ပြုံယမ်း – စက်တင်ဘာ(၂၃)

ယူကရိန်းတိုက်ပွဲမှာ မြောက်ကိုရီးယားက မော်စကိုအစိုးရကို လက်နက်ကူညီပေးနေတယ်ဆိုတဲ့ သတင်းတွေ ပျံ့နှံ့ခဲ့တဲ့ အတွက် အမေရိကန်နိုင်ငံနဲ့ အခြားသောနိုင်ငံတွေကို ဒီသတင်းဟာ ကောလာဟလသာ ဖြစ်တယ်လို့ မြောက်ကိုရီးယားက တုန့်ပြန် ငြင်းဆိုလိုက်ပါတယ်။

“ကျွန်တော်တို့က ရုရှားနိုင်ငံကို ဟိုးအရင်ကတည်းက လက်နက်တွေ တင်ပို့တာ မရှိခဲ့ဘူး၊ ရောင်းချဖို့လည်း အစီအစဉ်မရှိဘူး” လို့ ဒုညွှန်ချုပ်တစ်ဦးရဲ့ ပြောဆိုချက်ကို မြောက်ကိုရီးယားရဲ့ ဗဟိုသတင်းအေဂျင်စီက ကိုးကားပြီး ဖော်ပြထားပါတယ်။

ဒါ့အပြင် အမေရိကန်ဟာ အခြေခံနိုင်ငံရေးနဲ့ စစ်ရေးအရ ရည်ရွယ်ချက်တွေကို အကောင်အထည်ဖော်ဖို့ မြောက်ကိုရီးယားနဲ့ ပတ် သက်တဲ့ ကောလာဟလတွေကို ဖြန့်ဝေနေတာကြောင့် ရှုတ်ချကြောင်း၊ မြောက်ကိုရီးယားကို နှိမ်ချပြောဆိုခြင်းမပြုပဲ ပါးစပ်ပိတ် ထားဖို့ အမေရိကန်ကို သတိပေးလိုက်တယ် လို့လည်း အဲဒီအရာရှိက ပြောခဲ့ပါတယ်။

ယူကရိန်းစစ်ပွဲမှာ သုံးဖို့အတွက် မြောက်ကိုရီးယားထံကနေ ဒုံးကျည်တွေနဲ့ အမြောက်ကျည်တွေ သန်းပေါင်းများစွာကို ရုရှားမှ ဝယ်ယူလိုတယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ယခုလမှာ ပြောကြားခဲ့ပြီး နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုတွေကြောင့် မော်စကိုဟာ အိမ်နီးချင်း မြောက်ကိုရီးယားထံမှ အကူအညီရယူရန် သဘောထားရှိနေတယ်လို့လည်း ပြောဆိုထားတာပါ။

ရုရှားဟာ မြောက်ကိုရီးယားလိုဒဏ်ခတ်ပိတ်ဆို့ထားတဲ့ အခြားနိုင်င်ငံတွေကနေ လက်နက်တွေ ပိုမိုရရှိလုနီးပါးဖြစ်နေကြောင်းကို လည်း ကာကွယ်ရေး ထောက်လှမ်းရေး အစီရင်ခံစာတွင် ဗြိတိန်က ပြောကြားခဲ့ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးစိုးရိမ်မှုများ မြင့်တက်စေတဲ့ ရုရှားနဲ့ မြောက်ကိုရီးယားတို့ရဲ့ စစ်ရေးလှုပ်ရှားမှုတွေအတွက် နှစ်နိုင်ငံစလုံး က ကုလသမဂ္ဂရဲ့ ပိတ်ဆို့အရေးယူမှုတွေကို ချိုးဖောက်ရာရောက်တယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်းရှိနေတာပါ။

အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုရဲ့ “စစ်လက်နက်ကိရိယာတွေ ရောင်းဝယ်ဖောက်ကားခြင်း” ကို မည်သူမျှ ဝေဖန်ပိုင်ခွင့်မရှိဟု လည်း မြောက်ကိုရီးယားအရာရှိက ပြောခဲ့ပါသေးတယ်။ မြောက်ကိုရီးယားဟာ ကမ္ဘာ့အကြီးဆုံး အမြောက်တပ်များထဲမှ တစ်ခုဖြစ်ပြီး အမြောက်ကျည်များကို ဆယ်စုနှစ်များစွာ သိုလှောင်ထားခဲ့တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

မြောက်ကိုရီးယားဟာ ရုရှားနိုင်ငံနှင့် ကုန်းမြေနယ်နိမိတ်ကို ရထားလမ်းဖြင့် ဆက်သွယ်ထားသော်လည်း အဆိုပါ ချိတ်ဆက်မှုကို COVID-19 ကူးစက်ရောဂါ စတင်ချိန်တွင် ဖြတ်တောက်ခဲ့ပြီး အဲဒီအချိန်ကစလို့ ပိတ်ထားခဲ့ရပါတယ်။

တရုတ်နှင့် အိန္ဒိယခေါင်းဆောင်တွေဟာ ယခုလအတွင်း ရုရှားခေါင်းဆောင်နှင့် တွေ့ဆုံထားပြီး ကမ္ဘာနိုင်ငံများနှင့် ဝေးကွာနေသော ကင်ဂျုံအန် အစိုးရအနေနဲ့ ရုရှားက ယူကရိန်းကို ကျူးကျော်သိမ်းပိုက်စဉ်အတွင်း မော်စကိုဘက်မှ ရပ်တည်ခဲ့တာလည်း ဖြစ်ပါတယ်။

Ref: Japan Time

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.