ ရက်နေ့အထိ စာရင်းတွေအရ နိုင်ငံတဝန်း လက်နက်ကိုင်ပဋိပက္ခတွေအကြား မီးရှို့ဖျက်ဆီးခံရတာတွေ၊…

NU ဖာပွန်ခရိုင်မှာ စစ်ကောင်စီ လက်အောက်ခံ BGF က တပ်အင်အားတွေ ထပ်မံဖြည့်တင်းလာ

ဖာပွန်၊ စက်တင်ဘာ (၂၅) ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် KNLA တပ်မဟာ(၅)ထိန်းချုပ်နယ်မြေထဲကို စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ် BGF က တပ်အင်အားတွေ ထပ်မံဖြည့်တင်းလာပြီး ဒေသခံပြည်သူလူထုတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လက်ကျုးလွန်နေတယ်လို့ တပ်မဟာ(၅) ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ (၂၁)ရက်နေ့က နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ဝင်(၁၀၀)ကျော်ဟာ အုန်းတောလှေဆိပ်ကနေ တစ်ဆင့် တပ်မဟာ(၅)နယ်မြေအတွင်းကို ဝင်ရောက်လာပြီးနောက် ဒေသခံပြည်သူလူထုတွေကို…

ကလေးသူငယ်တွေအတွက် စစ်ကောင်စီကို အရေးယူနိုင်မယ့် အခင်းအကျင်း တစ်ခု ဖန်တီးပေးနိုင်ဖို့ တောင်းဆို

မော်လမြိုင်၊ စက်တင်ဘာ (၂၅) နိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်းမှုကြောင့် သေဆုံးထားတဲ့ ကလေးသူငယ်တွေအတွက် နိုင်ငံတကာအနေနဲ့ စစ်ကောင်စီကို အရေးယူနိုင်မယ့် အခင်းအကျင်း တစ်ခု ဖန်တီးပေးနိုင်ဖို့ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေက တောင်းဆိုလိုက်ပါတယ်။ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ခွဲကျော်ကာလအတွင်းမှာ စစ်ကောင်စီက လူနေအိမ်တွေနဲ့ စစ်ဘေးရှောင်စခန်းတွေကို ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ကလေးသူငယ် သေဆုံးမှု မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ပရောဂကြောင့်…

ကျိုက်ထိုမြို့ပေါ်မှာ မီတာခအကြွေး ကျန်တဲ့ နေအိမ်တွေကို စစ်ကောင်စီ မီးလိုက်ဖြတ်နေ

ကျိုက်ထို၊ စက်တင်ဘာ(၂၅) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ပေါ်မှာ အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်ဌာနက မီတာခအကြွေး ကျပ် ၅ သိန်းနဲ့အထက် ကျန်တဲ့ နေအိမ်တွေကို လျှပ်စစ်မီးဖြတ်တောက်တာတွေ ဆက်တိုက်လုပ်ဆောင်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်ဌာနဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ တတိယအပတ်ကစပြီး ကျိုက်ထိုမြို့ပေါ် ရပ်ကွက်တွေမှာ လျှပ်စစ်မီတာခ အကြွေး ကျပ်…

အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့ ပအိုဝ်းတိုင်းရင်းသားတွေ ပူးပေါင်းပါဝင်ဖို့ PNFC ပြောဆို

ပင်လောင်း – စက်တင်ဘာ(၂၄) အာဏာရှင်စနစ်အပြီတိုင်ချုပ်ငြိမ်းပြီး ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ ပအိုဝ်းပြည်သူတစ်ရပ်လုံး က တိုင်းရင်းသားပေါင်းစုံနဲ့ အတူပူးပေါင်းပါဝင်ဖို့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)ကတိုက်တွန်း လိုက်ပါတယ်။ စက်တင်ဘာလ(၂၄) ရက်နေ့မှာ ကျရောက်တဲ့ (၄၇) ပအိုဝ်းအမျိုးသားအာဇာနည်နေ့အထိမ်းအမှတ် တိုက်တွန်းချက်မှာထည့်သွင်းဖော်ပြခဲ့တာပါ။ “အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ စွန့်လွှတ်မှုတွေအနစ်နာခံမှုတွေ ဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံရဲ့ အမျိုးသားလွတ်မြောက်မှုတော်လှန်ရေးကို ဆောင်ရွက်ခဲ့ကြတယ်။ ပအိုဝ်းတွေဟာ အမျိုးသားလွတ် မြောက်ရေးကို စဉ်းစားတဲ့အခါမှာ မိမိတို့ လူမျိုးတွေအတွက် ကွက်ကွက်လေးစဉ်းစားတာမဟုတ်ဘဲနဲ့…

ဓနုက PDF သင်တန်းဆင်း (၄)ဦး အလင်းဝင်တယ်ဆိုတဲ့ စစ်တပ် ဝါဒဖြန့် သတင်း

အမှန်/အမှား စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနှင့် ပတ်သက်ပြီး လူမှုကွန်ယက် ပေါ်မှာပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ ” ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်းကPDF သင်တန်းဆင်းများ အလင်းဝင်” ဆိုတဲ့သတင်းကို စီစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းအရာကို စစ်တပ်ထောက်ခံသူတွေက စက်တင်ဘာလ (၁၉) ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။…

မ‌လေးရှားရဲ့ ကိုဗစ်၁၉ ကွာရန်တင်း စည်းမျဉ်းတွေကို ယခုနှစ်ကုန်ပိုင်းအထိ ပြောင်းလဲဖို့ မရှိ

ကွာလာလမ်ပူ၊ စက်တင်ဘာ (၂၅) မ‌လေးရှားနိုင်ငံမှာ ကိုဗစ် 19 ကွာရန်တင်း ကန့်သတ်ချက်တွေကို အနည်းဆုံး ယခုနှစ်ကုန်ပိုင်းအထိ ပြင်ဆင်ပြောင်း လဲမှာမဟုတ်ဘူးလို့ ကျန်းမာရေးဝန်ကြီး ခိုင်ရီဂျမာလူဒင် က ပြောပါတယ်။ လက်ရှိစည်းမျဉ်းတွေအရ ကိုဗစ်ကူးစက်ခံနေရတဲ့ လူတွေ အနေနဲ့ နေအိမ်မှာပဲ ၇ ရက်တိတိ ကွာရန်တင်းနေထိုင်ဖို့ လိုအပ် တာဖြစ်ပြီး လေးရက်မြောက်နေ့မှာ ဓာတ်ခွဲ အဖြေပြန်လည်ကောင်းမွန်တဲ့ လူတွေကိုတော့…

ရုရှားသမ္မတက နျူလက်နက် အသုံးပြုလာနိုင်တယ်လို့ အီးယူပြော

ဝါရှင်တန် – စက်တင်ဘာ(၂၅) နျူကလီးယားလက်နက် အသုံးပြုမယ်လို့ ကြွေးကြော်နေတဲ့ ရုရှားသမ္မတဗလာဒီမာပူတဲ့ဟာ ယူကရီးကျူးကျော်စစ်မှာ နျူလက်နက်အသုံးပြုလာနိုင်တဲ့အတွက် အလေးအနက်ထား စောင့်ကြည့်ရမယ်လို့ အီယူနိုင်ငံခြားရေးမူဝါဒ အကြီးအကဲက ပြောပါတယ်။ ဂျိုးဆက်က စစ်ပွဲဟာ အန္တရာယ်ရှိတဲ့ အခိုက်အတန့်ကို ရောက်ရှိသွားပြီလို့ ပြောဆိုခဲ့သလို ရုရှား က ယူကရိန်း နယ်မြေလေးခုကို သိမ်းပိုက်လိုက်ချိန်မှာ သူ့ရဲ့ မှတ်ချက်စကားထွက်ပေါ်လာခဲ့ တာပါ။ ရုရှားစစ်တပ်ဟာ လက်ရှိအချိန်မှာတော့…

ကမ္ဘောဒီးယားမှာ လှေတိမ်းမှောက်ပြီး တရုတ်နိုင်ငံသား ၁၀ ဦးပျောက်ဆုံးနေ

ဖနွမ်းပင်၊ စက်တင်ဘာ (၂၅) ကမ္ဘောဒီးယားနိုင်ငံ ကမ်းရိုးတန်းမြို့တော် ဆီဟန်နောက်ဗီလီ အနီးမှာ ရှိတဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လူဦးရေ ၄၀ တင်ဆောင် လာတဲ့ လှေတစ်စင်းတိမ်းမှောက်ခဲ့ပြီး အနည်းဆုံး တရုတ်နိုင်ငံသား ၁၀ဦး ပျောက်ဆုံးခဲ့ကာ ကယ်ဆယ်ရေးသမားများက ရှာဖွေ လျှက်ရှိပါတယ်။ ဆီဟန်နောက် ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ အနည်းဆုံး လူ ၁ ဦးသေဆုံးခဲ့ကာ ဗီယက်နမ်အာဏာ…