အာဏာသိမ်းစစ်ကောင်စီဘက်က တရုတ်နိုင်ငံမရပ်တည်ဖို့ မကွေးတိုင်းဒေသခံတွေ ဆန္ဒထုတ်ဖော်
မကွေး- ဩဂုတ်(၇) တရုတ်နိုင်ငံအနေနဲ့ အာဏာသိမ်းစစ်ကောင်စီဘက်က ရပ်တည်မှု မပြုလုပ်ဖို့အတွက် မကွေးတိုင်း၊ ငဖဲမြို့နယ်က ဒေသခံတွေက တရုတ်ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းအနီးမှာ ဆန္ဒထုတ်ဖော်ခဲ့ ကြပါတယ်။ ဆန္ဒပြပွဲမှာ မြန်မာပြည်သူတွေလိုလားနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးကို အလေးထားပေးဖို့ ငဖဲမြို့ခံတွေက တောင်းဆိုခဲ့တာပါ။ “ပြည်သူတွေကိုအကြမ်းဖက်ပြီးရွာတွေကိုမီးရှို့နေတဲ့ စစ်တပ်ဘက်ကနေပြီး တရုတ်က ဒီနေ့အချိန်ထိ မားမားမတ်မတ်ရပ်တည်ပေးနေတာကျွန်တော်တို့တွေ့နေရပါတယ်။ အဲ့ဒီအကျိုးဆက်အဖြစ် စစ်တပ်ရဲ့ အကြမ်းဖက်မှုကြောင့် ပြည်သူတွေအများကြီးထိခိုက်မှုတွေခံစားနေရပြီ အဲ့ဒီအတွက်…