မော်လမြိုင် – စက်တင်ဘာ(၁၀)

ကော်ဘရာစစ်ကြောင်းလုံခြုံရေးတာဝန်ယူထားတဲ့ ဘလက်တိုကျေးရွာအနီးက နေရာတစ်ခုကို စက်တင်ဘာလ(၉) ရက် ညသန်ခေါင်အချိန်မှာ စစ်ကောင်စီမှော်ဘီလေတပ်စခန်းက နှစ်ကြိမ် တိုင်တိုင်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းကသတင်းထုတ်ပြန်ထားပါတယ်။

အဲ့ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ကော်ဘရာစစ်သည်တော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ် လို့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ မြန်မာနိုင်ငံက ဒေသတော်တော်များများကို လေကြောင်း တိုက်ခိုက်မှုတွေ အဆက်မပြတ်လုပ်ဆောင်နေသလို ပြည်သူပိုင်နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီး တာတွေလုပ်ဆောင်နေတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Cobra Column

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.