ကရာချီ  ၊ စက်တင်ဘာ(၁၇) 

ပါကစ္စတန်မှာ  မကြုံစဖူး ရေကြီးမှုကြောင့် လူပေါင်း ၁,၅၀၀ နီးပါး သေဆုံးခဲ့ပြီး ဘေးအန္တရာယ် ကျရောက်ပြီးနောက်မှာ သိန်းနှင့်ချီတဲ့ လူတွေဟာ လေဟာပြင်တွေမှာ အကာအရံမဲ့ အိပ်စက်နေရဆဲ ဖြစ်ကြောင်း အာဏာပိုင်များက စက်တင်ဘာ ၁၉ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ 

မုတ်သုံမိုးရွာသွန်းမှုနှင့် မြောက်ပိုင်းတွင် ရေခဲတောင်များ စံချိန်တင်အရည်ပျော်မှုကြောင့် ရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့ကာ လူဦးရေ သန်း (၂၂၀) ထဲမှ လူ (၃၃) သန်းသော ပြည်သူတွေကို ထိခိုက်ခဲ့ပြီး နေအိမ်တွေ၊  မော်တော်ယာဉ်တွေ၊ ကောက်ပဲသီးနှံတွေနဲ့ တိရစ္ဆာန်တွေ၊ ပျက်စီးဆုံးရှုံးခဲ့ရပြီး  ခန့်မှန်းခြေ ကန်ဒေါ်လာ ဘီလီယံ ၃၀ ခန့် ဆုံးရှုံးခဲ့ရတာပါ။

ဒီကနေ့ထိ သေဆုံးသူဦးရေမှာ (၁၄၈၆) ဦးရှိပြီး အဲဒီအထဲမှာ ကလေးဦးရေ (၅၃၀) ခန့်ရှိကြောင်း အမျိုးသားသဘာဝဘေးစီ မံခန့်ခွဲမှု အာဏာပိုင်အဖွဲ့က စက်တင်ဘာ ၉ ရက်ကတည်းက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပထမဆုံးထုတ်ပြန်တဲ့ စာရင်းတွေ အရ သိရပါတယ်။ 

တောင်ပိုင်း စင်ဒါရှ် ပြည်နယ်မှာ ရေကြီးမှုကြောင့် လူထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး အများအပြားမှာ ရေကြီးမှုကနေ ရှောင်ရှားဖို့အတွက် မြင့်မားတဲ့ အဝေးပြေးလမ်းမကြီးတွေဘေးမှာ အိပ်စက်နေကြရတာ ဖြစ်ပါတယ်။ 

“ပါကစ္စတန်မှာရှိတဲ့ တဲရောင်းတဲ့ လူတွေအားလုံးထံကနေ တဲတွေကို ကျွန်ုပ်တို့ဝယ်ယူခဲ့တယ်” လို့ စင်ဒါရှ်အကြီးအကဲက ကြာသပတေးနေ့ထုတ်ပြန်ချက်ထဲမှာ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့်လည်း စင်ဒါရှ်မှာ  အိုးမဲ့အိမ်မဲ့တွေရဲ့သုံးပုံတစ်ပုံဟာ အကာအကွယ်ပေးဖို့ တဲတွေလိုအပ်နေသေးတယ်လို့ သူကဆိုပါ တယ်။ 

ပြီးခဲ့သည့် ရက်သတ္တပတ်အနည်းငယ်အတွင်း အာဏာပိုင်တွေဟာ ရေကြီးရေလျှံမှုဖြစ်တဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံ တွေနဲ့ နေအိမ်တွေကဲ့သို့သော အဓိကအဆောက်ဦးတွေမှာ အတားအဆီးတွေ ဆောက်လုပ်ပေးခဲ့ပါတယ်။ ကျွဲ၊ နွားတွေကို ရေဘေး က ကယ်တင်ဖို့ ကြိုးပမ်းနေတဲ့ လယ်သမားတွေဟာလည်း အစားအစာတွေ ကုန်သွားတဲ့အတွက် လူတွေရော၊ တိရစ္ဆာန်တွေအတွက် ပါ အငတ်ဘေး ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။

အစိုးရနဲ့ ကုလသမဂ္ဂတို့ကတော့ ရာသီဥတု ဖောက်ပြန်မှုတွေကို အပြစ်တင်ခဲ့ကြပါတယ်။ 

အာရပ်စော်ဘွားများ ပြည်ထောင်စုနှင့် အမေရိကန်ပြည်ထောင်စုတို့မှ အကူအညီပေးရေးလေယာဉ်တွေက စက်တင်ဘာ ၁၅ ရက်နေ့ ကြာသပတေးနေ့မှာ ရောက်ရှိလာခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပြီး ပြန်လည်တည်ဆောက်ရေး လိုအပ်ချက်တွေကို ကုလသမဂ္ဂက အကဲဖြတ်နေတယ်လို့ ဆိုထားပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.