September 10, 2022

စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကော်ဘရာစစ်သည်တစ်ဦး ထိခိုက်ဒဏ်ရာရ

မော်လမြိုင် – စက်တင်ဘာ(၁၀) ကော်ဘရာစစ်ကြောင်းလုံခြုံရေးတာဝန်ယူထားတဲ့ ဘလက်တိုကျေးရွာအနီးက နေရာတစ်ခုကို စက်တင်ဘာလ(၉) ရက် ညသန်ခေါင်အချိန်မှာ စစ်ကောင်စီမှော်ဘီလေတပ်စခန်းက နှစ်ကြိမ် တိုင်တိုင်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းကသတင်းထုတ်ပြန်ထားပါတယ်။ အဲ့ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ကော်ဘရာစစ်သည်တော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ် လို့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အာဏာသိမ်းစစ်ကောင်စီတပ်ဟာ မြန်မာနိုင်ငံက ဒေသတော်တော်များများကို လေကြောင်း တိုက်ခိုက်မှုတွေ အဆက်မပြတ်လုပ်ဆောင်နေသလို ပြည်သူပိုင်နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီး တာတွေလုပ်ဆောင်နေတာဖြစ်ပါတယ်။ သတင်း – သံလွင်တိုင်းမ်…

သံဖြူဇရပ်မှာ ရဲကင်းဂိတ် ပစ်ခတ်ခံရတာကြောင့် ရဲတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး ရေးခရိုင်တရားရုံး ထပ်မံ တိုက်ခိုက်ခံရ

မော်လမြိုင်၊ စက်တင်ဘာ (၁၀) မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ၊ ဝဲကလိကျေးရွာအနီး ရေး-သံဖြူဇရပ်ကားလမ်းရှိ စစ်ကောင်စီ ရဲကင်းဂိတ်ဟာ စက်တင်ဘာ ၉ ရက်နေ့ မနက် ၂ နာရီအချိန်မှာ တိုက်ခိုက်ခံရတာကြောင့် ရဲတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီရဲကင်းဂိတ်ကို အမည်မသိ လက်နက်ကိုင်အဖွဲ့ တစ်ခုက ဝင်ရောက် ပစ်ခတ်ခဲ့တာ…

စစ်အာဏာသိမ်း ရက် (၅၈၆) အတွင်း သတ်ဖြတ်ခံရသူ ၂၂၇၂ ဦး အထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ (၁၀) AAPP ၏ စက်တင်ဘာလ (၉) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးတွင် စစ်အာဏာသိမ်းမှုကာလ ရက် (၅၈၆)အတွင်း ပြည်သူ (၂၂၇၂)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။ ဖမ်းဆီးခံရသူပေါင်း ၁၅၄၄၆ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်သည်။ ပြန်လည်လွတ်မြောက်လာသူ စုစုပေါင်း(၃၀၈၄) ဦး ရှိသည်။ အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်သတ်ဖြတ်မှုများတွင် ရန်ကုန်မြို့မှ…

နှစ်နိုင်ငံနယ်စပ်က တရုတ် အိန္ဒိယ စစ်သားတွေကို ဖြန်ဖြေပေးခဲ့ရတယ်လို့ အိန္ဒိယပြော

နယူးဒေလီ ၊ စက်တင်ဘာ ၉ အိန္ဒိယနှင့် တရုတ်တပ်တွေဟာ ဟိမဝန္တာအနောက်ဘက်မှာရှိတဲ့ ဂိုဂရာ-ရေပူစမ်းနယ်နိမိတ်ကနေ ဆုတ်ခွာသွားခဲ့ပြီး နှစ်နိုင်ငံသံတမန်ဆက်ဆံရေး တင်းမာလာပြီးနောက် နှစ်နှစ်ကြာ တိုက်ပွဲများဖြစ်ပွားခဲ့တယ်လို့ အိန္ဒိယအစိုးရက စက်တင်ဘာ (၈)ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ တရုတ်သမ္မတ ရှီကျင်းဖျင်နဲ့ အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီတို့ တက်ရောက်မယ့် ဥဇဘက်ကစ္စတန်နိုင်ငံမှာ လာမည့်သီတင်း ပတ်မှာပြုလုပ်မယ့် အစည်းဝေးမတိုင်မီ အဲဒီထုတ်ပြန်ချက် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ဆုတ်ခွာရေးအစီအစဉ်ကို…

အာဏာရှင်ကင်က မြောက်ကိုရီးယားပြည်သူတွေကို ကိုဗစ်ကာကွယ်ဆေးထိုးပေးမယ်လို့ ပြောဆို

ပြုံယမ်း – စက်တင်ဘာ(၁၀) မြောက်ကိုရီးယားပြည်သူတွေကို လာမယ့် နိုဝင်ဘာလကစပြီး ကိုဗစ်ကာကွယ်ဆေးစတင်ထိုး ပေးတော့မှာ ဖြစ်တယ်လို့ နိုင်ငံပိုင်မီဒီယာက စက်တင်ဘာလ(၉) ရက်နေ့က ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ(၈) ရက်နေ့က ကျင်းပခဲ့တဲ့ မြောက်ကိုရီးယားအမျိုးသားညီလာခံမှာ ခေါင်းဆောင်ကင်က ကိုဗစ်ကူးစက်မှု ပြန်လည်ဖြစ်ပွားလာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတိပေးထားတာနဲ့ပတ်သက်ပြီးအခုလိုပြောဆိုခဲ့တာပါ။ “ဒါကြောင့် တာဝန်သိစွာ ဆောင်ရွက်ပေးတဲ့အနေနဲ့ နိုဝင်ဘာမှာ ကာကွယ်ဆေးထိုးတာနဲ့အတူ…

မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေပင်လယ်ထဲ မျှောနေလို့ကယ်ထင်တားရ

ဘန်ကောက် – စက်တင်ဘာ(၁၀) မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာရွှေ့ပြောင်းဒုက္ခသည်(၅၁) ဦးဟာ အင်ဒိုနီးရှားမှာ အလုပ်လုပ်ဖို့အတွက် ထွက်ပြေးခဲ့ကြပေမယ့် ထိုင်းနိုင်ငံတောင်ပိုင်း ဆာတွန်း မှာသောင်တင်နေတဲ့အတွက် ကယ်တင်ထားရတယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ လန်ဂူးခရိုင်ခိုဘူလွန် ကမ်းလွန်ရေပြင်မှာ မျောပါလာတဲ့ ရိုဟင်ဂျာဒုက္ခသည်(၁၀) ဦးကို ကယ် တင်ခဲ့ပြီးနောက်ထပ် (၄၁) ဦးဟာလဲ ခိုဂလူအေမှာ သောင်တင်နေခဲ့လို့ ရှာဖွေကယ်ဆယ်ခဲ့ ရတာပါ။ ရေလမ်းကြောင်းရဲတပ်ဖွဲ့ဌာနခွဲရဲ့…

BGF အနေနဲ့ ပြည်သူလူထုအပေါ် ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်တွေကို အမြန်ဆုံး ရပ်တန့်ဖို့ KNU သတိပေး

ဘားအံ၊ စက်တင်ဘာ (၁၀) စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ် BGF အနေနဲ့ ပြည်သူလူထုအပေါ် ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်တွေကို အမြန်ဆုံး ရပ်တန့်ဖို့ လိုအပ်ပြီး အခုလို လုပ်ရပ်တွေဟာ လက်ခံနိုင်စရာ မရှိဘူးလို့ ကရင်အမျိုးသားအစည်းအရုံး(KNU) ပြောခွင့်ရ ပဒိုစောတောနီးက သတိပေးပြောဆိုလိုက်ပါတယ်။ ကရင်အမျိုးသားအစည်းအရုံး အုပ်ချုပ်နယ်မြေအတွင်းမှာ နယ်ခြားစောင့်တပ် (BGF) ဟာ စစ်ကောင်စီတပ်နဲ့အတူ စစ်ရေးဝင်ရောက်လှုပ်ရှားပြီး ဒေသခံပြည်သူလူထုတွေအပေါ်…

ရေဖြူမြို့နယ်မှာ NLD အမာခံ အသက် ၆၀ အရွယ် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

ထားဝယ်၊ စက်တင်ဘာ (၁၀) တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ လဲ့ရှောင်ကျေးရွာမှာ စက်တင်ဘာ ၈ ရက်နေ့ ည ၇ နာရီလောက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အမာခံ အသက် ၆၀ အရွယ် ဦးကြည်စိုး သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ NLD ပါတီ အမာခံ ဦးကြည်စိုးဟာ နေအိမ်အနီးရှိ…

သင်္ဘောသားတွေရဲ့ နိုင်ငံခြားလစာငွေကို အမြင့်ဆုံးနှုန်းထားနဲ့ ဝယ်ယူပေးဖို့ ဗဟိုဘဏ် ညွှန်ကြား

ရန်ကုန်၊ စက်တင်ဘာ (၁၀) သင်္ဘောသားတွေရဲ့ နိုင်ငံခြားလစာငွေကို တတ်နိုင်သရွှေ့ အမြင့်ဆုံးနှုန်းထားနဲ့ ဝယ်ယူပေးဖို့ ဗဟိုဘဏ်က ညွှန်ကြားထားကြောင်း ဧရာဝတီဘဏ်ရဲ့ ပြောဆိုချက်အပေါ် မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်(MSF) က ကိုးကားပြီး စက်တင်ဘာ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ သင်္ဘောသားတွေအနေနဲ့ ဧရာဝတီဘဏ်ရဲ့ ငွေစုဘဏ်စာရင်းကနေ ရရှိတဲ့ နိုင်ငံခြားလစာငွေကို အခြားဝယ်ယူသူထံ တိုက်ရိုက်ရောင်းချခွင့်ရှိပေမယ့် နိုင်ငံခြားငွေ လက်ခံရရှိတဲ့နေ့ကစပြီး…