ကလေးဝ – စက်တင်ဘာ(၂၀)

စစ်ကိုင်းတိုင်းကလေးဝမြို့နယ် မစိန်ရွာ နယ်မြေရဲစခန်းကို စက်တင်ဘာလ(၁၈) ရက်နေ့ မနက်ပိုင်းက ကလေးဝ PDF က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စခန်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကလေးဝ ပြည်သူ့ကာ ကွယ်ရေးတပ်က သတင်းထုတ်ပြန်ထားပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်(၇) ဦးသေဆုံးခဲ့သလို ဒဏ်ရာရရှိပြီး ထွက်ပြေး သွားတဲ့ ရဲတပ်ဖွဲ့ဝင်တွေရှိတယ်လို့ သိရပါတယ်။

စခန်းသိမ်းတိုက်ပွဲမှာ G-3 သေနတ်(၅)လက်၊အူဇီ သေနတ်(၂)လက်၊M79 လောင်ချာ ၁ လက် နဲ့ ကျည်ဆံ၊ခဲယမ်း၊ဆိုင်ကယ်လေးစီးနဲ့ ဆက်သွယ်ရေးစကားပြောစက်တွေရရှိခဲ့တယ်လို့ ထုတ်ပြန် ချက်မှာဖော်ပြထားပါတယ်။

ဒါ့အပြင် ဖုန်း(၁၀)လုံး၊Power bank ၁လုံး ၊Laptop ၁ လုံး ၊ပိုက်ဆံအိတ် ၂ လုံး ၊ပိုက်ဆံ ၁၃၀၀၀ ကျပ် ၊ လက်ထိပ် ၂ ခု ၊ရွှေဆွဲကြိုး ၁ ကုံး ၊ကျောပိုးအိတ် ၁ လုံး ၊ဘေးလွယ်အိတ် ၃ လုံး ၊ဓား ၁ ချောင်း နဲ့ Equipment ၁ ခုတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုထားပါတယ်။

တိုက်ပွဲအတွင်း ဒေသခံအရပ်သား အမျိုးသမီးတစ်ဦးထိခိုက်သေဆုံးခဲ့တဲ့အတွက် ကာယကံရှင် မိသားစုကို လေးလေးနက်နက်တောင်းပန်ကြောင်းပြောဆိုထားပြီး PDF တပ်ဖွဲ့ဝင်တွေဘက်ကတော့ ထိခိုက်မှုတစုံတရာမရှိခဲ့ဘူးလို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ကလေးဝ PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.