August 2022

ထီးလင်း – ဩဂုတ်(၅) တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်တွေဆောင်ရွက်ဖို့ ဖွဲ့စည်းထားတဲ့ ရုံးအဖွဲ့ကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့တယ်လို့ YDF- Htilin က ဒီနေ့ ဩဂုတ်လ(၅) ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ YDF-Htilin ရုံးအဖွဲ့ကို ၂၀၂၂ ခုနှစ်ဖေဖော်ဝါရီလ(၁၄) ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး မတ်လဆန်းပိုင်းမှာ ရုံးအထိုင်ချခဲ့တာပါ။ အဲ့ဒီရုံးအဖွဲ့ဟာ တပ်တွင်းကိစ္စရပ်တွေ၊ ထီးလင်းမြို့နယ်အတွင်းက ပြည်သူတွေရဲ့ကျန်းမာရေး၊ ပညာရေး၊ကယ်ဆယ်ရေး၊ပြန်လည်နေရာချထားရေးနဲ့ တရား ဥပဒေစိုးမိုးရေးဆိုင်ရာ…

ဒုဗိုလ်မှူးကြီး ခိုင်ပေါ်လင်းနဲ့ ကျောင်းသားတစ်ဦး လွတ်မြောက်ရေး ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ALP ပြော

စစ်တွေ ၊ ဩဂုတ်(၅) ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးသွားတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ရဲ့ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဒုတိယဗိုလ်မှူးကြီး ခိုင်ပေါ်လင်းနဲ့ ကျောင်းသားတစ်ဦး လွတ်မြောက်ရေးအတွက် ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ALP တွဲဘက် အတွင်းရေးမှူး ခိုင်အောင်စိုးသန်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။ပြီးခဲ့တဲ့ ဩဂုတ် ၂ ရက်နေ့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့ နေအိမ်မှာ ရှိနေတဲ့ ဒုတိယဗိုလ်မှူးကြီး…

အာဆီယံနှင့် ဂျပန်တို့ ရေကြောင်းလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် စီစဉ်

ဘန်ကောက် ၊ သြဂုတ် (၅) ဂျပန်နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)တို့မှ နိုင်ငံခြားရေးဝန်ကြီးများဟာ ဒေသတွင်း ရေပိုင်နက်အတွင်း တရုတ်နိုင်ငံရဲ့ အင်အားပြသမှုကို တန်ပြန်သည့်အနေဖြင့် အင်ဒို-ပစိဖိတ်ဒေသတွင်း ရေကြောင်းလုံခြုံရေးကို မြှင့်တင်ရာမှာ ပူးပေါင်းဆောင်ရွက်ဖို့ ကြာသပတေးနေ့မှာ ကတိပြုခဲ့ကြပါတယ်။ ဖနွမ်းပင်မှာ အာဆီယံအဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် နိုင်ငံခြားရေးဝန်ကြီး ယိုရှီမာဆာ ဟာရာရှီက အရှေ့နှင့် တောင်တရုတ်ပင်လယ်အတွင်း လက်ရှိအနေအထားကို အင်အားသုံးပြီး တစ်ဖက်သတ်ပြောင်းလဲရန်…

အတိုက်ခံတွေကို အားပေးတယ်ဆိုပြီး ဂျပန်သတင်းထောက်တစ်ဦးကို စစ်ကောင်စီဖမ်းဆီး

ရန်ကုန် – ဩဂုတ်(၅) မြန်မာနိုင်ငံမှာ ထိန်းသိမ်းခံထားရတဲ့ ဂျပန်သတင်းထောက်တစ်ဦးကို လူဝင်မှုကြီးကြပ်ရေး ဥပဒေကို ဖောက်ဖျက်ပြီး တပ်မတော်အပေါ် သဘောထားကွဲလွဲစေဖို့ အားပေးကူညီမှုနဲ့ တရားစွဲဆိုထားတယ်လို့ စစ်ေကာင်စီက ဩဂုတ်လ(၄) ရက်နေ့က ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်အာဏာသိမ်းပြီး တည်းက စစ်တပ်ဟာ သတင်းလွတ်လပ်ခွင့်ကို ဖိနှိပ်ထားပြီး သတင်းထောက်တွေနဲ့ ဓာတ်ပုံဆရာတွေကို ဖမ်းဆီးခဲ့တဲ့အပြင် တိုင်းပြည်မငြိမ်မသက်ဖြစ် နေချိန်မှာ ရုပ်သံလွှင့်ခွင့်လိုင်စင်တွေကိုပါ ရုတ်သိမ်းခဲ့တာပါ။ စစ်ကောင်စီက…

မြောက်ကိုရီးယားနိုင်ငံမှာ နျူကလီးယားကင်းစင်ရေး ပံ့ပိုးကူညီပေးမယ်လို့ နန်စီပလိုစီ ကတိပြု

ဆိုလ်း – ဩဂုတ်(၅) အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီနဲ့ သူ့ရဲ့ ဆွေးနွေးဘက် တောင်ကိုရီးယား လွှတ်တော် ဥက္ကဌ တို့ဟာ မြောက်ကိုရီးယားနိုင်ငံကို ပြင်းထန်တဲ့ ဟန့်တားမှုတွေကို ဆက်လက် ထိန်းသိမ်းထားပြီး သူတို့ရဲ့ နျူကလီးယား ကင်းစင်ရေး အောင်မြင်ဖို့ ကတိပြုခဲ့ ကြပါတယ်။ ပလိုစီဟာ တောင်ကိုရီးယားလွှတ်တော်ဥက္ကဌ ကင်ဂျင်ပျိုနဲ့ တွေ့ဆုံပြီးနောက် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပြီး မြောက်ကိုရီးယားရဲ့ တိုးမြင့်လာတဲ့…

နိုင်ငံရေးအကျဉ်းသားတွေအတွက် တရားမျှတမှုနဲ့ ထောင်တွင်းတရားမဲ့ သတ်ဖြတ်မှုတွေ ရပ်တန့်ဖို့ ဓာတ်ပုံ ကမ်ပိန်းပြုလုပ်

မော်လမြိုင် – ဩဂုတ်(၅) နိုင်ငံရေးအကျဉ်းသားတွေအတွက် တရားမျှတမှုနဲ့ ထောင်တွင်းမှာ တရားမဲ့ သတ်ဖြတ်မှုတွေ ရပ်တန့်နိုင်ဖို့အတွက် နိုင်င့တကာကို တောင်းဆိုဖို့ ဓာတ်ပုံကမ်ပိန်းတစ်ခုကို GMSR- Global Myanmar Spring Revolution နဲ့ General Strike Coordination Body- GSCB တို့ ပူးပေါင်း ပြုလုပ်နေပါတယ်။ ဒီကမ်ပိန်းမှာ ပါဝင်သူတွေအနေနဲ့ (Justic for…

နယ်မြေကာကွယ်ရေးအတွက် ကာကွယ်ရေးနဲ့ ပြည်ထဲရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ဖို့ NUG ဝန်ကြီးချုပ် တိုက်တွန်း

မော်လမြိုင် – ဩဂုတ်(၅) အမျိုးသားညီညွတ်ရေးအစိုးရဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေ ကာကွယ်ဖို့အတွက် ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက် ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက တိုက်တွန်းခဲ့ပါတယ်။ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး (၂၃/၂၀၂၂) ကို ဩဂုတ်လ(၄) ရက်မနက်(၁၀) နာရီမှာပြုလုပ်ခဲ့ပြီး အဲ့ဒီအစည်းအဝေးမှာ ဝန်ကြီးချုပ်က အခုလိုပြောဆိုခဲ့တာပါ။ “နယ်မြေကာကွယ်ရေးအတွက် ကာကွယ်ရေးဝန်ကြီးဌာန၊ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး…

ရန်ကုန်မြို့က အဆင့်မြင့်ပညာဦးစီးဌာနရုံး မီးလောင်

ရန်ကုန် – ဩဂုတ်(၅) ရန်ကုန်မြို့ ကမာရွတ်မြို့နယ်၊(၉) ရပ်ကွက် အင်းယားလမ်းနဲ့ သထုံလမ်းထောင့်က အဆင့်မြင့် ပညာဦးစီးဌာနရုံ ဒီနေ့ ဩဂုတ်လ(၅) ရက်နေ့ မနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်က သတင်းထုတ်ပြန်ထားပါတယ်။ဒီနေ့မနက်(၆) နာရီကျော်က အဆင့်မြင်ပညာဦးစီးဌာနရဲ့ အဆာင်(၁) မှာ မီးလောင်ခဲ့တာဖြစ်ပြီး ကမာရွတ်မြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ်(၂) စီး၊စမ်းချောင်းမြို့နယ် မီးသတ်စခန်းက မီးသတ်ယာဉ်(၁) စီးတို့နဲ့ သွားရောက်ငြှိမ်းသတ်ခဲ့ပြီး မနက်(၇)…