September 15, 2022

ချန်ပီယံလိဂ်မှာ မန်စီးတီး၊ ရီးရဲလ်နဲ့ PSG အသင်းတို့ အနိုင်ရ

မော်လမြိုင်၊ စက်တင်ဘာ (၁၅) ဒီကနေ့ မနက်ပိုင်းက ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စု ပွဲစဉ်(၂) မှာ နာမည်ကြီးအသင်းတွေ ဖြစ်တဲ့ မန်စီးတီး၊ ရီးရဲလ်မက်ဒရစ်နဲ့ PSG အသင်းတို့ဟာ ပြိုင်ဘက်အသင်းတွေကို အသီးသီး အနိုင်ရရှိခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ အိမ်ကွင်းမှာ ဂျာမန်ကလပ် ဒေါ့မွန်အသင်းကို ခက်ခက်ခဲခဲ ယှဉ်ပြိုင်ပြီး အနိုင် ၃ မှတ်ရရှိခဲ့တာပါ။ မန်စီးတီးအသင်းဟာ ဒေါ့မွန်အသင်းကို ၂…

ထိုင်းအစိုးရက မလေးရှားနဲ့ ဆက်သွယ်ဖို့ တံတားတစ်စင်းထပ်ပြီးတည်ဆောက်မယ်

ဘန်ကောက် – စက်တင်ဘာ(၁၅) ထိုင်းအစိုးရဟာ ဂိုလွဒ်မြစ်ငယ်ကို ဖြတ်ပြီး တံတားအသစ်တည်ဆောက်ဖို့အစီအစဉ်ရှိနေကာ အဲ့ဒီတံတားကို နယ်စပ်ဖြတ်ကျော်မှုအတွက် အသုံးပြုသွားမှာဖြစ်တယ်လို့ပြောဆိုခဲ့ပြီး ထိုင်းနဲ့ မလေးရှားအစိုးရတို့ဟာ နာရာသီဝဂ် ပြည်နယ်က ဆန်ဂိုင်ဂိုလွဒ်ခရိုင်နဲ့ ကီလန်တန် ကိုဆက်သွယ် ပေးမယ့် အဲ့ဒီတံတားဟာ ခရီးသွားလုပ်ငန်းနဲ့ ကုန်သွယ်မှုဆက်ဆံရေးမြှင့်တင်နိုင်မှာဖြစ်တယ် လို့ ပြောဆိုထားပါတယ်။ ဒီတံတားဟာ မြစ်ပေါ်မှာ တည်ဆောက်မယ့် တတိယမြောက် တံတားဖြစ်ပြီး ဆန်ဂိုင်ဂိုလွဒ် ခရိုင်မှာရှိတဲ့…

ဖိလစ်ပိုင်မူးယစ်ဆေးဝါးကိစ္စနဲ့ပတ်သက်ပြီး ဒူတာတေးလမ်းစဉ်ကို လိုက်ပါဆောင်ရွက်ဖို့မရှိဘူး လို့ သမ္မတမားကိုစ်ပြော

မနီလာ – စက်တင်ဘာ(၁၅) ဖိလစ်ပိုင်သမ္မတဖာဒီနန်မားကိုစ့်ဂျူနီယာဟာ နိုင်ငံရဲ့ မူးယစ်ဆေးပြဿနာနဲ့ ပတ်သက်ပြီး သမ္မတဟောင်းဒူတာတေးရဲ့ လမ်းစဉ်အတိုင်းလုပ်ဆောင်မှာ မဟုတ်သလို နိုင်ငံတကာရာဇဝတ် ခုံရုံး(ICC) ကဒူတာတေးအပေါ်ဆွဲဆိုထားတဲ့ ပြစ်မှုတွေအတွက်လည်း အကာအကွယ်ရေးသွား မှာဖြစ်တယ်လို့ ဆိုပါတယ်။ သမ္မတရာထူးရရှိပြီးနောက်ပိုင်း သူ့ရဲ့ ပထမဆုံးအင်တာဗျူးမှာ မားကိုစ့်က တားဆီးကာကွယ် ရေးနဲ့ ပြန်လည်ထူထောင်ရေးတို့ကို ပိုမိုအာရုံစိုက်ကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလှုပ်ရှားမှု တွေကိုလုပ်ဆောင်သွားဖို့ရှိတယ်လို့ ပြောဆိုခဲ့တာပါ။ မူးယစ်ဆေးရဲ့ ဆိုးကျိုးတွေနဲ့…

ယူကရိန်းနဲ့ထိုင်ဝမ်အရေးအတွက် ပူတင်နဲ့ ရှီကျင့်ဖျင်တို့တွေ့ဆုံဆွေးနွေးမယ်

မော်စကို – စက်တင်ဘာ(၁၅) ရုရှားသမ္မတဗလာဒီမာပူတင်နဲ့ တရုတ်သမ္မတရှီကျင့်ဖျင်တို့ စက်တင်ဘာလ(၁၅) ရက်နေ့မှာ ဥဇဘက်ကစ္စတန်မှာ တွေ့ဆုံပြီးယူကရိန်းနဲ့ ထိုင်ဝမ်တို့အရေးကို ဆွေးနွေးမှာဖြစ်သလို အဲ့ဒီဆွေး နွေးပွဲဟာ ပထဝီနိုင်ငံရေးအခြေအနေအရ အထူးအရေးကြီးတယ်လို့ ရုရှားနိုင်ငံကဆိုပါတယ်။ မော်စီတုံးနောက်ပိုင်းရှီကျင့်ဖျင်ကိုဩဇာအကြီးဆုံးတရုတ်ခေါင်းဆောင်အဖြစ် ခန့်အပ်ဖို့ တစ်လ အလိုမှာ ပူတင်နဲ့ တွေ့ဆုံသွားမှာဖြစ်တယ်လို့ သိရပါတယ်။ “ပုံမှန်အားဖြင့် နှစ်နိုင်ငံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအတွင်း မကြုံစဖူး အား ကောင်းတဲ့ယုံကြည်မှုအဆင့်ကို…

မောင်တောမှာ စစ်ကောင်စီတပ် အပြင်းအထန် ထိုးစစ်ဆင်နေ

စစ်တွေ၊ စက်တင်ဘာ (၁၅) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ရှိတဲ့ တပ်စခန်းနှစ်ခုကို ရက္ခိုင့်တပ်တော် (AA) သိမ်းယူခဲ့ပြီးနောက် တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က အပြင်းအထန် ထိုးစစ်ဆင်နေတာကြောင့် ပြည်သူတွေ စိုးရိမ်ထိတ်လန့် နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ လက်လွှတ်ခဲ့ရတဲ့ တပ်စခန်းတွေ ပြန်လည်ရရှိဖို့ ရဟတ်ယာဉ်နဲ့တိုက်လေယာဉ်တွေ သုံးပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်အထိ ကျူးကျော်ဝင်ရောက်လာတာနဲ့ လက်နက်ကြီး…

စစ်အာဏာသိမ်း ရက် (၅၉၁) အတွင်း သတ်ဖြတ်ခံရသူ ၂၂၇၆ ဦး အထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ (၁၅) AAPP ၏ စက်တင်ဘာလ (၁၄) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးတွင် စစ်အာဏာသိမ်းမှုကာလ ရက် (၅၉၁)အတွင်း ပြည်သူ (၂၂၇၆)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။ ဖမ်းဆီးခံရသူပေါင်း ၁၅၅၃၅ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်သည်။ ပြန်လည်လွတ်မြောက်လာသူ စုစုပေါင်း(၃၁၁၂) ဦး ရှိသည်။ အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်သတ်ဖြတ်မှုများတွင် ရန်ကုန်မြို့မှ…

PDF ရဲဘော်တွေ စစ်ရေးနဲ့ပတ်သက်ပြီး ဆိုရှယ်မီဒီယာ မသုံးဖို့ NUG ကာကွယ်ရေးဝန်ကြီး သတိပေး

ရန်ကုန်၊ စက်တင်ဘာ (၁၅) စစ်ရေးနဲ့ ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ရဲဘော်တွေအနေနဲ့ ဆိုရှယ်မီဒီယာကို အသုံးမပြုဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က သတိပေး ပြောဆိုလိုက်ပါတယ်။ ဒီကနေ့ စက်တင်ဘာ ၁၄ ရက်နေ့ဖြစ်တဲ့ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း PDF ရဲဘော်တွေကို ပြောကြားနေတဲ့ (NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ရဲ့ မိန့်ခွန်းမှာ အခုလို ထည့်သွင်းပြောဆိုခဲ့တာပါ။…

အာဏာသိမ်းမှုကြောင့် မွန်ပြည်နယ်အတွင်းက ဟိုတယ်လုပ်ငန်းတွေ နလံမထူနိုင်တော့တဲ့ အခြေအနေထိ ရောက်လာ

မော်လမြိုင်၊ စက်တင်ဘာ (၁၅) မွန်ပြည်နယ်အတွင်းက ဟိုတယ်လုပ်ငန်းတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် အရှုံးနဲ့ ဆက်လက် ရင်ဆိုင်နေရတာကြောင့် လုပ်ငန်းတွေ နလံပြန်ထူဖို့ မလွယ်ကူတော့တဲ့ အခြေအနေထိ ရောက်ရှိလာတယ်လို့ ဟိုတယ်လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဟိုတယ်လုပ်ငန်းတွေဟာ ကိုဗစ်ကပ်ရောဂါ ကန့်သတ်မှုတွေနဲ့အတူ စစ်တပ် အာဏာသိမ်းပြီးနောက် လာရောက် တည်းခိုသူ မရှိသလောက် နည်းပါးလာတာ၊ စစ်ကောင်စီရဲ့ တင်းကြပ်ထားတဲ့ စည်းကမ်းချက်တွေကြောင့်…

မွန်ပြည်သစ်ပါတီ စစ်ကောင်စီ ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မတက်ဖို့ ၉၁ ရာခိုင်နှုန်းကျော် သဘောထားပေးတဲ့ စစ်တမ်းတစ်ခု ထွက်ပေါ်

မော်လမြိုင်၊ စက်တင်ဘာ (၁၅) အာဏာသိမ်း စစ်ကောင်စီ ဖိတ်ခေါ်တဲ့ ဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မွန်ပြည်သစ်ပါတီ (NMSP) အနေနဲ့ တက်ရောက်ဖို့ မသင့်ကြောင်း သဘောထားပေးထားတဲ့ စစ်တမ်းတစ်ခုကို မွန်လူငယ်တွေ ဦးဆောင်တည်ထောင်ထားတဲ့ လဂွန်းအိမ်စာစဉ်က စက်တင်ဘာ ၁၃ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ မွန်ပြည်သစ်ပါတီအနေနဲ့ စစ်ကောင်စီ ဖိတ်ခေါ်တဲ့ ဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲအပေါ် တက်ရောက်သင့် မသင့် ပြည်သူလူထုရဲ့…