ဘန်ကောက်၊ စက်တင်ဘာ (၂၃) 

ထိုင်းနိုင်ငံ ၊ နခွန်ပထုံခရိုင်ဒေသအတွင်းမှာရှိတဲ့  Indorama Ventures IVL စက်ရုံအတွင်းမှာ ဓါတ်ငွေ့ယိုစိမ့်မှုတွေ ဖြစ်ပေါ်ခဲ့တဲ့ အတွက် စက်ရုံအနီးအနားမှာ နေထိုင်သူတွေကို အပြင်ထွက်ခြင်းမပြုဖို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။

အဲဒီ ဓါတ်ငွေ့ယိုစိမ့်မှုမှာတော့  ဒိုင်ဖန်နိုအောက်ဆိုဒ် ၇၃ ရာခိုင်နှုန်းနဲ့ ဘိုင်ဖင်နိုအောက်ဆိုဒ် ၂၇ ရာခိုင်နှုန်း ပါဝင်ခဲ့ပြီး  IVL စက်ရုံရဲ့ အပူပေးစနစ်ကနေ ထွက်ပေါ်လာခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

IVL စက်ရုံရဲ့ အတွင်းရေးမှူးကတော့ စက်ရုံရဲ့ ဓာတ်ငွေ့ယိုစိမ့်ခြင်းနဲ့ ပတ်သက်ပြီး ထုတ်ပြန်ချက်တစ်ခု ထုတ်ခဲ့ပါတယ်။

အာဏာပိုင်တွေရဲ့  ပြောကြားချက်အရ  ယိုစိမ့်လာသော ဓါတ်ငွေ့တွေဟာ  မျက်လုံးနှင့် နှာခေါင်းကို ထိခိုက်စေနိုင်တယ်လို့ ပါရှိပေမယ့် စက်ရုံဖက်ကတော့ ဓါတ်ငွေ့ ယိုစိမ့်မှုဟာ အများပြည်သူ သုံးရေစနစ်အတွင်းကို ဝင်ရောက်ခြင်းမရှိခဲ့သလို အလုပ်သမားတွေအပါအဝင် ပတ်ဝန်းကျင်အတွက်လည်း ထိခိုက်မှုတစုံတရာ မဖြစ်ပေါ်စေခဲ့ပဲ ပစ္စည်းတွေလည်း ထိခိုက်ပျက်စီးခြင်းမရှိခဲ့ဘူးလို့ ထုတ်ပြန်ခဲ့တာပါ။

Indorama Ventures IVL စက်ရုံဟာ ပေါ်လီအက်စတာ ချည်မျှင်တွေကို တစ်နှစ်လျှင် တန်ချိန် တစ်သိန်းနှစ်သောင်းအထိ ထုတ်လုပ်နေတဲ့ စက်ရုံလည်း ဖြစ်ပါတယ်။

ဓါတ်ငွေ့ယိုစိမ့်မှုကို ဆယ်မိနစ်အတွင်း ထိန်းချုပ်နိုင်ခဲ့သော်လည်း စက်ရုံတည်နေရာကနေ ကီလိုမီတာ ၂၀ အကွာ ဘန်ကောက်ခရိုင်နယ်စပ်၊ ဗုဒ္ဓမွန်ထွန် ခရိုင်ခွဲအထိ အနံ့ဆိုးများ ပျံ့နှံ့ခဲ့တာပါ။ 

IVL ရုံးအဖွဲ့ကတော့  ဓါတ်ငွေ့ယိုစိမ့်မှုဖြစ်ပေါ်သော ဧရိယာအတွင်းသို့ သွားရောက်ခြင်း မပြုကြဖို့နဲ့ အလုံပိတ်မဟုတ်တဲ့ ဧရိယာတွေကို တတ်နိုင်သမျှ ပြင်ဆင်နေထိုင်ကြရန် အကြံပြုထားပြီး နှာခေါင်းစည်း ဝတ်ဆင်ရန်လိုအပ်ကာ အသက်ရှုလမ်း ကြောင်းဆိုင်ရာ ပြဿနာတွေ ဖြစ်ပေါ်ပါက ဆရာဝန်နဲ့ ကုသကြဖို့ အများပြည်သူတွေကို အကြံပြုထားခဲ့ပါတယ်။

ဒါ့အပြင် စက်ရုံတည်ရှိရာ ခရိုင်ခွဲနဲ့  ဆက်စပ်ခရိုင်ခွဲတွေ အတွင်းမှာရှိတဲ့ စာသင်ကျောင်းတွေနဲ့  အတန်းတွေကို ချက်ချင်းပိတ်ထားဖို့လည်း အကြောင်းကြားခဲ့ပါတယ်။

Ref,Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.