August 2022

မွန်ပြည်နယ်မှာ ကြက်သွန်နီဈေးနှုန်း ၂ ဆ ကျော် မြင့်တက်လာ

မော်လမြိုင် ၊ သြဂုတ် (၂) မွန်ပြည်နယ်မှာ အနယ်နယ်အရပ်က ဝင်ရောက်လာတဲ့ ကြက်သွန်နီတွေဟာ တစ်ပိဿာကို ကျပ် ၂၀၀၀ ကျော်ထိ ဈေးနှုန်း ၂ ဆ ကျော် မြင့်တက်လာတယ်လို့ ပွဲရုံလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ပြီးခဲ့တဲ့ ဇွန်လက တစ်ပိဿာ ကျပ် ၉၀၀ လောက်သာ ရှိခဲ့တဲ့ ကြက်သွန်နီဈေးနှုန်းဟာ ဇူလိုင် နောက်ဆုံးအပတ်ကစပြီး တစ်ပိဿာကို…

ကျိုက်မရောမြို့နယ်မှာ PDF စခန်းတစ်ခု သိမ်းပိုက်ခံရ

ကျိုက်မရော ၊ သြဂုတ် (၂) မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်မှာ မော်လမြိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ စွန်ရဲမြို့ပြပြောက်ကျား ပူးပေါင်းတပ်ဖွဲ့တို့ရဲ့ အခြေစိုက်စခန်း တစ်ခု သိမ်းပိုက်ခံလိုက်ရတယ်လို့ မော်လမြိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(PDOM)က ထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက်နေ့မှာ အဲဒီအခြေစိုက်စခန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက်စီးနင်းခဲ့တာ ဖြစ်ပြီး PDF ရဲဘော် ၂ ဦး နဲ့ အရပ်သား ကလေးငယ် တစ်ဦးကို ဖမ်းဆီးသွားတယ်လို့…

ကံပေါက်ဒေသမှာ ထိုင်း PTTEP ကုမ္ပဏီရဲ့ သဘာဝဓါတ်ငွေ့ပိုက်လိုင်း ဖောက်ခွဲခံရ

ကံပေါက် ၊ သြဂုတ် (၂) တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသရှိ ဖွားရှင်မတောင်အနီးမှာ သြဂုတ် ၁ ရက်နေ့ မနက်ပိုင်းက ထိုင်း PTTEP ကုမ္ပဏီရဲ့ သဘာဝဓါတ်ငွေ့ပိုက်လိုင်း ဖောက်ခွဲခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်မ်းကို ပြောပါတယ်။ထိုင်း PTTEP ကုမ္ပဏီရဲ့ ဇောတိက သဘာဝဓါတ်ငွေ့ပိုက်လိုင်းကို အမည်မသိ အဖွဲ့တစ်ခုက လာရောက် မိုင်းထောင် ဖောက်ခွဲခဲ့တာ ဖြစ်ပါတယ်။ဓါတ်ငွေ့ပိုက်လိုင်း…

အမှန်/အမှား

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန် အမှား အစီအစဉ်ကနေကြိုဆိုပါတယ်။စစ်တပ်အာဏာသိမ်းပြီးနောက် လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနှင့် ပတ်သက်ပြီး လူမှုကွန်ယက် ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းအမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စီစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ ” ရန်ကုန် YBS အနုကြမ်းစီးခံရ” ဆိုတဲ့ သတင်းကို စီစစ်ပေးသွားမှာ ဖြစ်ပါတယ်။YBS 42 ကားပေါ်…

လူထု အဓိဌာန်ပြုပွဲ ပြုလုပ်ချိန် ဒလန်သတင်းပေးမှုကြောင့် ရန်ကုန်သပိတ်လူငယ်တွေနဲ့ ပြည်သူတချို့ ရိုက်နှက်ဖမ်းဆီးခံရ

ရန်ကုန် ၊ ဩဂုတ်(၂) ရန်ကုန်မြို့မှာ ဇူလိုင်လ(၃၁) ရက်နေ့က ပြုလုပ်ခဲ့တဲ့ လူထုအဓိဌာန်းပြုပွဲ မှာ ဒလန်သတင်းပေးခဲ့ တဲ့အတွက် ရန်ကုန်သပိတ်လူငယ်တွေနဲ့ ပြည်သူ (၁၀) ဦးကျော်ကို စစ်ကောင်စီက ရိုက်နှက်ဖမ်း ဆီးသွားခဲ့ပါတယ်။ စစ်ကောင်စီဟာ လမ်းတွေပိတ်ဆို့ပြီး ဖမ်းဆီးခဲ့တဲ့အတွက် သပိတ်ပွဲမှာ ပါဝင်ခဲ့တဲ့ လူငယ်တချို့ ဖမ်းဆီးခံလိုက်ရတာပါ။ လှိုင်မြို့နယ်(၇) ရပ်ကွက် မယ်ဇီကုန်းလမ်းက နန်းမေတ္တာလက်ဖက်ရည်ဆိုင်ပိုင်ရှင်နဲ့ ဝန်ထမ်း…

ရေဖြူမြို့နယ်ထဲက ကျေးရွာတချို့ကို စစ်ကောင်စီတပ်တွေ ဝင်ရောက်လာတာကြောင့် ဒေသခံ ၁၀၀၀ နီးပါး ထွက်ပြေးနေရ

ရေဖြူ ၊ ဩဂုတ်(၂) တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ထဲက ကျေးရွာတချို့ကို စစ်ကောင်စီတပ်တွေ ဝင်ရောက်လာတာကြောင့် ဒေသခံ ၁၀၀၀ နီးပါး ထွက်ပြေးနေရသလို ဖမ်းဆီးခံရသူတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ပြီးခဲ့တဲ့ ဇူလိုင်လ (၃၀) ရက်နေ့ကစပြီး ရေဖြူမြို့နယ်ထဲက ကျေးရွာတွေ ဖြစ်တဲ့ ဧကနိ၊ ခမောက်ချောင်း၊ ဇွမ်းတော့၊ ဝက်ချောင်းနဲ့ ရငဲကျေးရွာတွေထဲကို စစ်ကောင်စီတပ်ဖွဲ့တွေ အင်အားအလုံးအရင်းနဲ့…

စစ်ကောင်စီပြုတ်ကျရေး ပြည်ကြီးတံခွန် သပိတ်အင်အားစုချီတက်သပိတ်မှောက်

မန္တလေး- ဩဂုတ်(၁) ဒီနေ့ဩဂုတ်လ (၁) ရက်နေ့ ညပိုင်းက ပြည်ကြီးတံခွန်သပိတ်အင်အားစုက တရားမဝင်အာဏာသိမ်း စစ်ကောင်စီပြုတ်ကျရေး ချီတက် သပိတ်မှောက်ခဲ့ကြပါတယ်။ဓာတ်ပုံ -CJ

တရားတဲ့သူသာနိုင်ကြေးဟေ့

ယင်းမာပင် – ဩဂုတ်(၁) ဒီနေ့ဩဂုတ်လ(၁) ရက်နေ့ညနေပိုင်းက ချင်းတွင်းမြစ်အနောက်ဘက်ကမ်းသပိတ်ကော်မတီက ဦးဆောင်ပြီး တရားတဲ့သူသာနိုင်ကြေးဟေ့ဆိုတဲ့ခေါင်းစဉ်နဲ့စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဓာတ်ပုံ – အောင်ခန့်ဇော်

စစ်ကောင်စီက လူထုသစ္စာအဓိဌာန်ပြုပွဲမှာ ပါလို့ဆိုပြီး ပျံကျစျေးသည်တွေကို ဈေးရောင်းခွင့် ပိတ်ပင်

မကွေး – ဩဂုတ်(၁) မကွေးတိုင်း မကွေးမြို့မစျေးအနောက်ဘက်က ပျံကျစျေးသည်တွေကို စစ်ကောင်စီက လူထုသစ္စာအဓိဌာန်းပြုပွဲမှာ ပါဝင်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စျေးလာမရောင်းချဖို့ ပိတ်ပင်လိုက်တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ စျေးသည်တွေ သံပုံးတီးဆန္ဒထုတ်ဖော်တာနဲ့ ပတ်သက်ပြီး ဒီနေ့ ဩဂုတ်လ(၁) ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့တွေလာရောက်ပိတ်ပင်ခဲ့ကြတာပါ။ “အဓိကကတော့မကွေးကလည်း ဘယ်တော့မှ စစ်အာဏာရှင်စနစ်အောက်မှာ ခေါင်းငုံ့သွားမှာ မဟုတ် ဘူး။ရသမျှနည်းနဲ့ ဆက်တော်လှန်နေမှာလို့…