August 2022

ရန်ကုန်တိုင်းကို တစ်နှစ်ခွဲကာလအတွင်း တိုက်ခိုက်သိမ်းပိုက်နိုင်တဲ့ထိ ကြိုးပမ်းသွားမယ်လို့ တိုင်းပြည်သူ့တပ်မဟာက ပြော

ရန်ကုန် ၊ သြဂုတ် (၉) အာဏာသိမ်း စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ ရန်ကုန်တိုင်းဒေသကြီးတစ်ခုလုံးကို တစ်နှစ်ခွဲကာလအတွင်း တိုက်ခိုက်သိမ်းပိုက်နိုင်တဲ့ထိ ကြိုးပမ်းသွားမယ်လို့ တိုင်းပြည်သူ့တပ်မဟာ ပြန်ကြားရေး တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တော်လှန်ရေးအင်အားစုအဖွဲ့၁၆ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ရန်ကုန်တိုင်းပြည်သူ့တပ်မဟာက စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရန်ကုန်တိုင်းကို လှိုင်း ၃ လှိုင်းဖြစ်တဲ့ Rose Wave(နှင်းဆီလှိုင်း) Eagle Wave(လင်းယုန်လှိုင်း)နဲ့…

မပြီးဆုံးသေးတဲ့ တော်လှန်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်မယ်လို့ ရှစ်လေးလုံးနေ့မှာ တော်လှန်ရေးအင်အားစုတွေ ကတိပြု

ရန်ကုန် ၊ သြဂုတ် (၉) မပြီးဆုံးသေးတဲ့ တော်လှန်ရေးနဲ့ လူထုလွတ်မြောက်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ရှစ်လေးလုံး အထိမ်းအမှတ်နေ့မှာ မွန်ပြည်နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုတွေက ကတိပြု ပြောကြားလိုက်ပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ စစ်အာဏာရှင်စနစ်ကို နိုင်ငံတဝန်းရှိ တိုင်းရင်းသားတွေနဲ့ လူတန်းစားအလွှာအသီးသီး ဆန့်ကျင်တိုက်ပွဲဝင်တာ ဒီနှစ် သြဂုတ် ၈ ရက်နေ့မှာ ၃၄ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။…

အမှန်/အမှား

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန် အမှား အစီအစဉ်ကနေကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနှင့် ပတ်သက်ပြီး လူမှုကွန်ယက် ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းအမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စီစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “ တမူးမြို့မှာ အကြမ်းဖက် PDF ၂ ဦး အသေဖမ်းမိ” ဆိုတဲ့ သတင်းကို…

အနာဂတ်မှာ အာဏာရှင်စနစ်လုံးဝမရှိစေရ

မန္တလေး – ဩဂုတ်(၈) ဒီနေ့ ဩဂုတ်လ(၈) ရက်နေ့ ညပိုင်းက ပြည်ကြီးတံခွန်သပိတ်အင်အားစုကဦးဆောင်ပြီး “အနာဂတ်မှာ အာဏာရှင်စနစ်လုံးဝမရှိစေရ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ

“မပြီးဆုံးသေးတဲ့ ၈လေးလုံး(၈၈၈၈)လူထုလွတ်မြောက်ရေးတို့အတူရုန်း”

ယင်းမာပင် – ဩဂုတ်(၈) ဒီနေ့ ဩဂုတ်လ(၈) ရက်နေ့ ညနေပိုင်းက ချင်းတွင်းမြစ်အနောက်ဘက်ကမ်း သပိတ်ကော်မတီ ကဦးဆောင်ပြီး “မပြီးဆုံးသေးတဲ့ ရှစ်လေးလုံး(၈၈၈၈) လူထုလွတ်မြောက်ရေးတို့ အတူရုန်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဓာတ်ပုံ – အောင်ခန့်ဇော်

ရှစ်လေးလုံးလူထုအရေးတော်ပုံ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ကိုဂျင်မီ စာကြည့်တိုက် ဖွင့်ပွဲ မွန်ပြည်ကာကွယ်ရေးတပ် ကျင်းပ

မော်လမြိုင် – ဩဂုတ်(၈) (၃၄) နှစ်မြောက်ရှစ်လေးလုံးလူထုအရေးတော်ပုံ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားနဲ့ ကိုဂျင်မီ စာကြည့်တိုက် ဖွင့်ပွဲကို မွန်ပြည်ကာကွယ်ရေးတပ်(မြောက်ပိုင်းဒေသဦးစီးကော်မတီ) MSDF -NRC စခန်းမှာ ကျင်းပခဲ့ကြပါတယ်။ ဓာတ်ပုံ – MSDF-NRC

KNU ကို လာပစ်တဲ့ လေယာဉ်(၂) စီးကို ပြန်ပစ်ခတ်ခဲ့လို့ (၁) စီး စက်ချို့ယွင်းပြီး အရေးပေါ် ဆင်းသက်ခဲ့ရ

ကျောက်ကြီး – ဩဂုတ်(၈) ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေကိုလာရောက်ပစ်ခတ်ခဲ့တဲ့ လေယာဉ်ကို KNLA တပ်ရင်း(၉) က ပြန်လည်ပစ်ခတ်ခဲ့တဲ့အတွက် စက်ချို့ယွင်းပြီး ကညင်ကျိုးကျေးရွာ စာသင်ကျောင်း ဝန်းအတွင်းကို အမြန်ဆင်းသက်ခဲ့ရတယ်လို့ KNU က သတင်းထုတ်ပြန်ထားပါတယ်။ ဒီနေ့ ဩဂုတ်လ(၈) ရက်နေ့ မနက်(၁၀) နာရီကျော်က အာဏာသိမ်းစစ်ကောင်စီက KNU စီမံအုပ်ချုပ် နယ်မြေ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ကို လာရောက်ပစ်ခတ်ခဲ့တာပါ။ စစ်ကောင်စီက…