မော်စကို – ဩဂုတ်(၂၈) 

ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ ထိပ်တန်းမဟာမိတ်တစ်ဦးက ယူကရိန်းက နေတိုးရဲ့ မျှော်လင့် ချက်ကို စွန့်လွှတ်ရင်တောင် ရုရှားက ယူကရိန်းကို စစ်ရေးလှုပ်ရှားမှုတွေ ရပ်တန့်မှာ မဟုတ်ဘူး လို့ ဩဂုတ်လ(၂၆) ရက်နေ့မှာ ပြောပါတယ်။ 

ယူကရိန်းသမ္မတဇယ်လန်းစကီးနဲ့ တွေ့ဆုံဆွေးနွေးဖို့ ပြင်ဆင်ထားတယ်လို့ ရုရှားလုံခြုံရေးကောင် စီရဲ့ လက်ထောက်ဥက္ကဌဖြစ်သူ ဒီမီထရီမက်ဗီဒက်က ပြင်သစ်ရုပ်မြင်သံကြား အင်တာဗျူး တစ် ခုမှပြောဆိုထားပါတယ်။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ယူကရိန်းကို ကျူးကျော်စစ်မစခင်တည်းက ရုရှားဟာ ယူကရိန်း ကို နေတိုးအဖွဲ့ဝင်အဖြစ် လက်ခံဖို့မရှိဘူးဆိုပြီး ပြောဆိုထားတာပါ။ 

“မြောက်အတ္တလန္တိတ်မဟာမိတ်အဖွဲ့တွင် ၎င်း၏ပါဝင်မှုကို စွန့်လွှတ်ခြင်းဟာ ယခုအခါ အရေးကြီးသော်လည်း ငြိမ်းချမ်းရေးကို ထူထောင်နိုင်ရန် မလုံလောက်သေးကြောင်း”  လို့ 

LCI ရုပ်မြင်သံကြားကို မက်ဗီဒက်က ပြောဆိုထားပါတယ်။ 

ရုရှားက သူ့ရဲ့ ရည်မှန်းချက်တွေ အောင်မြင်တဲ့အထိ လှုပ်ရှားမှုကို ဆက်လက် လုပ်ဆောင်သွား မှာဖြစ်တယ်လို့ ပြောဆိုခဲ့ပြီး ကိယက်ဗ်နဲ့ အနောက်နိုင်ငံတွေက အောင်ပွဲအတွက် အခြေအမြစ်မ မရှိတဲ့ အကြောင်းပြချက်လို့ ဆိုထားပါတယ်။ 

ယူကရိန်းနဲ့ ရုရှားတို့ဟာ ကျူးကျော်စစ်စတင်ပြီးနောက်ပိုင်း အကြိမ်များစွာ ဆွေးနွေးခဲ့ကြပေ မယ့် တိုးတက်မှုမရှိလာပဲ ပြန်လည်စတင်ဖို့ အလားအလာ အနည်းငယ်သာ ရှိနေပါတယ်။ 

“ဒီဆွေးနွေးပွဲက ဘယ်လို အဖြစ်အပျက်တွေ ပေါ်ပေါက်လာမလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်၊ ဇယ်လန်းစကီးနဲ့ တွေ့ဆုံဖို့ အဆင်သင့်ဖြစ်နေပါပြီ” လို့ မက်ဗီဒက်က ပြောပါတယ်။ 

ဒါ့အပြင် ဟိုင်းမားစ်ဒုံးပစ်လောင်ချာတွေလို ယူကရိန်းကို ထောက်ပံ့ပေးထားတဲ့ အမေရိကန် လက်နက်တွေဟာ ကြီးကြီးမားမား ခြိမ်းခြောက်မှုမရှိသလို အမေရိကန် လက်နက်တွေဟာ ရှည်လျားတဲ့ အကွာအဝေးက ပစ်မှတ်တွေကို ထိမိနိုင်ရင်တော့ ပြောင်းလဲသွားနိုင်တယ်လို့ သူက ပြောပါသေးတယ်။ 

“ဒီဒုံးကျည်အမျိုးအစားက ကီလိုမီတာ (၇၀) အကွာအဝေးကို ပျံသန်းတဲ့အခါမှာ ဆိုလိုတာကတော့ တစ်ချက်ပါပဲ၊ ဒါပေမယ့် ကီလိုမီတာ ၃၀၀ ကနေ ၄၀၀ ကီလိုမီတာ ရှိတဲ့အခါ အဲဒါက အခု ရုရှားဖက်ဒရေးရှင်းရဲ့ နယ်မြေကို တိုက်ရိုက် ခြိမ်းခြောက်မှု ဖြစ်လာလိမ့်မယ်” လို့ သူက ပြောခဲ့ပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.