ဘန်ကောက်၊ စက်တင်ဘာ ၁၄

ဘန်ကောက်မြို့ရဲ့ လမ်းပေါ်ထွက်ဆန္ဒပြပွဲတစ်ခုမှာ  ထိုင်းဘုရင်မကြီး သုသီတာ Queen Suthida လိုမျိုး ဝတ်ဆင်ပြီး ဆန္ဒထုတ်ဖော်ခဲ့မှုကြောင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးအား  ထိုင်းတရားရုံးက တနင်္လာနေ့မှာ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်တယ်လို့ ၎င်းရဲ့ ရှေ့နေက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ  ဘုရင်၊ မိဖုရား၊ မင်းအမွေဆက်ခံသူ သို့မဟုတ် အုပ်ထိန်းသူတွေကို အသရေဖျက်ခြင်း၊  စော်ကားခြင်းမှ ကာကွယ်ဖို့အတွက် ကမ္ဘာ့အတင်းကြပ်ဆုံး ဥပဒေတစ်ရပ်ရှိနေတာပါ။ အဲဒီဥပဒေကတော့  “ဘုရင့်အား အကြည်ညို ပျက်စေခြင်းဆိုင်ရာ” ဥပဒေဖြစ်ပြီး  ထောင်ဒဏ် ၁၅ နှစ်အထိ ပြစ်ဒဏ်ချမှတ်ခံရနိုင်ပါတယ်။

၂၀၂၀ ခုနှစ်မှာ ဘန်ကောက်မြို့ရဲ့ ဆန္ဒပြမှုအတွင်း အသက် ၂၅ နှစ် အရွယ်ရှိ ဂျတာပွန်ရဲ့ လုပ်ရပ်ဟာ ဘုရင်စနစ်ကို ရည်ရွယ်ချက်ရှိရှိ လှောင်ပြောင်မှုမြောက်ပြီး အပြစ်ရှိခဲ့ပါတယ်လို့ သူ့ရဲ့ရှေ့နေက ပြောဆိုခဲ့ပါတယ်။

သြဇာကြီးတဲ့ ဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုတဲ့ ဆန္ဒပြမှုတွေနဲ့ ဆက်စပ်ပြီး လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ တော်ဝင်မိသားကို စော်ကားမှုဖြင့် တရားစွဲဆိုခံခဲ့ရတဲ့ တက်ကြွလှုပ်ရှားသူ အနည်းဆုံး ၂၁၀ဦး ရှိခဲ့ပါတယ်။ ဂျတာပွန် ဟာလည်း အဲဒီထဲက တစ်ယောက်ဖြစ်တယ်လို့ ထိုင်းရှေ့နေများအဖွဲ့နဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောဆိုထားပါတယ်၂၀၂၀ခုနှစ် နိုဝင်ဘာလမှာ  အုပ်စိုးသူဘုရင် မဟာဗီဂျရလောင်ကွန် Maha Vajiralongkorn က ဆန္ဒပြသူတွေနဲ့ ပတ်သက်ပြီး  ဗြိတိန် Channel 4 News မှ မေးမြန်းချက်ကို “သူတို့အားလုံးကို အတူတူချစ်ပါတယ်” ဟု တုံ့ပြန်ခဲ့တာပါ။

ဘန်ကောက်မြို့မှာ ၂၀၂၀ခုနှစ် အောက်တိုဘာလအတွင်းက ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲမှာ တက်ကြွလှုပ်ရှားသူ ဂျတူပွန်Jaturporn က  ပန်းရောင်ပိုးထည် ရိုးရာဝတ်စုံကို ဝတ်ဆင်ပြီး ထီးတစ်လက်ဆောင်းကာ ကော်ဇောနီပေါ်မှာ လမ်းလျှောက်ခဲ့ပြီး ဆန္ဒပြသူတွေက ထိုင်းရိုးရာယဉ်ကျေးမှုနှင့် အညီ တစုံတရာ တောင်းဆိုတဲ့ပုံစံအတိုင်း မြေပြင်ပေါ်မှာ ထိုင်နေခဲ့ကြပုံကို သရုပ်ဖော်ခဲ့ကြတာ ဖြစ် ပါတယ်။

သူ့ရဲ့ ဆန္ဒထုတ်ဖော်မှုပုံစံဟာ လက်ရှိ ဘုရင် Vajiralongkorn နဲ့  ၂၀၁၉ ခုနှစ် နန်းတက်ပွဲမတိုင်မီ ရက်ပိုင်းအလိုတွင် သုံးကြိမ်တိုင်တိုင် ကွာရှင်းပြတ်စဲခဲ့တဲ့ မိဖုရားဟောင်း အသွင်ဖြစ်တယ်လို့ အဓိပ္ပာယ် ဖွင့်ဆိုနေကြတာလည်း ဖြစ်ပါတယ်။

ဂျတူပွန် က စွဲချက်တွေကို တစ်လျှောက်လုံး ငြင်းဆိုခဲ့ပြီး သူမဟာ ထိုင်းရိုးရာဝတ်စုံကို ပုံမှန်အတိုင်း ဝတ်ဆင်ထားခဲ့တာပါလို့ ဖြေကြားခဲ့ကြောင်း ရှေ့နေကပြောပါတယ်။

အစိုးရအဖွဲ့ထဲ စစ်တပ်ရဲ့ဝင်ရောက်စွက်ဖက်မှုကို ဆန့်ကျင်တဲ့ နိုင်ငံရေးဆန္ဒပြမှုတွေမှာတော့  အသက် ၇၀ နှစ်အရွယ်ဖြင့် နန်းတက်လာခဲ့တဲ့ ဘုရင် ဗာဂျီရာလောင်ကွန်းကိုလည်း ပြစ်တင်ရှုတ်ချမှုတွေ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။

တော်ဝင်ဂေဇက် ကြေငြာချက်တွေအရ ဘုရင် ဗာဂျီရာလောင်ကွန်းဟာ ထီးနန်းရယူပြီးနောက် အာဏာတစ်ချို့ကို သိမ်းပိုက်ရယူထားပြီး ကြီးမားကျယ်ပြန့်တဲ့  စည်းစိမ်ဥစ္စာတွေနဲ့ အနည်းဆုံး စစ်တပ်ယူနစ် ၂ ခုကို တိုက်ရိုက်ထိန်းချုပ်ခွင့် ရနေတယ်လို့ ဆန္ဒထုတ်ဖော်သူတွေက ဝေဖန်ထားကြပေမယ့်လည်း  နန်းတော်ဘက်ကတော့ တစုံတရာ တုံ့ပြန်ခြင်းမရှိခဲ့ပါဘူး။

Ref:CNN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.