ဝါရှင်တန် – စက်တင်ဘာ(၂၃) 

ဓာတ်ငွေ့လုတ်လွှတ်မှုတွေဟာ ကမ္ဘာကြီးပူနွေးလာမှုကို ဖြစ်စေတယ်လို့ ထုတ်ဖော်ပြောဆိုဖို့ အကြိမ်များစွာ ငြင်းဆိုခဲ့တဲ့ ကမ္ဘာ့ဘဏ်ဥက္ကဌကို ဖယ်ရှားပေးဖို့ ရာသီဥတုဆိုင်ရာ လှုပ်ရှား နေကြတဲ့အဖွဲ့တွေက စက်တင်ဘာလ(၂၁) ရက်နေ့က တောင်းဆိုလိုက်ပါတယ်။ 

တက်ကြွလှုပ်ရှားသူတွေက ရာသီဥတုကြပ်အတည်းအတွက် ဒေးဗစ်မဲလ်ပက်စ်ကို ရာထူးက နုတ်ထွက်ဖို့ ဒါမှမဟုတ် ဖယ်ရှားပေးဖို့ အရင်ထဲက တောင်းဆိုနေကြတာပါ။ 

“ကမ္ဘာ့ဘဏ်ဘာလုပ်နေတယ်ဆိုတာ မသိနိုင်ပါဘူး။ ရာသီဥတုဆိုင်ရာ ရန်ပုံငွေဟာ နိုင်ငံတကာ ဘဏ္ဍာရေးအဖွဲ့အစည်းတွေကြားမှာ အကြီးမားဆုံးဖြစ်တယ်” လို့ ကမ္ဘာ့ဘဏ်ဥက္ကဌ ဒေးဗစ်မဲလ်ပက်စ် ပြောခဲ့ပါတယ်။ 

ဒေးဗစ်မဲလ်ပက်စ် က ဒီပြဿနာနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘဏ်ရဲ့ လုပ်ဆောင်မှုကို ထပ်မံ ညွှန်ပြ ခဲ့ပြီး အဲ့ဒီအချိန်က ပရိသတ်တွေရဲ့ မေးခွန်းကို ဖြေဖို့ တောင်းဆိုခဲ့ကြပါတယ်။ 

ရာသီဥတုဆိုင်ရာ လှုပ်ရှားနေကြတဲ့ အဖွဲ့တွေက တခြားဆက်စပ်ဖြစ်တဲ့ Big Shift ရဲ့ မှတ်ချက် တွေနဲ့ ပတ်သက်ပြီး သူ့ကို ရာထူးက ဖယ်ရှားဖို့ ကမ္ဘာ့ဘဏ်ဘုတ်အဖွဲ့ကို တောင်းဆိုနေကြတာ ဖြစ်ပါတယ်။ 

“ကမ္ဘာ့ဘဏ်သည် ဂုဏ်သိက္ခာကို ထိန်းသိမ်းရန်ဖို့အတွက် မဲလ်ပက်စ်ကို ဥက္ကဌအဖြစ် ဆက်ရှိနေစရာမလိုဘူး” လို့ Big Shift အဖွဲ့ဝင် Climate Action Network ရဲ့ အမှုဆောင်ဒါရိုက်တာက ပြောခဲ့ပါတယ်။ 

ကမ္ဘာ့ဘဏ်ဥက္ကဌ သက်တမ်းဟာ လာမယ့် ၂၀၂၄ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပြီး ကမ္ဘာ့ဘဏ်ဘုတ် အဖွဲ့ရဲ့ ဆန္ဒမဲနဲ့သာ သူ့ကို ဖယ်ရှားနိုင်တာဖြစ်ပြီး ရာသီဥတုဆိုင်ရာ လှုပ်ရှားမှုအဖွဲ့တွေကတော့ ပြင်ပဖိအားတွေမြှင့်တင်ဖို့အတွက် သမ္မတ ဂျိုးဘိုင်ဒင်ကိုလည်း တောင်းဆိုထားတယ်လို့ သိရပါတယ်။ 

ဝါရှင်တန်က ကမ္ဘာ့ဘဏ်ရုံးချုပ်မှာ “ကမ္ဘာ့ဘဏ်အုပ်စုသည် ရာသီဥတု ဖောက်ပြန်မှုမှ စီမံဆောင်ရွက်သည်” ဆိုတဲ့ စာတန်းကို စက်တင်ဘာလ(၂၂) ရက်နေ့မှာ သီးခြားတက်ကြွ လှုပ်ရှား တဲ့အဖွဲ့အစည်းတွေက ဖော်ပြခဲ့ကြပါတယ်။ 

ဘိုင်ဒန်ရဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အထူးသံတမန်ဖြစ်တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟောင်းဂျွန်ကယ်ရီက မဲလ်ပက်စ်နဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုချိန်မှာ “ဒါက သမ္မတရဲ့ ဆုံးဖြတ်ချက်ပဲ” လို့ တုန့်ပြန်ပြောဆိုထားပါတယ်။

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.