ဝါရှင်တန် – စက်တင်ဘာ(၁၄) 

ရုရှားကို ယူကရိန်းစစ်တပ်ရဲ့ တန်ပြန်ထိုးစစ်ဆင်နေမှုဟာ ကြာချိန်စောနေသေးပေမယ့် သိသာ ထင်ရှားတဲ့ တိုးတက်မှုတွေရှိလာခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီ ဘလင်ကန် ကစက်တင်ဘာလ(၁၂) ရက်နေ့က ပြောပါတယ်။ 

မက္ကဆီကိုနိုင်ငံမှာ ကျင်းပနေတဲ့ စီးပွားရေးဆွေးနွေးပွဲမှာ ဘလင်ကန်က ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး အခုလိုမှတ်ချက်ပြုခဲ့တာပါ။ 

ရုရှားတပ်တွေဟာ ယူကရိန်းအရှေ့မြောက်ပိုင်းက သူတို့ရဲ့အဓိက ခံတပ်ကို လက်လွှတ်ခဲ့ရပြီး နောက် စစ်ပွဲဖြစ်ပွားနေချိန်အတွင်း အဆိုးရွားဆုံး ရှုံးနိမ့်မှုဖြစ်ခဲ့တာလို့ သိရပါတယ်။ 

“သူတို့လုပ်ဆောင်ခဲ့တာတွေက အလွန်နည်းစနစ်ကျတဲ့ အစီအမံတွေဖြစ်ပြီး ဒီတန်ပြန်ထိုးစစ်ကို လုပ်ဆောင်ဖို့ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ ယူကရိန်းလက်ထဲမှာရှိတယ်ဆိုတာ သေချာစေဖို့ အတွက် အမေရိကန်နဲ့ တခြားနိုင်ငံအများအပြားရဲ့ သိသာထင်ရှားတဲ့ ပံ့ပိုးမှုကနေ အကျိုးခံ စားရမှာပါ” လို့ မက္ကဆီကိုစီးတီးမှာကျင်းပခဲ့တဲ့  သတင်းစာရှင်းလင်းပွဲမှာ ဘလင်ကန်က ပြောခဲ့ပါတယ်။

ယူကရိန်းမှာ ရုရှားရဲ့ အရေးပါတဲ့ တပ်ဖွဲ့တွေနဲ့ လက်နက်တွေရှိနေသေးတဲ့အတွက် အရပ်သား တွေနဲ့ အရပ်ဘက်အခြေခံအဆောက်အအုံတွေကို ခွဲခြားထားရတဲ့အတွက် ယူကရိန်းပဋိပက္ခ ဟာ အချိန်အတန်ကြာ ဆက်လက်ဖြစ်ပွားနိုင်တယ်လို့ သူက ပြောပါသေးတယ်။ 

ရုရှားဟာ ရန်စမှုတွေကို ကျူးလွန်ခဲ့တဲ့အတွက် သူတို့လုပ်ခဲ့တဲ့ နောက်ဆက်တွဲပြဿနာတွေ ကိုခံစားရမှာဖြစ်တယ်လို့ ဆိုပါတယ်။ 

၂၀၁၅ နျူကလီးယား သဘောတူညီချက်ကို ပြန်လည်အသက်သွင်းဖို့ ဥရောပသမဂ္ဂရဲ့ အဆိုပြု ချက်ကို အီရန်ရဲ့ တုံ့ပြန်မှုနဲ့ပတ်သက်ပြီး မကြာခင်ကာလမှာ သဘောတူညီချက်အတွက် အလား အလာကောင်းတွေမဖြစ်နိုင်ဘူးလို့ ဘလင်ကန်က ပြောပါတယ်။ 

“သဘောတူညီချက်တစ်ခုရဖို့အတွက် လိုအပ်တာတွေကို အီရန်က မကျေမနပ်ဖြစ်နေပုံရတယ် ဒါမှမဟုတ် မလုပ်နိုင်ဘူးလို့ ပြောရုံကလွဲလို့ သတ်မှတ်ချိန်အတိုင်းအတာတစ်ခု ပေးလို့မရဘူး” လို့ သူက ပြောခဲ့ပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.