August 30, 2022

ပါကစ္စတန်က အမေရိကန် မောင်းသူမဲ့လေယာဉ်များအား ၎င်းတို့ရဲ့ဝေဟင်ပိုင်နက်ကို အသုံးပြုခွင့်ပေးထားတယ်လို့ တာလီဘန်တွေစွပ်စွဲထား

ကဘူးလ် ၊ သြဂုတ် (၃၀) အာဖဂန်နစ္စတန်က အမေရိကန် မောင်းသူမဲ့လေယာဉ်တွေကို ပါကစ္စတန်ရဲ့လေပိုင်နက်ထဲ အသုံးပြုခွင့်ပေးထားကြောင်း တာလီဘန် ယာယီကာကွယ်ရေးဝန်ကြီးက တနင်္ဂနွေနေ့မှာ စွပ်စွဲပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ဇူလိုင်လက ကဘူးလ်မှာ အယ်လ်ကိုင်ဒါခေါင်းဆောင် အိုင်မန်အယ်ဇဝါဟီရီ သေဆုံးခဲ့ရတဲ့ အမေရိကန်ရဲ့ ဒရုန်းတိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်မှု ဒါမှမဟုတ် အဆင့်မြင့်အချက်အလက်တွေမှာ ပါဝင်ပတ်သက်မှုကို ပါကစ္စတန်အာဏာပိုင်တွေက ငြင်းဆိုထားပါတယ်။ အမေရိကန် မောင်းသူမဲ့ လေယာဉ်တွေဟာ ပါကစ္စတန်မှတစ်ဆင့်…

ကမ္ဘာ့ဆန်စျေးမြှင့်တင်ဖို့ ထိုင်နဲ့ ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မယ်

ဘန်ကောက် – ဩဂုတ်(၃၀) ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတို့ဟာ ကျေးလက်ဒေသ ဝင်ငွေတိုးတက်စေဖို့အတွက် လပေါင်းများစွာ ဆွေးနွေးမှုအပြီးကမ္ဘာ့စျေးကွက်မှာဆန်စျေးနှုန်းမြှင့်တင်မှုနဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက် သွားဖို့ သဘောတူခဲ့ကြတယ်လို့ ထိုင်းစိုက်ပျိုးရေးအရာရှိတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ မေလက ထိုင်နဲ့ ဗီယက်နမ်တို့ဟာ ဆွေးနွေးပွဲကို စတင်ခဲ့တာကာ သူတို့ရဲ့ ဆန်တင်ပို့မှု စျေးနှုန်းမြှင့်တင်ဖို့၊ကမ္ဘာ့စျေးကွက်မှာ သူတို့ရဲ့ လွှမ်းမိုးမှုကို မြှင့်တင်ပြီး လယ်သမားတွေရဲ့ ဝင်ငွေ မြှင့်တင်ပေးနိုင်ဖို့…

ဆူမားတြားကမ်းလွန်မှာ ပြင်းအား (၆.၁) ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့

ဂျာကာတာ – ဩဂုတ်(၃၀) အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းကမ်းလွန်မှာ ပြင်းအား (၆.၁) ရှိတဲ့ ငလျင်တစ်ခု ဩဂုတ်လ (၂၉) ရက်နေ့မှာ လှုပ်ခတ်ခဲ့ပြီး တစ်ရက်တည်းမှာတတိယမြောက်လှုပ်ခတ်မှုဖြစ်တယ်လို့ နိုင်ငံရဲ့ ဘူမိရူပဗေဒအေဂျင်စီက ပြောဆိုထားပါတယ်။ ဆူမားတြားအနောက်ဘက်ကမ်းရိုးတန်းက မန်တာဝေ ကျွန်တွေမှာ မနက် (၁၀) နာရီခွဲမှာ လှုပ်ခတ်သွားတာဖြစ်ပြီး ဆူနာမီသတိပေးချက် မထုတ်ပြန်ထားဘူးလို့မိုးလေဝသနဲ့ ဘူမိရူပဗေဒအေဂျင်စီ (BMKG) ကဆိုထားတာပါ။ အေဂျင်စီက…

ရိုဟင်ဂျာဒုက္ခသည်တွေ ပြည်တော်ပြန်နိုင်ဖို့ NUG ကြိုးစားနေတယ်လို့ဆို

မော်လမြိုင် – ဩဂုတ်(၃၀) ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအနေနဲ့ သူတို့ရဲ့ သဘောဆန္ဒနဲ့ ပြည်တော်ပြန်နိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရက ကောင်းမွန်သင့်တော်တဲ့ အခြေအနေတွေ ဖန်တီးနိုင်ဖို့ ကြိုးစားနေတယ်လို့ NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ဘင်္ဂလားဒေရှ် နိုင်င့မှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ ပြည်သူတွေရဲ့ ဩဂုတ်လ (၂၉) ရက်နေ့ ညပိုင်း တွေ့ဆုံချိန်မှာ အခုလိုပြောဆိုခဲ့တာပါ။ “အိမ်နီးနားချင်းနိုင်ငံတွေမှာ…

သထုံမြို့နယ် မြေနီကုန်းကျေးရွာအုပ်ချုပ်ရေးမှူးရုံး ဗုံးခွဲခံရလို့ မီးလောင်ပျက်စီး

သထုံ၊ သြဂုတ် ၃၀ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးဟာ သြဂုတ် ၂၉ ရက်နေ့ ည ၇ နာရီလောက်က ဗုံးခွဲခံရတာကြောင့် မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီအုပ်ချုပ်ရေးမှူးရုံးကို အမည်မသိအဖွဲ့တစ်ခုက ဗုံးထောင်ဖောက်ခွဲခဲ့တာဖြစ်ပါတယ်။ဗုံးပေါက်ကွဲပြီး‌နောက် အုပ်ချုပ်ရေးမှူးရုံး မီးလောင်ပျက်စီးပြိုကျခဲ့ပြီး လူထိခိုက်တာတွေမရှိဘူးလို့ ဆိုပါတယ်။ “အဲဒီရုံးက လူမရှိလိုဘူး။ ညက ပေါက်ကွဲသံကြားပြီး မီးလောင်သွားတာ။ ရုံးကလည်း နဂိုကတည်းက…

မွန်ပြည်နယ် ဆေးရုံအချို့မှာ ကျန်းမာရေးနဲ့ မသက်ဆိုင်တဲ့ စစ်ဆေး၊ မေးမြန်းတာတွေ လုပ်နေတယ်လို့ လူနာရှင်တွေပြော

မော်လမြိုင် ၊ သြဂုတ် (၃၀) မွန်ပြည်နယ်ထဲက စစ်ကောင်စီလက်အောက်ခံ ဆေးရုံတွေမှာ သွားရောက်ဆေးကုသမှု ခံယူကြတဲ့ လူနာနဲ့လူနာရှင်တွေကို စစ်ကောင်စီဝန်ထမ်းတွေက ကျန်းမာရေးနဲ့ မသက်ဆိုင်တဲ့ စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်လာတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်တပ်အာဏာမသိမ်းခင် ကာလတုန်းကတော့ ဆေးကုသဖို့လာရောက်သူတွေကို စစ်ဆေးမေးတာတွေ မရှိခဲ့ပါဘူး။ အာဏာသိမ်းပြီးနောက်မှာတော့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ပြည်သူ့ဆေးရုံတွေမှာ အရေးပေါ်ဆေးကုသဖို့လာတဲ့ လူနာနဲ့ လူနာရှင်တွေကို ကျန်းမာရေးဝန်ထမ်းတွေက…

အာဏာသိမ်းမှုကြောင့် မွန်ပြည်နယ်မှာ မွေးမြူရေးလုပ်ငန်း ၇၀ ရာခိုင်နှုန်းနီးပါး အပြီးပိုင် ရပ်နားလိုက်ရပြီ

မော်လမြိုင် ၊ သြဂုတ် (၃၀) မွန်ပြည်နယ်မှာ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ခွဲကာလအတွင်း ထုတ်လုပ်မှုကုန်ကျစရိတ် အဆမတန် မြင့်တက်လာတာကြောင့် မွေးမြူရေးလုပ်ငန်း ၇၀ ရာခိုင်နှုန်းနီးပါး အပြီးပိုင် ရပ်နားလိုက်ရပြီလို့ မွေးမြူရေး လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မွေးမြူရေးလုပ်ငန်းတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ မွေးမြူရေးသုံး သွင်းအားစုတွေ ဖြစ်တဲ့ အစာနဲ့ ဆေးဝါးတွေ ဈေးနှုန်း…

စစ်အာဏာသိမ်း ရက် (၅၇၅) အတွင်း သတ်ဖြတ်ခံရသူ ၂၂၅၅ ဦး အထိရှိလာ

မော်လမြိုင်၊ ဩဂုတ် ၃၀ AAPP ၏ ဩဂုတ်လ (၂၉) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးတွင် စစ်အာဏာသိမ်းမှုကာလ ရက် (၅၇၅)အတွင်း ပြည်သူ (၂၂၅၅)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။ ဖမ်းဆီးခံရသူပေါင်း ၁၅၂၆၈ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်သည်။ ပြန်လည်လွတ်မြောက်လာသူ စုစုပေါင်း(၃၀၇၅) ဦး ရှိသည်။ အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်သတ်ဖြတ်မှုများတွင် ရန်ကုန်မြို့မှ…

ပြင်ပဒေါ်လာငွေ ဈေးကွက်ကို စစ်ကောင်စီ ထိန်းချုပ်ဖို့ မလွယ်ဘူးလို့ သုံးသပ်သူတွေ ပြော

မော်လမြိုင် ၊ သြဂုတ် (၃၀) နိုင်ငံခြားငွေ တရားမဝင် ရောင်းဝယ်နေတဲ့ လုပ်ငန်းတွေကို အရေးယူသွားမယ်လို့ စစ်ကောင်စီက ထုတ်ပြန်လာပေမယ့် ပြင်ပဒေါ်လာငွေ ဈေးကွက်ကို ထိန်းချုပ်ဖို့ မလွယ်ဘူးလို့ စီးပွားရေး လေ့လာသုံးသပ်သူတွေက ပြောဆိုလိုက်ပါတယ်။ အွန်လိုင်းကနေ နိုင်ငံခြားငွေ တရားမဝင်ရောင်းဝယ်နေတဲ့ လုပ်ငန်းတွေကို နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေနဲ့ စည်းမျဉ်းတွေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က…