Radio Than Lwin Times(12/9)
Youtube Link Sound Cloud Link
Youtube Link Sound Cloud Link
ဘန်ကောက်၊ စက်တင်ဘာ ၁၄ ဘန်ကောက်မြို့ရဲ့ လမ်းပေါ်ထွက်ဆန္ဒပြပွဲတစ်ခုမှာ ထိုင်းဘုရင်မကြီး သုသီတာ Queen Suthida လိုမျိုး ဝတ်ဆင်ပြီး ဆန္ဒထုတ်ဖော်ခဲ့မှုကြောင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးအား ထိုင်းတရားရုံးက တနင်္လာနေ့မှာ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်တယ်လို့ ၎င်းရဲ့ ရှေ့နေက ပြောပါတယ်။ ထိုင်းနိုင်ငံမှာ ဘုရင်၊ မိဖုရား၊ မင်းအမွေဆက်ခံသူ သို့မဟုတ် အုပ်ထိန်းသူတွေကို အသရေဖျက်ခြင်း၊ စော်ကားခြင်းမှ…
ဂျီနီဗာ ၊ စက်တင်ဘာ (၁၄) တာလီဘန်တို့ရဲ့ ဖိနှိပ်မှုအောက်မှာ အာဖဂန် အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ တုန်လှုပ်ခြောက်ခြားဖွယ်ရာ ဖိနှိပ်မှုတွေ များပြား လွန်းနေပြီး၊ လူ့အခွင့်အရေး ယိုယွင်းမှုတွေဖြစ်လာခဲ့ကာ နိုင်ငံဟာလည်း အာဏာရှင်စနစ်ကို ဆင်းသက်သွားပြီလို့ ကုလသမဂ္ဂ အရေးကျွမ်းကျင်သူတွေက ပြောပါတယ်။ ဒါ့အပြင် အာဖဂန်နစ္စတန် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ရစ်ချတ်ဘန်နတ် Richard Bennett က…
ဝါရှင်တန် – စက်တင်ဘာ(၁၄) ရုရှားကို ယူကရိန်းစစ်တပ်ရဲ့ တန်ပြန်ထိုးစစ်ဆင်နေမှုဟာ ကြာချိန်စောနေသေးပေမယ့် သိသာ ထင်ရှားတဲ့ တိုးတက်မှုတွေရှိလာခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီ ဘလင်ကန် ကစက်တင်ဘာလ(၁၂) ရက်နေ့က ပြောပါတယ်။ မက္ကဆီကိုနိုင်ငံမှာ ကျင်းပနေတဲ့ စီးပွားရေးဆွေးနွေးပွဲမှာ ဘလင်ကန်က ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး အခုလိုမှတ်ချက်ပြုခဲ့တာပါ။ ရုရှားတပ်တွေဟာ ယူကရိန်းအရှေ့မြောက်ပိုင်းက သူတို့ရဲ့အဓိက ခံတပ်ကို လက်လွှတ်ခဲ့ရပြီး နောက် စစ်ပွဲဖြစ်ပွားနေချိန်အတွင်း အဆိုးရွားဆုံး…
ရန်ကုန် – စက်တင်ဘာ (၁၄) ရန်ကုန်မြို့ သာကေတမြို့နယ် ကမာကြည်တံတားပေါ်ကနေ ဒီနေ့မနက် (၁၀) နာရီလောက်က အမျိုးသားတစ်ဦး ခုန်ချခဲ့လို့ သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့က သတင်းထုတ်ပြန်ထား ပါတယ်။ လက်ရှိအချိန်ထိ ခုန်ချခဲ့တဲ့သူကို ပြန်လည်ရှာဖွေတွေ့ရှိတာ မရှိသေးဘူးလို့ ဆိုထားပြီး တာဝန်ရှိသူတွေက ဆက်လက်ရှာဖွေနေတယ်လို့ လူမှုကူညီရေးအသင်းက ဖော်ပြထားပါတယ်။ “ကျွန်တော်တို့အခုချိန်ထိမရေသးပါဘူး။ ရှာဖွေကယ်ဆယ်ရေးတွေဆက်ပြီးတော့ လုပ်ဆောင်နေ ပါတယ်” လို့ သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့က…
ရန်ကုန်၊ စက်တင်ဘာ ၁၄ ရန်ကုန်မြို့အတွင်းမှာပြုလုပ်ခဲ့တဲ့ သံအမတ် ဦးကျော်မိုးထွန်းအား ပြည်သူ့သံအမတ်အဖြစ် ကုလသမဂ္ဂ(UN)မှာ ဆက်လက်ထားရှိဖို့ တောင်းဆိုမှုပြုလုပ်တဲ့ သပိတ်စစ်ကြောင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ရာမှာ CUTM အလုပ်သမား သမဂ္ဂအဖွဲ့ဝင် ၅ဦးပါဝင်ခဲ့တယ်လို့ CTUM Myanmar ကသတင်းထုတ်ပြန်ထားပါတယ်။ စက်တင်ဘာလ (၁၃) ရက်နေ့ ညနေ (၄)နာရီက ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်နီလမ်း (ယခင်ပန်းပင်ကြီးလမ်း)မှာ လူထုတေးသံသီချင်းသံပြိုင်သီဆိုကာ…
ထားဝယ်၊ စက်တင်ဘာ (၁၄) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှာ အခုရက်ပိုင်းအတွင်း ထားဝယ်နည်းပညာတက္ကသိုလ်ကျောင်းသား ၂ ဦး ထပ်မံ ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ ရက်နေ့က ထားဝယ်မြို့၊ ခုံဝင်းဒပ်ရပ်ကွက်ရှိ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ ဖမ်းဆီးခံနိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်တဲ့ နည်းပညာတက္ကသိုလ်ကျောင်းသား ကိုမျိုးမင်းဦးကို စစ်ကောင်စီတပ်က အင်အားအများ အပြား…
မော်လမြိုင်၊ စက်တင်ဘာ (၁၄) AAPP ၏ စက်တင်ဘာလ (၁၃) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးတွင် စစ်အာဏာသိမ်းမှုကာလ ရက် (၅၉၀)အတွင်း ပြည်သူ (၂၂၇၃)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။ ဖမ်းဆီးခံရသူပေါင်း ၁၅၅၀၆ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်သည်။ ပြန်လည်လွတ်မြောက်လာသူ စုစုပေါင်း(၃၁၁၂) ဦး ရှိသည်။ အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်သတ်ဖြတ်မှုများတွင် ရန်ကုန်မြို့မှ…
ရန်ကုန်၊ စက်တင်ဘာ (၁၄) အာဏာသိမ်း စစ်ကောင်စီဟာ အာဏာတည်မြဲရေးအတွက် တိုင်းပြည်ရဲ့ အထွေထွေအကျပ်အတည်းတွေကြားထဲကနေ သူတို့ ထိန်းချုပ်ထားနိုင်တဲ့ နယ်မြေတွေမှာ မဖြစ်မနေ ရွေးကောက်ပွဲကို လုပ်လာနိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောဆိုလိုက်ပါတယ်။ စက်တင်ဘာ ပထမအပတ်တုန်းက ရုရှားနိုင်ငံကို သွားရောက်ခဲ့တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲ ဖြစ်၊ မဖြစ်ဆိုတာ ငြိမ်းချမ်းရေးနဲ့ စီးပွားရေးအားကောင်းလာဖို့ အပါအဝင် နိုင်ငံရေးတည်ငြိမ်အေးချမ်းမှုအပေါ်…
ညောင်လေးပင်၊ စက်တင်ဘာ (၁၄) ကရင်အမျိုးသားအစည်းအရုံး(KNU)အုပ်ချုပ်နယ်မြေ မုန်းမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာက ဒေသခံရွာသားတွေကို စစ်ကောင်စီတပ်က မောင်းထုတ်နေပြီး မထွက်ခွာပါက နေအိမ်တွေကို မီးရှို့ဖျက်ဆီးမယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ကေအဲန်ယူက ထုတ်ပြန်ထားပါတယ်။ KNU ညောင်လေးပင်ခရိုင် မုန်းမြို့နယ်စီမံအုပ်ချုပ်နယ်မြေအတွင်းရှိ တမာခေါနဲ့ တောင်စုကျေးရွာက ရပ်မိရပ်ဖတွေကို စစ်ကောင်စီတပ်က စက်တင်ဘာ(၁၁)ရက်နေ့က ခေါ်ယူတွေ့ဆုံခဲ့ပြီး ကျေးရွာပြည်သူတွေအနေနဲ့ ရွာကနေထွက်ခွာဖို့ မထွက်ခွာခဲ့ပါက ဒေသခံတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးမယ်လို့…