TLT Tv||- ထိုင်းနိုင်ငံအတွင်းရှိ နိုက်ကလပ်တစ်ခု မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၅ ဦး သေဆုံး
https://youtu.be/cOgxc90T7_k
https://youtu.be/cOgxc90T7_k
https://youtu.be/M7A-_3tk9bA
https://youtu.be/i8XDeK5sKbY
https://youtu.be/TE86cUEzV30
https://youtu.be/C4bl4sMNXI8
https://youtu.be/TJf2fu44-I8
မော်လမြိုင် – ဩဂုတ်(၈) အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ မြန်မာ့နွေဦးတော်လှန်ရေးမှာ ပြည်သူတွေနဲ့အတူ စစ်အာဏာရှင်စနစ်အမြစ်ပြတ်တဲ့အထိတိုက်ထုတ်သွားမယ်လို့ ကတိပြု လိုက် ပါတယ်။ ဒီနေ့ ဩဂုတ်လ(၈) ရက်နေ့ (၈၈၈၈) အရေးတော်ပုံ (၃၄) နှစ်ပြည့်အထိမ်းအမှတ် ကတိသစ္စာ ဆိုပြီး ထုတ်ပြန်ထားတာပါ။ “ကျွန်ုပ်တို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့်လည်း မြန်မာ့ နွေဦးတော်လှန်ရေးအတွက် ပြည်သူများနှင့်အတူ စစ်အာဏာရှင်စနစ်မုချအမြစ်ပြတ်သည်အထိ လက်တွဲညီညီတိုက်ထုတ်သွားမယ်ဟု ရှစ်လေးလုံးအရေးတော်ပုံနှင့် အာဏာရှင်တော်လှန်ရေး…
ယင်းမာပင်- ဩဂုတ်(၈) ဒီနေ့ ဩဂုတ်လ(၈) ရက်နေ့ မှာ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းသပိတ်ကော်မတီက ဦးဆောင်ပြီး “မပြီးဆုံးသေးတဲ့ (၈) လေးလုံး လူထုလွတ်မြောက်ရေးတို့ အတူရုန်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ ညောင်ပင်ကြီး – ဂန့်ဂေါလမ်းမထက်မှာ ပြောက်ကြားသပိတ် ပြုလုပ်ခဲ့ ပါတယ်။ ဓာတ်ပုံ – အောင်ခန့်ဇော်
ထားဝယ်- ဩဂုတ်(၈) ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(FFFF) ရဲဘော်တွေက ရှစ်လေးလုံးလူထုအရေးတော်ပုံ (၃၄) နှစ်ပြည့် နှစ်ပတ်လည်နေ့အဖြစ် ခေတ်အဆက်ဆက်က ဒီမိုကရေစီအရေးမှာ ကျဆုံးခဲ့ကျတဲ့ သူရဲကောင်းတွေအားလုံးကို အလေးပြုဦးညွှတ်ခဲ့ကြပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ
ယင်းမာပင် – ဩဂုတ်(၇) ဒီနေ့ ဩဂုတ်လ(၇) ရက်နေ့ ညနေပိုင်းက ချင်းတွင်းမြစ်အနောက်ဘက်ကမ်းသပိတ်ကော်မတီ ကဦးဆောင်ပြီး “လူထုတိုက်ပွဲ အရှိန်မြှင့်တင်ကြ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ဓာတ်ပုံ – အောင်ခန့်ဇော်