ပြုံယမ်း – စက်တင်ဘာ(၁၀) 

မြောက်ကိုရီးယားပြည်သူတွေကို လာမယ့် နိုဝင်ဘာလကစပြီး ကိုဗစ်ကာကွယ်ဆေးစတင်ထိုး ပေးတော့မှာ ဖြစ်တယ်လို့ နိုင်ငံပိုင်မီဒီယာက စက်တင်ဘာလ(၉) ရက်နေ့က ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ(၈) ရက်နေ့က ကျင်းပခဲ့တဲ့ မြောက်ကိုရီးယားအမျိုးသားညီလာခံမှာ ခေါင်းဆောင်ကင်က ကိုဗစ်ကူးစက်မှု ပြန်လည်ဖြစ်ပွားလာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတိပေးထားတာနဲ့ပတ်သက်ပြီးအခုလိုပြောဆိုခဲ့တာပါ။ 

“ဒါကြောင့် တာဝန်သိစွာ ဆောင်ရွက်ပေးတဲ့အနေနဲ့ နိုဝင်ဘာမှာ ကာကွယ်ဆေးထိုးတာနဲ့အတူ နိုင်ငံသားအားလုံးရဲ့ ကျန်းမာရေးအတွက် နှာခေါင်းစည်းတွေ တပ်ဖို့ အကြံပြုပါတယ်” လို့  မြောက်ကိုရီယားခေါင်းဆောင်ကင်ဂျုံအန်က ပြောခဲ့ပါတယ်။ 

မြောက်ကိုရီးယာဟာ ဒီနှစ်အတွင်းမှာ ဘယ်ကိုဗစ်ကာကွယ်ဆေးအမျိုးအစားကို ထိုးနှံ ပေးမယ်ဆိုတာ အတည်ပြုထားတာ မရှိသေးပေမယ့်  အကောက်ခွန်မှတ်တမ်းတွေမှာတော့ တရုတ်နိုင်ငံက ကာကွယ်ဆေးတချို့ကို တင်သွင်းထားတယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့လက ကိုဗစ်ကို အောင်နိုင်ခဲ့ပြီလို့ကြေငြာကာ ရောဂါတိုက်ဖျက်ရေးစီမံချက်တွေကို ရုတ်သိမ်းခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ကိုဗစ်တိုက်ဖျက်ရေးအစီအစဉ်တွေကို ဆက်လက် ထိန်းသိမ်းထားဖို့ လိုတယ်လို့ ခေါင်းဆောင်ကင်က ပြောခဲ့ပါတယ်။ 

မြောက်ကိုရီးယားနိုင်ငံမှာ ကိုဗစ် စမ်းသပ်စစ်ဆေးဖို့ နည်းလမ်း တိတိကျကျမရှိသေးတဲ့ အတွက် ရောဂါကူးစက်ခံထားရသူဘယ်လောက်ရှိတယ်ဆိုတာ လက်ရှိအချိန်ထိအတည်ပြုနိုင်တာမရှိ သေးပါဘူး။ 

လူဦးရေ(၂၅) သန်းရှိတဲ့ မြောက်ကိုရီးယားနိုင်ငံမှာ အဖျားဝေဒနာခံစားနေရသူ (၄.၇၇) သန်းအထိ မြင့်တက်နေတယ်လို့သာ နေ့စဉ်နီးပါးအစီရင်ခံနေတာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင်လ(၂၉) ရက်နေ့က ရောဂါဖြစ်ပွားမှုအသစ်တွေကို မှတ်တမ်းတင်ထားတာမရှိပဲ သေဆုံးသူ (၇၄)ဦးသာရှိတယ်လို့ ဆိုထားတာပါ။ 

မြောက်ကိုရီးယားမှာ ကိုဗစ်စမ်းသပ်နိုင်စွမ်းမရှိဘူးလို့ ယူဆမှုတွေရှိနေသလို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) အပါအဝင် မြောက်ကိုရီးယားက ထုတ်ပြန်နေတဲ့ ကိန်းဂဏန်းတွေအပေါ်မှာ ကျွမ်း ကျင်သူတွေက သံသယရှိနေကြတာဖြစ်ပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.