ရန်ကုန် – စက်တင်ဘာ(၆)

ရန်ကုန်မြို့ပြစစ်ဆင်ရေးလုပ်ဆောင်နေတဲ့ တော်လှန်ရေးအင်အားစုတွေကို စစ်ကောင်စီတပ်တွေက ပိုမိုတင်းကြပ်စွာ ဖမ်းဆီးစစ်ဆေးလာတဲ့အတွက် အချိန်မှီရှောင်တိန်းနိုင်ဖို့အတွက် ပြည်သူတွေပိုမို ကူညီပေးကြဖို့ မြို့ပြတော်လှန်ရေးအင်အားစုတွေက တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လဒုတိယပတ်က စတင်ပြီး ရန်ကုန်မြို့က မြို့နယ်အများစုမှာ စစ်ကောင်စီတပ်တွေ ကဧည့်စာရင်းအကြောင်းပြပြီးအင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးတာတွေလုပ်ဆောင်နေသ လိုနေ့လည်ပိုင်းတွေမှာလည်း ပိတ်ဆို့ရှာဖွေတာတွေဆက်တိုက်လုပ်ဆောင်နေတာကြောင့် ဖမ်းဆီးခံ ထားရသူ (၂၀) နီးပါးထိရှိနေတာပါ။

“ ‌တော်လှန်ရေးအင်အားစုတွေ ဖမ်းဆီခံရတာများလာတယ်။ စကစက တစ်ရစ်ချင်းရစ်လာတယ်။ UGတွေ အနေနဲ့ကတော့ အလုပ်လုပ်ရတာတော်တော် ခက်လာတယ်။ စကစတွေက နောက်ပိုင်း အရပ်ဝတ်‌ေတွေနဲ့ ပြည်သူအသွင်ဖမ်းပြီး လူငယ်တွေကိုစောင့်ကြည့်လာတယ်။ သတင်းအတိအကျပေးတဲ့ ဒလန်တွေကလည်း ရှိနေသေးတယ် ပြည်သူတွေကလည်းကြောက်လာပြိး မဆိုင်သလိုနေတာကြတဲ့ အပိုင်းတွေရှိလာ တယ်။ ပြည်သူတွေဝိုင်းကူညီဖို့ မေတ္တာရပ်ခံချင်ပါတယ်’’လို့ ရန်ကုန်မြို့ မှာ လှုပ်ရှားနေတဲ့ တော်လှန်ရေးအင်အားစုမှ ခေါင်းဆောင်တစ်ဦးကပြောပါတယ်။

ဒါ့အပြင်ဖမ်းဆီးခံလိုက်ရတဲ့ သူတွေရဲ့ လက်ကိုင်ဖုန်းတွေကိုသိမ်းဆည်းပြီး သူတို့ရဲ့ လူမှုကွန်ယက် အကောင့်တွေကို ဆက်လက်အသုံးပြုကာ တခြားတော်လှန်ရေးသမားတွေကို ထောင်ခြောက်ဆင် ဖမ်းဆီးစစ်ဆေးတာတွေလုပ်ဆောင်နေတယ်လို့ သူက ပြောပါသေးတယ်။

ရန်ကုန်လူထုသပိတ်ရဲဘော်တချို့ ဖမ်းဆီးခံရပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားတွေဟာ သူတို့ကို ဆန့်ကျင်နေတဲ့ သပိတ်ရဲဘော်တွေရဲ့ နေရပ်လိပ်စာတွေမှာ ပိတ်ဆို့ဖမ်းဆီးတာတွေလုပ်ဆောင်နေသ လို သူတို့ရဲ့ဝါဒဖြန့် စာမျက်နှာတွေကနေလည်း ရုပ်ပုံတွေကို ဖော်ပြထားတာတွေရှိနေပါတယ်။

အဲ့ဒီလိုလုပ်ဆောင်နေတာကြောင့် သပိတ်အင်အားစုတွေဟာ အခက်အခဲတွေကြားထဲမှာ ရပ်တည်နေ ကြရသလို မြို့နယ်တိုင်းမှာလဲ CCTV တွေတပ်ဆင်ထားတဲ့အတွက် ရန်ကုန်မြို့မှာ စစ်တပ်ဆန့်ကျင် တဲ့သပိတ်သံတွေ ငြိမ်သွားမှာကို စိုးရိမ်နေကြပါတယ်။

မြန်မာနိုင်ငံကိုစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သပိတ်အင်အားစုတွေက လုံးဝအုပ်ချုပ်ခွင့်မရ စေရဆိုတဲ့ ခေါင်းစဉ်နဲ့ သပိတ်ပွဲတွေပုံမှန်ထွက်နေတာဖြစ်ပြီး အဲ့ဒီလိုသပိတ်တွေကို စစ်တပ်က ကားနဲ့တိုက်ဖမ်းတာ၊သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးတာတွေစတဲ့ အကြမ်းဖက်မှုမျိုးစုံလုပ်ဆောင်နေ ပါတယ်။

“ UGတွေ လမ်းတစ်လမ်းထဲဝင်ပြီးနေထိုင်မယ်ဆိုရင်ဒလန်အရင်ကြည့်ရတယ် ပတ်ဝန်းကျင်အခြေအနေ အရပ်ရရပ်ပေါ့ ။ အခုအချိန်မှာက အစစ်အဆေးက အရမ်းကြပ်တည်းလာတယ်။ ကျွန်တော်တို့အတွက်က safe house ဆိုတာ အရမ်းရှားနေပြီ။ အိမ်ငှားတာ အရင်ကအဆင်ပြေနေပေမယ့် အခုနောက်ပိုင်း ဒလန်ဘာညာက အရမ်းများလာတော့ ကျွန်တော်တို့အတွက်အခက်အခဲရှိတယ်။ လမ်းဘေးမှာ နေရတဲ့ရက်ရှိတယ်။ ၂ရက်၃ရက်မအိပ်ဘဲ စောင့်ကြည့်နေရတဲ့ရက်တွေ လည်းရှိတယ်ဗျ။’’လို့ ရန်ကုန် မြို့ပြတော်လှန်ရေး အင်အားစုတစ်ခုမှ ထောက်ပို့တာဝန်ခံက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ဒါ့အပြင် ပြည်သူတွေကို အကြောက်တရားဝင်အောင် ဖမ်းဆီးရမိတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ သပိတ်ရဲဘော်တွေကို ဖမ်းဆီးရမိတဲ့နေရာမှာပဲ လူ့အခွင့်အရေးချိုးဖောက်ပြီး ရိုက်နှက်နှိပ်စက်တာ သေနတ်နဲ့ ပစ်သတ်တာတွေလုပ်ဆောင်နေတာဖြစ်ပါတယ်။

ပြည်သူတွေရဲ့ ထောက်ပံ့မှုနဲ့ ရပ်တည်နေရတဲ့ တော်လှန်ရေးအင်အားစုတွေကို ထောက်ပံ့တာတွေ မလုပ်ဆောင်နိုင်အောင် စစ်ကောင်စီက ပြည်သူတွေကြပ်တည်းအောင်အမျိုးမျိုးလုပ်ဆောင်နေ သလို မိုဘိုင်းငွေလွှဲအကောင့်တွေကို မှတ်ပုံတင်နဲ့ မှငွေလွှဲခွင့်ပြုတော့သလို ငွေထုတ်ချိန်မှာလဲ CCTV ကင်မရာတွေကနေတဆင့် မှတ်တမ်းယူထားဖို့ ညွှန်ကြားတာတွေလုပ်ထားတဲ့အတွက် မြို့ပြ တော်လှန်ရေးအင်အားစုတွေရဲ့ အခြေအနေဟာ မိုပိုခက်ခဲလာတာဖြစ်ပါတယ်။

အခုလိုတော်ရေးရေးလူငယ်တွေ ဆက်တိုက်ဖမ်းဆီးခံနေရပေမယ့် မြေပြင်လှုပ်ရှားမှုတွေ အားလျာ့ သွားမှာမဟုတ်သလို စစ်ကောင်စီဆန့်ကျင်ရေးနည်းလမ်းတွေကိုဆက်ပြီးလုပ်ဆောင်သွားမှာ ဖြစ်တယ်လို့တော်လှန်ရေးအင်အားစုတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်သတ်ဖြတ်ခံရပြီး ကျဆုံးခဲ့သူ (၂၂၆၅) ဦးအထိရှိလာပြီဖြစ်သလို ဖမ်းဆီးထိန်းသိမ်းခံထားရသူ (၁၅၃၅၃) ဦးရှိနေပြီတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီသောစောင့်ရှောက်ရေးအသင်းက ဖော်ပြထားပါတယ်။

သတင်း-သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.