တိုကျို – စက်တင်ဘာ (၂၂)

ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ပြန်လည်ဖွဲ့စည်းဖို့  ပြောသင့်နေပြီလို့ ဂျပန်ဝန်ကြီးချုပ် ဖူမီအိုကီရှီဒါက ကုလ အထွေထွေညီ လာခံမှာ မိန့်ခွန်းပြောစဉ်အတွင်း ထည့်သွင်း ပြောပါတယ်။

ကီရှီဒါက နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂအစည်းအဝေးမှာ ကမ္ဘာ့ခေါင်းဆောင်တွေကြား အဲဒီမိန့်ခွန်းကို ပြောကြားခဲ့တာပါ။

ကုလသမဂ္ဂဆိုတာ ကမ္ဘာကြီးအစီအစဉ်တကျရှိအောင် ဆောင်ရွက်ရတာဖြစ်ပေမယ့် ယူကရိန်းသို့ ရုရှားကျူးကျော်မှုက အဲဒီလို အစီအစဉ်တကျဖြစ်စေတဲ့ အခြေခံအုတ်မြစ်ကို လှုပ်ခါစေခဲ့တာ ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သလို အဲဒီကျူးကျော်မှုဟာ ကုလအဖွဲ့အစည်းရဲ့ အခြေခံမူတွေကို နင်းချေတဲ့ လုပ်ရပ်ဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။ 

ဂျပန်ဝန်ကြီးချုပ်ရဲ့ ပြောဆိုချက်မှာ ကုလ အတွေးအခေါ်တွေနဲ့  အခြေခံမူတွေဆီ ပြန်သွားဖို့နဲ့ အာဏာနဲ့ ဉာဏ်ပညာ ကိုစုစည်းဖို့ အချိန်ကျရောက်နေပြီ ဖြစ်သလို ဒီအခြေအနေတွေကို ဆောင်ရွက်ဖို့အတွက် အားကောင်းတဲ့ ကုလသမဂ္ဂကို ပြန်လည်ဖွဲ့စည်းဖို့ လိုအပ်နေတာလို့ ထောက်ပြခဲ့တာပါ။

မကြာခဏပလပ်ခံရတဲ့ ကုလလုံခြုံရေးကောင်စီ ပြန်လည်ဖွဲ့စည်းရေးကို မူကြမ်းအခြေပြု ဆွေးနွေးပွဲတွေနဲ့ စတင်သင့် တယ်လို့  ကီရှီဒါက ဆက်လက်ပြောပါတယ်။

ဇန်နဝါရီလမှ စတင်ပြီး ကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်မဟုတ်သော ဂျပန်နိုင်ငံအနေဖြင့် အလွန်အမင်းအရေးပါသော တရားဥပဒေ စိုးမိုးရေးအတွက် အားစိုက်ကာ ဆောင်ရွက် လျှက်ရှိကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးနဲ့ လူများစွာရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ ငွေကြေးဖောင်းပွမှုအကြောင်းကိုလည်း တင်ပြခဲ့တာပါ။

ဂျပန်နိုင်ငံအနေနဲ့ လူသားလုံခြုံရေးကို ပြည့်မီအောင်ဆောင်ရွက်ဖို့ ကုလသမဂ္ဂနဲ့ အတူ လက်တွဲလုပ်ကိုင်မယ်လို့လည်း  ဂျပန်ဝန်ကြီးချုပ် ဖူမီအိုကီရှီဒါ ကပြောခဲ့တာ ဖြစ်ပါတယ်။

Ref: NHK

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.