ဘန်ကောက် – စက်တင်ဘာ(၁၀) 

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာရွှေ့ပြောင်းဒုက္ခသည်(၅၁) ဦးဟာ အင်ဒိုနီးရှားမှာ အလုပ်လုပ်ဖို့အတွက် ထွက်ပြေးခဲ့ကြပေမယ့် ထိုင်းနိုင်ငံတောင်ပိုင်း ဆာတွန်း မှာသောင်တင်နေတဲ့အတွက် ကယ်တင်ထားရတယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ 

လန်ဂူးခရိုင်ခိုဘူလွန် ကမ်းလွန်ရေပြင်မှာ မျောပါလာတဲ့ ရိုဟင်ဂျာဒုက္ခသည်(၁၀) ဦးကို ကယ် တင်ခဲ့ပြီးနောက်ထပ် (၄၁) ဦးဟာလဲ ခိုဂလူအေမှာ သောင်တင်နေခဲ့လို့ ရှာဖွေကယ်ဆယ်ခဲ့ ရတာပါ။ 

ရေလမ်းကြောင်းရဲတပ်ဖွဲ့ဌာနခွဲရဲ့ သတင်းရင်းမြစ်တစ်ခုက အင်ဒိုနီးရှားကို အလုပ်သွားလုပ်ဖို့ အတွက်ရွှေ့ပြောင်းဒုက္ခသည်တစ်ဦးအတွက်အေးဂျင့်တွေကိုဘင်္ဂလားဒေရှ့်တာကာ ငွေ (၃၅၀၀၀၀)ဘတ်ငွေ ၁၃၄၀၀၀ ပေးဆောင်ခဲ့ရတယ်လို့ ပြောပါတယ်။ 

အရင်ကယ်တင်ခဲ့ရတဲ့ ရိုဟင်ဂျာ(၁၀) ဦးဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံက ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) စခန်းက ထွက်ပြေးခဲ့သူတွေဖြစ်ပြီး ကျန်တဲ့သူတွေကတော့ ရခိုင်ပြည်နယ်က လှေနဲ့ လိုက်ပါသွားကြသူတွေဖြစ်တယ်လို့ စုံစမ်းစစ်ဆေးမှုတွေအရသိရပါ တယ်။ 

ခရီးစဉ်အတွင်းမှာ မုန်တိုင်းတိုက်ခတ်လာတာကြောင့် လှေကိုခရီးဆက်ဖို့ နဲ့ ပိုမိုပေါ့ပါးပြီး ဘေး ကင်းစေဖို့အတွက်ဆိုပြီး လူ(၁၀) ဦးကို သင်္ဘောပေါ်ကနေ တွန်းချခဲ့တာတွေလုပ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ 

ပြီးခဲ့တဲ့ စက်တင်ဘာလ(၅) ရက်နေ့က ကန်တန်ခရိုင်ကမ်းလွန်ရေပြင်မှာ မျောပါလာတဲ့ မြန်မာ နိုင်ငံသား(၈)ဦးကို ရေကြောင်းဆိုင်ရာ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိပြီး ငါးဖမ်းသင်္ဘောတစ်စီးကို ဖမ်းဆီးချိန်မှာ သူတို့တွေဟာ ခရီးသွားစာရွက်စာတမ်းအထောက်အထားမရှိတဲ့အတွက် လူကုန်ကူးမှုမှာပါဝင်ပတ်သက်တယ်ဆိုတ့ သံသယနဲ့ စစ်ဆေးမေးမြန်းဖို့ ချုပ်နှောင်ထားတယ် လို့သိရပါတယ်။ 

စစ်ဆေးမေးမြန်းမှုမှာ အသက်(၆၂) နှစ်အရွယ်လှေဦးစီးဆိုသူဟာ ရခိုက်ပြည်နယ် က ရိုဟင်ဂျာ (၄၈) ဦးကို ခေါ်ဆောင်ကာအင်ဒိုနီးရှားနိုင်ငံကိုသွားမယ့် တခြားလှေတစ်စင်းကို လွှဲပြောင်းပေးခဲ့ ပြီး ရိုဟင်ဂျာလူမျိုးတွေကို ဘယ်ကျွန်းမှာမှ ထားခဲ့တာမရှိဘူးလို့ ထွက်ဆိုထားပါတယ်။ 

ဒါ့အပြင် မြန်မာနိုင်ငံကို ပြန်တဲ့ခရီးမှာ စက်သုံးဆီးနဲ့ စားနပ်ရိက္ခာကုန်သွားတဲ့အတွက် ထိုင်းနိုင်ငံ ထရန်းမှာ အကူအညီတောင်းခဲ့ရသလို သူဟာ လှေပိုင်ရှင်မဟုတ်ပဲ အောင်လွန်းဆိုတဲ့ အမျိုးသား တစ်ဦးက အလုပ်အတွက်မြန်မာငွေကျပ်(၁၅) သိန်း ဘတ်ငွေ(၃၀၀၀၀) ဝန်းကျင်ပေးဆောင်ခဲ့ တယ်လို့ ပြောပါသေးတယ်။ 

လှေပေါ်မှာ သားဖြစ်သူနဲ့အတူလိုက်လာတဲ့ ရိုဟင်ဂျာအမျိုးသမီးတစ်ဦးက ရခိုင်ပြည်နယ်ကနေ အင်ဒိုနီးရှားသွားဖို့ (၁) လလောက်ကြာမယ်လို့ ရဲတပ်ဖွဲ့ကိုထွက်ဆိုထားခဲ့ပါတယ်။ 

သူတို့တွေကို အစပိုင်းမှာ အစားအသောက်နှစ်ကြိမ်ကျွေးခဲ့ပေမယ့် နောက်ပိုင်းမှာ တစ်ကြိမ်သာ ကျွေးခဲ့သလို (၁၈) ရက်ကြာပြီးနောက်မှာတော့ မြန်မာကပ္ပတိန်နဲ့ သူ့ရဲ့လူ(၇)ဦးဟာ အင်ဒိုနီးရှား ပိုင်နက်ဆိုပြီး ခုန်ချဖို့ ဖိအားပေးတာတွေလုပ်ဆောင်ခဲ့တယ်လို့ သူမက ပြောခဲ့ပါတယ်။ 

ရဲတပ်ဖွဲ့က တရားမဝင်ဝင်ရောက်မှုနဲ့ ခွင့်ပြုချက်မရှိပဲ နိုင်ငံအတွင်းနေထိုင်ခဲ့ကြတဲ့အတွက် ကနဦးစွဲချက်တင်ထားတယ်လို့ သိရပါတယ်။ 

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.