နယူးဒေလီ ၊ စက်တင်ဘာ ၉

အိန္ဒိယနှင့် တရုတ်တပ်တွေဟာ ဟိမဝန္တာအနောက်ဘက်မှာရှိတဲ့  ဂိုဂရာ-ရေပူစမ်းနယ်နိမိတ်ကနေ ဆုတ်ခွာသွားခဲ့ပြီး နှစ်နိုင်ငံသံတမန်ဆက်ဆံရေး တင်းမာလာပြီးနောက် နှစ်နှစ်ကြာ တိုက်ပွဲများဖြစ်ပွားခဲ့တယ်လို့ အိန္ဒိယအစိုးရက စက်တင်ဘာ (၈)ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ 

တရုတ်သမ္မတ ရှီကျင်းဖျင်နဲ့ အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီတို့ တက်ရောက်မယ့် ဥဇဘက်ကစ္စတန်နိုင်ငံမှာ လာမည့်သီတင်း ပတ်မှာပြုလုပ်မယ့် အစည်းဝေးမတိုင်မီ အဲဒီထုတ်ပြန်ချက် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ဆုတ်ခွာရေးအစီအစဉ်ကို ညှိနှိုင်းပြီး လုပ်ဆောင်နေကာ နယ်စပ်ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန် ရည်ရွယ်ထားတယ်လို့ အိန္ဒိယက ပြောပါတယ်။ 

နှစ်နိုင်ငံလုံးမှာ (LAC)လို့ သိကြတဲ့  စစ်မှန်တဲ့ ထိန်းချုပ်မှုမျဉ်းမှာ ထောင်နှင့်ချီတဲ့ စစ်သားတွေ တန်းစီနေသေးသော်လည်း 

” မျက်နှာချင်းဆိုင် ထိတွေ့မှုတွေ ပြီးဆုံးသွားပါပြီ” ဟု အိန္ဒိယ ကာကွယ်ရေး သတင်းရင်းမြစ်တစ်ခုက ထုတ်ပြန်ပြော ကြားခဲ့ပါတယ်။ .

“တပ်တွေ ဆုတ်သွားရုံပါဘဲ၊ ဖြုတ်ချတာ မဟုတ်ဘူး၊ ဒါဟာ အေးဆေးတည်ငြိမ်တဲ့ LAC ဆီသို့ ပထမဆုံးခြေလှမ်းဖြစ်ပါတယ်”လို့ သတင်းရင်းမြစ်က ပြောကြားခဲ့ပါတယ်။

အိန္ဒိယနှင့် တရုတ်တို့ဟာ နယ်နိမိတ်မျဉ်းမရှိတဲ့  ကီလိုမီတာ ၃၈၀၀ ရှိတဲ့ နေရာကို မျှဝေနေထိုင်ကြပြီး ၎င်းတို့ရဲ့ တပ်ဖွဲ့တွေဟာ နယ်နိမိတ်အတွင်း လက်နက်များ အသုံးပြုခြင်းမှ ရှောင်ကြဉ်ဖို့ ကာလကြာရှည် လိုက်နာကျင့်သုံးရမယ့် စည်းမျဉ်းတွေကို လိုက်နာခဲ့ကြပါတယ်။ 

လာဒခ် ရဲ့ ဂယ်ဝမ် ဧရိယာမှာ အိန္ဒိယနဲ့ တရုတ်တပ်တွေဟာ ၂၀၂၀ ခုနှစ် ဇွန်လကစတင်ပြီး  နှစ်နိုင်ငံလုံးမှ အကြီးတန်းစစ်ဦးစီး ချုပ်များ တွေ့ဆုံမှု (၁၆) ကြိမ်ရှိပြီလည်း ဖြစ်ပါတယ်။ နှစ်ဖက်တိုက်ပွဲမှာ အိန္ဒိယနှင့် တရုတ်စစ်သား လေးဦးထက်မနည်း သေဆုံးပြီး အာရှအင်အားကြီးနိုင်ငံများကြား တင်းမာမှုများ သိသိသာသာ တိုးမြင့်လာစေခဲ့ပါတယ်။ 

အဲဒီနောက်မှာတော့ အိန္ဒိယနဲ့ တရုတ်တို့ဟာ တပ်တွေ ဖြန့်ကျက်လိုက်ဖို့အတွက် လာဒခ် ရှိ အပြိုင်နယ်မြေများတစ်လျှောက် တပ်ဖွဲ့ဝင် (၅၀၀၀၀) ခန့်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ စစ်သားတွေထဲက  အချို့ဟာ အသက်အန္တရာယ် ဖြစ်နိုင်တဲ့ အောက်ဆီ ဂျင်ရှား ပါးမှုနှင့်  အမြင့်ပေ (၄၅၇၂) မီတာထက်မြင့်တဲ့ အေးခဲနေတဲ့ နေရာမှာ တပ်စွဲထားရပါတယ်။ 

တရုတ်တပ်တွေဟာ အဆောက်အဦးဒါဇင်များစွာကို ဖြိုဖျက်ပြီး လာဒက်ရှိ ပန်ခေါင်းဆိုအိုင်ကမ်းစပ်မှ စခန်းများအားလုံးကို ဖယ်ထုတ်ဖို့အတွက် မော်တော်ယာဉ်တွေကိုတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကတည်းက ရွှေ့ပြောင်းခဲ့ပါတယ်။ ၎င်းတို့ထဲမှ အချို့ကတော့ အနီးကပ်တပ်စွဲထားတဲ့ စစ်သားတွေကို ပြန်လည်ဆုတ်ခွာရန် နှစ်နိုင်ငံ အချင်းချင်း သဘောတူညီခဲ့ကြပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.