August 2022

ဘီးလင်းမြို့မ ရဲစခန်း တိုက်ခိုက်ခံရ

ဘီးလင်း ၊ သြဂုတ် (၂၅) မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ ဆရာစံရပ်ကွက်ရှိ စစ်ကောင်စီ ဘီးလင်းမြို့မရဲစခန်းဟာ သြဂုတ် ၂၅ ရက်နေ့ မနက် ၉ နာရီလောက်မှာ ဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီမြို့မရဲစခန်းကို အမည်မသိအဖွဲ့တစ်ခုက ဒရုန်းနဲ့ လာရောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒရုန်းနဲ့ တိုက်ခိုက်ခံရတာကြောင့် ရဲစခန်းအတွင်း ပေါက်ကွဲမှု…

အမှန်/အမှား

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန် အမှား အစီအစဉ်ကနေကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနှင့် ပတ်သက်ပြီး လူမှုကွန်ယက် ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းအမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စီစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ လူမှုကွန်ရက်ပေါ် ဖြန့်ဝေနေတဲ့ ” မဲဆောက်မြို့တွင် ဦးရည်မွန်သည် ရဲဘော်သံခဲနှင့်အတူ အရက်ထွက်ဝယ်စဥ် ထိုင်းရဲ၏ ဖမ်းဆီးခြင်းခံရ ”ဆိုတဲ့ သတင်းကို…

ပုလောမှာ စစ်ကောင်စီတပ်သားတွေတစ်နေ့တည်း (၃) ကြိမ် တိုက်ခိုက်ခံရ

ပုလော – ဩဂုတ်(၂၅) တနင်္သာရီတိုင်း ပုလောမြို့နယ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဩဂုတ်လ(၂၄) ရက်တစ်ရက်တည်းမှာ တိုက်ခိုက်မှုတစ်ကြိမ်နဲ့ မိုင်းဖောက်ခွဲမှု (၂) ကြိမ်ပြုလုပ် ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပုလောမြို့နယ် ပုလောကုန်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို PDF မြိတ်ခရိုင်တပ်ရင်း(၁)နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ “တိုက်ပွဲတစ်ကြိမ်ဖြစ်တယ်၊ နှစ်နေရာမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်၊…

ဂျပန်နိုင်ငံသည် စွမ်းအင်ထောက်ပံ့မှု တည်ငြိမ်စေဖို့ နျူကလီးယားစွမ်းအင်သို့ ပြန်လည်စတင်ရန် အချက်ပြနေ

တိုကျို ၊ သြဂုတ် (၂၅) ဂျပန်နိုင်ငံသည် ဖူကူရှီးမားဘေးအန္တရာယ်အပြီး ဆယ်စုနှစ်တစ်ခုအကြာမှာ ရပ်နားထားရတဲ့ နျူကလီးယားစက်ရုံတွေကို ပြန်လည်စတင်မည်ဖြစ်ပြီး ဓာတ်ပေါင်းဖိုအသစ်များ ဖွံ့ဖြိုးတိုးတက်ရေးကို ကြည့်ရှုမည်ဖြစ်ကာ နျူကလီးယားစွမ်းအင်ဆိုင်ရာ မူဝါဒအပြောင်းအလဲအတွက် အဆင့်ကို သတ်မှတ်ခြင်းဖြစ်တယ်လို့ ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။ အစိုးရအနေဖြင့် လက်ရှိ ဓာတ်ပေါင်းဖိုတွေရဲ့ သက်တမ်းကို တိုးမြှင့်ရန် စောင့်ကြည့်မယ်လို့ ပြောကြားခဲ့တဲ့ ကီရှီဒါရဲ့…

သီရိလင်္ကာ သမ္မတဟောင်း ရာဂျာပက်ဆာ စက်တင်ဘာလအစောပိုင်းမှာ ဇာတိမြေပြန်ဖွယ်ရှိနေ

ကိုလံဘို – ဩဂုတ်(၂၅) သီရိလင်္ကာသမ္မတဟောင်း ဂိုဒါဘာရာ ရာဂျာပက်ဆာ ဟာ ပြီးခဲ့တဲ့ ဇူလိုင်လက လူထုအုံကြွမှု ကြောင့် ထွက်ပြေးလာပြီးနောက် လာမယ့် နှစ်ပတ်အတွင်း သီရိလင်္ကာကို ပြန်ဖို့ ရှိတယ်လို့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ရိုက်တာကို ပြောပါတယ်။ မွေးရပ်မြေနိုင်ငံကို ပြန်ဖို့ ကြိုးပမ်းနေတာဟာ ထိုင်းနိုင်ငံမှာ သူ့ရဲ့ နေထိုင်စရိတ်နဲ့ တစ်စိတ်တစ် ပိုင်း ဆက်စပ်နေနိုင်တယ်လို့…

ယူကရိန်း ဆန်တင်ပို့မှု ပုံမှန်အခြေအနေဖြစ်ဖို့ နီးစပ်မှုတွေရှိလာပြီလို့ အမေရိကန်ဆို

ကီးယက် – ဩဂုတ်(၂၅) စားနပ်ရိက္ခာပြတ်လပ်မှု လျော့ပါးသက်သာစေဖို့ နိုင်ငံတကာရဲ့ ကြိုးပမ်းမှုတွေအတွက် အောင်ပွဲ တစ်ခုအနေနဲ့ ယူကရိန်းနိုင်ငံဟာ ရုရှားကျုးကျော်မှုမတိုင်ခင်ကအတိုင်း ဆန်တင်ပို့မှု လုပ်နိုင်မယ့် လမ်းကြောင်းပေါ်ပြန်ရောက်နေပြီလို့ အမေရိကန်အရာရှိတစ်ဦးက ပြောပါတယ်။ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကြောင့် ယူကရိန်းဟာ ဩဂုတ်လမှာ စိုက်ပျိုးရေးထွက်ကုန် မက်ထရစ်တန်လေးသန်းအထိ တင်ပို့ဖို့ လမ်းကြောင်းပေါ်မှာ ရှိနေပြီလို့ အမေရိကန်နိုင်ငံခြား ရေးဌာန အကြီးတန်းအရာရှိတစ်ဦးက AFP ကို ပြောဆိုခဲ့တာပါ။…

စစ်အာဏာသိမ်း ရက် (၅၇၀) အတွင်း သတ်ဖြတ်ခံရသူ ၂၂၃၉ ဦး အထိရှိလာ

မော်လမြိုင်၊ ဩဂုတ် ၂၅ AAPP ၏ ဩဂုတ်လ (၂၄) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးတွင် စစ်အာဏာသိမ်းမှုကာလ ရက် (၅၇၀)အတွင်း ပြည်သူ (၂၂၃၉)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။ ဖမ်းဆီးခံရသူပေါင်း ၁၅၂၁၆ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်သည်။ ပြန်လည်လွတ်မြောက်လာသူ စုစုပေါင်း(၃၀၇၅) ဦး ရှိသည်။ အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်သတ်ဖြတ်မှုများတွင် ရန်ကုန်မြို့မှ…

မွန်ပြည်နယ်မှာ ကြက်သွန်နီဈေးနှုန်း ၃ ဆနီးပါး မြင့်တက်လာ

မော်လမြိုင် ၊ သြဂုတ် (၂၅) မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသတွေမှာ အာဏာသိမ်းမှု ကယက်ကြောင့် ကြက်သွန် စိုက်ပျိုးမှု ထက်ဝက်နီးပါး ကျဆင်းလာပြီးနောက် မွန်ပြည်နယ်မှာ ကြက်သွန်နီးဈေးနှုန်း ၃ ဆနီးပါး မြင့်တက်လာတယ်လို့ ပွဲရုံလုပ်ငန်းရှင်တွေနဲ့ ကြက်သွန်စိုက်တောင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မွန်ပြည်နယ်ဟာ မီးဖိုချောင်းသုံးဖြစ်တဲ့ ကြက်သွန်နီတွေကို အထက်အညာဒေသတွေ ဖြစ်တဲ့ မုံရွာ၊ တောင်သာ ၊ မလှိုင်၊…

လူမှားပြီး ရှင်းလင်းတဲ့ဖြစ်စဉ်တွေကို ဖော်ထုတ်အရေးယူမယ်လို့ NUG ပြော

ရန်ကုန် ၊ သြဂုတ် (၂၅) စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေနဲ့ သတင်းပေးဒလန်ဆိုသူတွေကို ရှင်းလင်းချိန်မှာ မှားယွင်းပစ်ခတ် ရှင်းလင်းမှုတွေကို ဖော်ထုတ်အရေးယူသွားမယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရNUG ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒလန်အဖြစ်ရှင်းလင်းတဲ့ ဖြစ်စဉ်တွေဟာ ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်တဲ့ပုံစံဖြစ်မဖြစ်ကို စုံစမ်း စစ်ဆေးအရေးယူတာတွေလုပ်ဆောင်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။ စစ်ရေးပစ်မှတ်တွေကို မှားယွင်းတိုက်ခိုက်မှုတွေ၊ ရှင်းလင်းမှုတွေမဖြစ်စေဖို့ NUG အနေနဲ့…